အခုလို စပျစ်သီး ပေါတဲ့ ရာသီမှာ အိမ်မှာပဲ စပျစ်သီးကို ဖျော်ရည် လုပ်သောက်ကြည့်ရအောင်ပါ။ စပျစ်သီး ဖျော်ရည် ပြုလုပ်ဖို့ဆိုတာ လွယ်ကူပါတယ်။ အဓိက လိုအပ်တာတွေကတော့ စပျစ်သီး၊ သကြားအနည်းငယ်၊ သံပုရာသီး၊နဲ့ ရေတို့ပါ။

ပထမဦးစွာ စပျစ်သီးကို အညှာတွေ ချွေပါ။ ဓာတုဗေဒဆေးဝါးတွေ ပြောင်သွားအောင် စပျစ်သီးအလုံးတွေကို ရေခပ်နွေးနွေးနဲ့ ဆေးပါ။ ပြီးရင် ကြိတ်စက်ထဲ ထည့်မွှေလိုက်ပါ။

grape-juice-recipe-1

သကြား လက်ဖက်ရည်ဇွန်းဝက်လောက်ထည့်ပါ။ ဆားပါတယ်ဆိုရုံထည့်ပါ။

grape-juice-recipe-2

သံပုရာသီး တစ်စိပ် ညှစ်ပေးပါ။ ရေအနည်းငယ်ထည့်ပြီး မွှေပါ။ အအေး သောက်ချင်ရင်တော့ ရေခဲတုံးလေးတွေ ထည့်ပါ။ ဒါမှမဟုတ် ရေခဲသေတ္တာထဲ အအေးခံပြီးမှ သောက်ပါ။

grape-juice-recipe-5

စပျစ်သီးဖျော်ရည်ဟာ ခံတွင်းကို မြိန်စေတဲ့ ဖျော်ရည်တစ်မျိုးပါ။ သူ့မှာ အဆီဓာတ် လုံး၀ မပါဝင်ပါဘူး။ ပရိုတင်းပါဝင်မှုလည်း နည်းပါးတာကြောင့် ပိန်လိုသူတွေ အတွက် အကောင်းဆုံးပါ။ ဗီတာမင်စီနဲ့ ဗီတာမင်ဘီတို့ ပါဝင်တာကြောင့် ကူးစက်ရောဂါတွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ စပျစ်သီး ဖျော်ရည်ကို မှန်မှန် သောက်ပေးမယ်ဆိုရင်တော့ အသည်းနဲ့ ပတ်သက်တဲ့ ရောဂါတွေကနေ ကင်းဝေစေမှာပါ။

Ref: aboutjuice , spiceupthecurry