ဂျင်းဟာ မြန်မာတွေရဲ့ မီးဖိုချောင်ထဲမှာ မရှိမဖြစ် သုံးကြတဲ့ ပစ္စည်းတစ်မျိုးပါ။ မြန်မာအစားအစာတွေ ချက်ပြုတ်ရမှာ ဂျင်းက ဟင်းအမယ်တိုင်းလို ပါဝင်ပါတယ်။ အသားတွေ ချက်ပြုတ်ရာမှာ အနံ့အသက်တွေကို သက်သာစေဖို့ အတွက်နဲ့ ဆီသတ်တဲ့ အခါ မွှေးကြိုင်စေဖို့အတွက် သုံးကြပါတယ်။

ဂျင်းဟာ ဆေးဖက်ဝင်တဲ့ ဟင်းခတ်ပစ္စည်း အဖြစ်လည်း မြန်မာတွေ သိကြပါတယ်။ အခုဆို ဂျင်းလက်ဖက်ရည်၊ ဂျင်းဘီစကစ်၊ ဂျင်းဘီယာ အစရှိသဖြင့် ဂျင်းပါဝင်တဲ့ သရေစာတွေကိုလည်း စားသောက်ကြပါတယ်။ နေ့တိုင်း စားနေပေမယ့် ကျန်းမာရေးအတွက် အသုံးဝင်ပုံကို သတိမပြုမိကြပါဘူး။

၁။ ဆေးဘက်ဝင် ဂျင်း

ဂျင်းရဲ့ ဆေးဘက်ဝင်တဲ့ အကြောင်းကိုတော့ အားလုံး သိကြမှာပါ။ ဘယ်နေရာတွေမှာ အသုံးပြုလဲဆိုတာ မျှဝေပါရစေ။ Antioxidant ပါဝင်တဲ့ အတွက် အအေးမိတဲ့ အခါ ဆေးအဖြစ် အသုံးပြုကြပါတယ်။ အအေးမိနှာစေးတဲ့ အခါ ဂျင်းပြုတ်ရည် အနည်းငယ်ကို သောက်ပေးရပါတယ်။ ရာသီဥတု အပြောင်းအလဲမှာ ဂျင်းပြုတ်ရည်ကို ထန်းလျက် အနည်းငယ်ထည့်ပြီးသောက်ပေးခြင်းဖြင့် အအေးမိဖျားနာခြင်းကို ကာကွယ်နိုင်ပါတယ်။

၂။ အစာကြေ ရင်ချောင်စေတဲ့ သဘောရှိတဲ့ ဂျင်းကို ခေါင်းမူးတဲ့ အခါ၊ Morning Sickness ဖြစ်တဲ့အခါ၊ ကားမူးတဲ့ အခါ၊ လှိုင်းမူးတဲ့ အခါ မျိုးတွေမှာ အသုံးပြုပေးရင် သက်သာစေပါတယ်။ အစာအိမ် အချဉ်ဓာတ်ကို ထိန်းပေးပါတယ်။

၃။ ခေါင်းကိုက်ခြင်းနဲ့ ကြွက်သားနာကျင်မှုတွေ အတွက် ရိုးရာဆေးဝါးအဖြစ် သုံးကြပါသေးတယ်။ ဖူးယောင်တာတွေနဲ့ ကြွက်သားတွေ နာတဲ့ အခါ ဂျင်းကို ထုပြီး အုံပေးရင် သက်သာစေပါတယ်။ ခေါင်းကိုက်တဲ့ အခါမှာလည်း ဂျင်းပြုတ်ရည်သောက်ပေးတာဖြစ်ဖြစ် ဂျင်းကို နားထင်နားမှာ အုံပေးတာဖြစ်ဖြစ် လုပ်ပေးလို့ရပါတယ်။

၄။ သွေးထဲက အဆီဓာတ်တွေကို လျော့ချပေးပြီး သွေးလည်ပတ်မှုကို ပုံမှန်ဖြစ်စေတဲ့ ဓာတ်ရှိပါတယ်။ သွေးထဲက သကြားဓာတ်ကို ညှိပေးတဲ့ အတွက် နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။

၅။ ဂျင်းဟာ လူတွေ ကြောက်တဲ့ ကင်ဆာရောဂါအတွက် ဖြစ်စေတဲ့ ပိုးတွေကို လျော့ချပေးပါတယ်။

၆။ ဂျင်းဟာ မှတ်ဉာဏ်တွေကို မပျောက်သွားအောင် ထိန်းပေးစေတဲ့ စွမ်းအား ရှိတာ သိပါသလား? အသက်ကြီးတဲ့ အခါ ငယ်မူပြန် စောခြင်းကို ကာကွယ်ပေးပြီး မှတ်ဉာဏ်စွမ်းအားကို ထိန်းထားပေးပါတယ်။

၇။ Weight ကို ထိန်းထားပေးတယ်ဆိုတဲ့ စွမ်းအင်ဟာ အခုခေတ် ပျိုမေအတွက် သတင်းကောင်းပါ။ Detox Water မှာ ဂျင်းအနည်းငယ် ထည့်သောက်ရင် ဝိတ်ကျစေပါတယ်။ ဝိတ်ထိန်းနေတဲ့ လူတွေအတွက်တော့ သခွားသီး၊ လီမွန်၊ ပူစီနာရွက်နဲ့ ဂျင်းအနည်းငယ် ထည့်ပြီး သောက်တဲ့ detox ရေကို ပုံမှန်သောက်ပေးရင် ကိုယ်အလေးချိန်ကို သိသိသာသာ လျော့ချစေပါတယ်။

Credit: www.watchfit.com