လူအချို့ဟာ သူတို့စားနေတဲ့ ဟင်းလျာတွေထဲမှာ ပဲသီးတွေပါလာပြီဆိုရင် ဖယ်တတ်ကြပါတယ်။ ဒါပေမယ့်လည်း ထိုပဲသီးတွေဟာ ကလေးတွေစားသုံးနိုင်တဲ့ အာဟာရအပြည့်ပါဝင်တဲ့ အစားအစာတွေထဲက တစ်မျိုးအပါအဝင်ပါ။ ပဲသီးတွေမှာ ဗီတာမင်အစုံအလင်ပါဝင်တဲ့အပြင် ဖောလစ်အက်စစ်နှင့် နှလုံးကိုကာကွယ်ပေးတဲ့ ကယ်လ်စီယမ်နှင့် ဖိုက်ဘာတို့လည်း ပါဝင်ပါတယ်။

ဒါကြောင့် ဒီလိုမျိုး ပဲသီးတွေကိုစားပေးခြင်းက ဘယ်လိုမျိုးကျန်းမာရေးကောင်းကျိုးတွေကို ဖြစ်စေနိုင်သလဲဆိုတာကို သိရှိဖို့အတွက် ယခုပဲဖော်ပြပေးလိုက်ရပါတယ်။

၁။ အားအင်မြှင့်တင်ပေးခြင်း

ဒေါက်ခွရွက်တွေနဲ့ယှဉ်လျှင် ပဲသီးတွေက သံဓာတ်ပါဝင်မှုနှစ်ဆရှိလို့ သွေးနီဥတွေကိုပိုမိုထုတ်လွှတ်ပေးပြီး ခန္ဓာကိုယ်တလျှောက်ရှိ အဆုတ်တွေမှ ဆဲလ်တွေအထိ အောက်ဆီဂျင်ရရှိစေပါတယ်။ အားအင်တွေကုန်ခမ်းနေပြီး သွေးအားနည်းနေတယ်ဆိုရင် ပဲသီးတွေက သင်လိုနေတဲ့အရာတွေပါပဲ။

၂။ အသားအရေ၊ဆံကေသာနှင့် လက်သည်းခြေသည်းများအတွက်

ဒီအာဟာရအပြည့်နဲ့ ပဲသီးတွေက အသားအရေ၊ဆံပင်နှင့် လက်သည်းခြေသည်းတွေအတွက်ပါ ကောင်းကျိုးတွေပေးစွမ်းနိုင်ပါတယ်။ တစ်သျှူးတွေဖွဲ့စည်းမှုကို ကျန်းမာစေပြီး လက်သည်းခြေသည်းတွေကို သန်မာစေကာ အသားအရေကိုလည်း နုပျိုလှပစေပါတယ်။

၃။ အရိုးကျန်းမာရေး

ပဲသီးတွင်ပါဝင်တဲ့ Vitamin K က အရိုးအတွင်းက ကယ်လ်စီယမ်မော်လီကျူးတွေကို ဆက်နွှယ်ပေးပြီး သန်မာမှုကို ဖြစ်ပေါ်စေပါတယ်။

၄။ မျက်လုံးအားကောင်းစေခြင်း

Carotenoids ကြွယ်ဝတဲ့ ပဲသီးတွေဟာ မျက်စိအာရုံကောင်းစေမှုကို အထောက်အကူဖြစ်စေတဲ့ Lutein နှင့် Zeaxanthin တို့လည်း အထူးကြွယ်ဝစွာပါဝင်ပါတယ်။ ထို့ကြောင့် မျက်စိအားကိုကောင်းစေပြီး အခြားကျန်းမာရေးပြဿနာတွေဖြစ်ပေါ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။