ရေက လူ့ခန္ဓာကိုယ်အတွက် အရမ်းကို အရေးကြီးပါတယ်။ ဒါပေမယ့် လူတွေတော်တော်များများက အလုပ်ရှုပ်နေတာနဲ့ပဲ ရေသောက်နည်းကြပါတယ်။ ရေသောက်နည်းရင် အသားအရေခမ်းခြောက်၊ အိုးမင်းရင့်ရော်တဲ့ ပြဿနာတွေကနေအစ ကျောက်ကပ်ရောဂါ စတဲ့ ကျန်းမာရေး ပြဿနာတွေအထိ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ရေများများသောက်အောင် ကူညီပေးနိုင်တဲ့ နည်းလမ်းလေးတွေ ဝေမျှချင်ပါတယ်။

ကိုယ့်ဖုန်းနဲ့ ရေသောက်ရမယ့်အချိန်ကို Timer  ပေးပါ

maxresdefault

အလုပ်ရှုပ်နေရင် ရေမသောက်ဖြစ်ကြတာကြောင့် ဘယ်လောက်ကြာရင် ရေတစ်ခွက်သောက်မလဲဆိုတာကို ကိုယ့်စမတ်ဖုန်းမှာ Timer ပေးပြီး ရေသောက်ပါ။ တခြားသူတွေလည်း အနှောက့်အယှက်မဖြစ်အောင် ငြိမ့်ညောင်းတဲ့ ရေစီးဆင်းသံလေးတွေကို Timer Ringtone အဖြစ်ထားလိုက်ပါ။

ရေဗူးမှာ မှတ်သားထားပါ

waterbottlemarkedwithtime

အလုပ်လုပ်နေတဲ့အချိန်မှာ ရေဗူးကို မျက်လုံးတည့်တည့်မှာထားထားပါ။ ရေဗူးမှာ Marker Pen နဲ့ ဘယ်နှစ်နာရီရောက်ရင် ရေဗူးထဲက ရေက ဘယ်အထိလျော့နေရမလဲဆိုတာ တခါတည်း ရေဗူးမှာ ရေးဆွဲထားပါ။

ဒါဆိုရင်လည်း ရေပိုသောက်ဖြစ်ပါလိမ့်မယ်။

ရေကို အေးအောင်လုပ်ထားပါ

Product-cold-water-bottle-mi19315

ပူနေတဲ့ရေထက်စာရင် အေးနေတဲ့ရေကို ပိုသောက်ချင်ကြပါတယ်။ ဒါပေမယ့် အေးခဲနေအောင်တော့ မလုပ်သင့်ပါဘူး။

ပိုက်နဲ့သောက်ပါ

index-of-refraction

ဒီအတိုင်းရေကို မော့သောက်တာထက် ပိုက်နဲ့တပ်ထားရင် သောက်ကုန်တာပိုမြန်ပါတယ်။ ဒါကြောင့် အလုပ်လုပ်နေချိန်၊ စာသင်နေချိန် ပိုက်တပ်ထားတဲ့ ရေဗူးကို ဘေးနားမှာထားပါ။

အစားမစားခင် ရေသောက်ပါ

reasons-to-drink-more-water-benefits-1

အစားမစားခင် ရေသောက်ရင် ရေပိုသောက်ဖြစ်ရုံသာမက ကိုယ်အလေးချိန်ကိုလည်း လျော့ကျစပေါတယ်။