၀မ်းချုပ်ခြင်း (Constipation) နှင့် အိမ်တွင်းဆေး

အသက်အရွယ် မရွေး ခံစားရသော ဝေဒနာကတော့ ဝမ်းချုပ်ခြင်း ပါဘဲ ။ အလွန်အကျူးမာခဲနေသော ဝမ်းများ စွန့်ထုတ်ရခြင်းဟာ အားအလွန်စိုက် ရပြီး ပင်ပမ်း ခက်ခဲလှပါတယ် ။ ဝမ်းအလွန်ချုပ်တဲ့အခါ ဗိုက်တောင့် ဗိုက်ကယ် ဖြစ်ရပြီး အစားအသောက် ပျက်တာ ၊ ပါးစပ်နံတာ ၊ ခေါင်းကိုက်တာ ၊ ဝက်ခြံထွက်တာ ၊ ပါးစပ်အနာများ ထွက်တာ ကနေ စိတ်ကျဝေဒနာထိ တွဲ ဖြစ်လာတတ်ပါတယ် ။

ဝမ်းချုပ်ရခြင်းရဲ့ အဓိက အကြောင်းတွေကတော့ –

  • အစားအစာ ရွေးချယ် စားသောက်မှု မရှိခြင်း ၊
  • ရေသောက်နည်းခြင်း ၊
  • ပုံမှန်ဝမ်းသွားချိန် အလေ့အကျင့်ပြု မထားခြင်း ၊
  • ကိုယ်လက်လှုပ်ရှားမှု နည်းခြင်း ၊
  • ဝမ်းဗိုက်ကြွက်သားများ လျော့ရည်းခြင်း ၊
  • လိပ်ခေါင်းရှိခြင်း ၊
  • စိတ်ဖိစီးမှုများခြင်း ၊
  • ဆေးဝါးများ ၏ဆိုးကျိုးကြောင့်ဖြစ်ခြင်း ၊
  • ဝမ်းနှုတ်ဆေး အလွန်အကျွံ သုံးစွဲခြင်း …

တို့ ကြောင့် ဖြစ်တတ်ပါတယ် ။

ဝမ်းချုပ်ခြင်းကို မိမိဖာသာ ကုစားဖို့ အိမ်တွင်းဆေးဝါးများ ရှိပါတယ် ။

၁ ။ လီမွန်သံပုရာ ( Lemon )

လီမွန်ဖျော်ရည်ဟာ အစာခြေလမ်းကြောင်း လှုပ်ရှားမှု ကိုအားပေးပါတယ် ။ ရေနွေးနွေး တဖန်ခွက်မှာ သံပုရာသီး တဝက်လောက်ညှစ်ထဲ့ ၊ ဆား လက်ဘက်ရည် ဇွန်းဝက် ၊ ပျားရည် အနည်းငယ် ထဲ့ပြီး မနက်အစာမစားမီ တစ်ကြိမ် ညဖက် တစ်ကြိမ် ရက်အနည်းငယ်လောက် ဆက်သောက်ရင် ဝမ်းသွားစေ ပါတယ် ။

၂ ။ စမုန်နက် ( Fennel )

အစာမကြေတာ ၊ လေပွတာ ၊ ဝမ်းချုပ်တာ ၊ ဝမ်းပျက်ဝမ်းလျော ဖြစ်တာတွေကို စမုန်နက် က ပျောက်ကင်းစေနိုင်ပါတယ် ။ ခွက် ၁ ခွက်စာ စမုန်နက်ကို လှော် ၊ အမှုန့် ကြိတ် ၊ ပေါင်ဒါမှုန့် ရအောင်စစ် ၊ ခွက်သန့် သန့် မှာ ထဲ့ထား ။ စမုန်နက်ပေါင်ဒါ လက်ဖက်ရည်ဇွန်းဝက် ကို ရေနွေးနွေး ဖန်ခွက်တစ်ခွက်မှာ ဖျော်ပြီးသောက်ရင် ဝမ်းသွားစေပါတယ် ။

၃ ။ သဖန်းသီး ၊ ကတွတ်သီး ( Figs )

