အားလုံးပဲမင်္ဂလာပါရှင့်။ ဒီတခါမှာတော့ အရသာရှိပြီး အချိုပွဲအတွက်သင့်တော်တဲ့ ကောက်ညှင်းပေါင်း အုန်းနို့ဆမ်း နဲ့ သရက်သီး အချိုပွဲပြုလုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • သရက်သီးမှည့် ၁ လုံး
  • ကောက်ညှင်းဆန် ၂ ခွက်
  • အုန်းနို့ ၂ ခွက်

  • သကြား စားမင်းစားဇွန်း ၄ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • နှမ်းအနည်းငယ်

ပြုလုပ်နည်း

ကောက်ညှင်းမပေါင်းမီ ရေဆေးပြီး အနည်းဆုံး (၆) နာရီခန့် ရေစိမ်ထားပါ။

ရေစိမ်ထားတဲ့ ကောက်ညှင်းတွေကို အဝတ်စပါးခံပြီး ပေါင်းအိုးမှာ အငွေ့ကောင်းကာင်းနဲ့ပေါင်းပါ။ ကောက်ညှင်းနပ်ပြီဆို မပျော့ခင် ချထားပြီး မအေးအောင် အဝတ်စ (သို့) တဘက်အသန့်ပါးပါးနဲ့ အုပ်ထားပါ။

ပြီးရင်တော့ အုန်းနို့၊ ဆား၊ သကြားတို့ကို ကျိုပေးပါ။ (ဆွမ်းမွှေးရွက် ကို အုန်းနို့နဲ့ အနည်းငယ်ထည့်ကျိတ်ပြီး ရောကျိုနိုင်ပါတယ်။ ဆွမ်းမွှေးရွက်က ကောက်ညှင်းကို အစိမ်းရောင်ပြောင်းစေမှာပါ။) အုန်းနို့သံဘူး (သို့) စက္ကူဘူးသုံးသူတွေကတော့ အကြာကြီး ကျိုပေးစရာမလိုပါဘူး။

ပြီးရင်ဆော့ အုန်းနို့ခရင်မ်ကို ကောက်ညှင်းမွှေးမွှေးလေးပေါ်မှာ ဆမ်းပေးလိုက်ပါ။

သရက်သီးမှည့်တစ်လုံးကို အခွံနွှာပြီး သင့်တင့်သလို အတုံးပုံလှီးထားပါ။ အုန်းနို့ကောက်ညှင်းတစ်ဝက်ကို ပုံစံခွက်တစ်ခုမှာထည့်ပြီး လှီးထားသောသရက်သီးဘေးမှာ မှောက်ချပါ။ ကောက်ညှင်းရော သရက်သီးရော နှစ်မျိုးလုံးပေါ်ချန်ထားတဲ့ အုန်းနို့ရည်လေး ဆမ်းပြီး နှမ်းစေ့လေးတွေ အလှဆင်ကာ စားသုံးနိုင်ပါပြီနော်။

By: MyFood Myanmar