အားလုံးပဲမင်္ဂလာပါနော်။ ပုစွန်ကြိုက်တဲ့သူတွေရော ပုစွန်မကြိုက်တဲ့သူတွေပါ အရသာတွေ့စေမယ့် နူးနူးအိအိ ကြက်သွန်ဖြူ ပုစွန်ကြော် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ပုဇွန် ၁၀ ကောင်ခန့်
  • ကြက်သွန်ဖြူ ၂ မွှာ
  • ကြက်သွန်မြိတ် အနည်းငယ်
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်း (အဖြူ) လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ဝိုင် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်ဥအကာ တစ်ဝက်
  • ကော်မှုန့် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ငရုတ်သီး တစ်တောင့်
  • ဆီ နှင့် ကော်ရည် အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ပုဇွန်ကို ရေသေချာဆေးပြီး ကျောနားက အညစ်အကြေးကိုပါထုတ်လိုက်ပါ။

ပြီးရင်ရေသေချာထပ်ဆေးပြီး ဆား၊ ငရုတ်ကောင်းတို့နဲ့ နယ်ပေးလိုက်ပါ။

ဝိုင်ကိုထည့်လိုက်ပါ။ မိမိနှစ်သက်တဲ့ ဝိုင်ထည့်နိုင်ပါတယ်။

ပြီးရင်တော့ သေချာနယ်ပေးလိုက်ပါ။

အဲဒီနောက် ကြက်ဥအကာ တစ်ခြမ်းထည့်လိုက်ပါ။

ကော်မှုန့်အနည်းငယ်ထည့်လိုက်ပါ။ လိုသေးရင် ထပ်ထည့်ပါ။

သေချာနယ်ပေးလိုက်ပါ။

နာရီဝက်လောက် ရေခဲသေတ္တာထဲထည့်ထားလိုက်ပါ။ အဲဒီအချိန်အတွင်း တခြားပါဝင်ပစစဉ်းတွေကို ပြင်ဆင်နိုင်ပါတယ်။

ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို လှီးထားလိုက်ပါ။

ရေကိုပွက်ပွက်ဆူအောင်သည်ပြီး ပုစွန်ကို ၂ မိနစ်လောက် ထည့်လိုက်ပါ။ ပြီးရင်ပြန်ဆယ်ပေးပါ။

အိုးထဲမှာ ဆီကိုအပူပေးလိုက်ပြီး ငရုတ်သီး၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီထည့်လိုက်ပါ။

ပြီးရင်တော့ ကော်ရည် နည်းနည်းထည့်လိုက်ပါ။

အဲဒီနောက် ပုဇွန်ထည့်လိုက်ပြီကြော်ပေးပါ။

ဆားလိုရင်ထပ်ထည့်နိုင်ပါတယ်။

ရပြီဆိုရင်တော့ မီးဖိုပေါ်ကချပြီး သုံးဆောင်နိုင်ပါပြီနော်။

Source: www.yumofchina.com

By: MyFood Myanmar