ဖိုင်ဘာ များစွာ ပါဝင်တာကြောင့် ဝမ်းသွားစေပါတယ် ။ အစိုဖြစ်စေ ၊ အခြောက်ဖြစ်စေ အသုံးပြု နိုင်ပါတယ် ။ လတ်လတ်ဆတ်ဆတ် ရရင် အခွံပါဝါးစား နိုင်ပါတယ် ။ အခြောက်ရရင်တော့ ဗန်ဒါစေ့ ၂ စေ့ ၃ စေ့ လောက်ထဲ့ ၊ ခွက်တစ်ခုမှာ နာရီအနည်းငယ် ရေစိမ်ထား ၊ ပွလာရင် ရောကြိတ်ပြီး ၊ အနှစ်ကို ပျားရည် လက်ဘက်ရည် ၁ ဇွန်းနဲ့ ညစဉ်သောက်ရင် ဝမ်းသွားစေပါတယ် ။

၄ ။ ကြက်ဆူဆီ ( Castor Oil )

အူကြွက်သားများကို လှုံ့ ဆော်ပေးတဲ့ သတ္တိရှိလို့ ဝမ်းသွားစေပါတယ် ။ လက်ဘက်ရည်ဇွန်း ၂ ဇွန်း ၃ ဇွန်းလောက် သောက်ရုံပါဘဲ ။ အဝင်ဆိုးတော့ေ ဖျာ်ရည်လေး တမျိုးလောက် သောက်ပေးနိုင်ပါတယ် ။ မကြာခဏတော့ မသောက်ရပါဘူး ။ အန္တရာယ်ရှိလို့ ပါ ။

၅ ။ ပျားရည် ( Honey )

ပျားရည် လက်ဘက်ရည်ဇွန်း ၂ ဇွန်း တစ်နေ့ ၃ ကြိမ်လောက် သောက်ရင် ဝမ်းမှန်စေပါတယ် ။ ရေနွေးနွေး တစ်ဖန်ခွက်မှာ ပျားရည် ၁ ဇွန်း ၊ သံပုရာရည် နဲ့ ဖျော်ပြီး အိပ်ယာထ အစာမစားမီ သောက်ပေးရင် ဝမ်းသွားစေပါတယ် ။

၆ ။ နှမ်းကြတ်စေ့ ( Flax Seed )

ဖိုင်ဘာ များစွာနဲ့ အိုမီဂါ ၃ ( Omega-3 Fatty Acids ) တို့ ပါဝင်ပါတယ်။ နှမ်းကြတ်စေ့ လက်ဘက်ရည် ၁ ဇွန်စာကို ရေ တစ်ဖန်ခွက်မှာ ၂ နာရီ ၃ နာရီ
လောက်စိမ်ထားပြီး အိပ်ယာဝင်မှာ သောက်ပေးနိုင်ပါတယ် ။ နံနက်လင်းရင် ဝမ်း ကောင်းစွာသွားစေမှာ ဖြစ်ပါတယ် ။ အမှုန့် ပြုလုပ်ပြီး လက်ဘက်ရည်ဇွန်း ၂ ဇွန်း ၃ ဇွန်း စာကို ရေတစ်ဖန်ခွက်မှာဖျော်သောက်ရင်လဲ ရပါတယ် ။

စပျစ်သီး ( Grapes )

စပျစ်သီး ဟင်းပုဂံ တစ်လုံးစာ ကို စားခြင်း ဖြစ်စေ ၊ စပျစ်ဖျော်ရည် ဖန်ခွက် တစ်ဝက်လောက် သောက်သုံးခြင်းဖြစ်စေ ဝမ်းသွားစေပါတယ် ။ သို့မဟုတ်စပျစ်သီး ခြောက် ၁၀ လုံးလောက်ကို နွားနို့ ထဲထဲ့ ၊ မိနစ်အနည်းငယ် ဆူအောင် အပူပေး ၊ ညအိပ်ယာဝင်မှာ သောက်ပေးနိုင်ပါတယ် ။

သို့ မဟုတ်စပျစ်သီးခြောက်ကို ရေစိမ်ထားပြီး အိပ်ယာထ ဘာမှ မစားမီ စားပေးရင်လဲ ရပါတယ် ။

ဝမ်းချုပ်တတ်သူများ အန္တရာယ်ကင်းကင်း နဲ့ ဝမ်းမှန်စေရန် အသုံးပြု နိုင်ပါတယ် ။ ဝမ်းနုတ်ဆေး ပုံမှန်သုံးစွဲတဲ့ အလေ့ ဟာ မသင့်တော်ပါဘူး ။ အုူများ လှုပ်ရှားမှု
ပျက်ပြားစေတတ်တဲ့အတွက် ဝမ်းနှုတ်လေ ဝမ်းချုပ်လေ ဖြစ်တတ်ပါတယ် ။

Credit: ဒေါက်တာမြင့်သိန်း