မီးဖိုချောင်မှာ အခက်အခဲတချို့ တွေ့နေရင် အသုံးဝင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

ကိတ်မုန့်ကို လှလှပပ လှီးချင်ရင်

ဓားကို ရေပူနဲ့အရင်ဆေးလိုက်ပါ။ ပူနေတဲ့အချိန်မှာ လှီးရင် စေးကပ်ခြင်း၊ ပုံပျက်ခြင်းတို့ မဖြစ်ပါဘူး။

ကြည်လင်နေတဲ့ ရေခဲတုံးကို လိုချင်ရင်

ရေကို မခဲခင်မှာ အရင်ဆုံး ဆူပွက်အောင်တည်လိုက်ပါ။ ပြီးရင် အေးခဲလိုက်ရင် ကြည်လင်နေတဲ့ ရေခဲတုံးကို ရရှိပါတယ်။

သံပုရာသီးကို အရည်များများထွက်အောင်

သံပုရာသီးကို စားပွဲပေါ်မှာတင်ပြီး လှိမ့်လိုက်ပါ။ ပြီးမှညှစ်ရင် အရည်များများ ပိုထွက်ပါတယ်။

ရေခဲသေတ္တာထဲမှာ ပုလင်းတွေ၊ ဗူးတွေထည့်ဖို့ ခွက်

ကြက်ဥထည့်တဲ့ Box တွေကို သုံးပြီးဗူးတွေ၊ ပုလင်းတွေကို ပြောင်းပြန်ထည့်ထားလို့ရပါတယ်။ ဒါဆိုရင် လိမ့်ကျတာမျိုးမဖြစ်တော့ပါဘူး။

ငှက်ပျောသီး Trick

သူငယ်ချင်းတွေနဲ့ ကလေးတွေကို ငှက်ပျောသီးခွာလိုက်တဲ့အချိန်မှာ တခါတည်း အတုံးလေးတွေ လှီးပြီးသားပုံစံဖြစ်နေတာကို အံ့သြစေချင်ပါသလား။

ပင်အပ်လေးကို ငှက်ပျောသီးထဲထိုးပြီး အပေါ်အောက်ဆွဲချလိုက်ရင် လှီးပြီးသားပုံစံလေးဖြစ်လာမှာပါ။

ခရမ်းချဉ်သီးကို အလွယ်တကူ အခွံခွာနည်း

ခရမ်းချဉ်သီးရဲ့အောက်ခြေကို X ပုံစံ လှီးလိုက်ပါ။ ပြီးရင် ရေပွက်ပွက်ဆူတဲ့အထဲကို ၁၀ စက္ကန့်လောက်ထည့်လိုက်ပါ။ ပြန်ဆယ်လိုက်ပြီး အခွံခွာကြည့်လိုက်ပါ။ အလွယ်တကူ ခွာလို့ရပါတယ်။