[Unicode]

အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အရသာလည်းရှိပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးမယ့် သစ်သီး Smoothie ပြုလုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

အသားအရေကိုလည်း ကြည်လင်စေပြီး ပိုလှစေမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • ဒိန်ချဉ် ခွက်တစ်ဝက်
  • နံနံပင် လက်တစ်ဆုပ်စာ
  • သခွားသီး ၁ လုံး (အခွံနွှာပြီး လှီးထားပါ)

  • ပန်းသီး ၁ လုံး (အစေ့ထုတ်ပြီး လှီးထားပါ)
  • ငှက်ပျောသီး ၁ လုံး (လှီးထားပါ)
  • စွံပလွံသီး ၂ လုံး (အစေ့ထုတ်ထားပါ) (တကယ်လို့ ရှာရခက်ရင် မထည့်လည်းရပါတယ်။)

ပြုလုပ်နည်း

ဒီ Smoothie ကို မနက်ခင်းမှာ မနက်စာနဲ့ အတူ သုံးဆောင်ရမှာဖြစ်ပါတယ်။ ဒါမှ အညစ်အကြေးတွေကို သန့်စင်ပေးမှာပါ။

ပါဝင်ပစ္စည်းတွေအားလုံးကို Blender (ကျိတ်စက်၊ ဖျော်စက်) ထဲထည့်လိုက်ပါ။

အဲဒီနောက် သေချာလေး ကျိတ်ပေးလိုက်ပါ။

ရသွားပြီဆိုရင် ဘူး(သို့) ခွက် (သို) ပုလင်းဘူးထဲ ထည့်ပေးလိုက်ပြီး အအေးခံလိုက်ပါ။

ပြီးရင် သုံးဆောင်လို့ရပါပြီနော်။

အူမကြီးကို သန့်စင်ပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်သလို ကိုယ်အလေးချိန်လည်းကျစေပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။

Source: www.fabhow.com

By: MyFood Myanmar

[Zawgyi]

အားလံုးပဲမဂၤလာပါေနာ္။ ဒီတခါမွာေတာ့ အရသာလည္းရွိၿပီး ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးမယ့္ သစ္သီး Smoothie ျပဳလုပ္နည္းကို မွ်ေဝေပးသြားမွာျဖစ္ပါတယ္။

အသားအေရကိုလည္း ၾကည္လင္ေစၿပီး ပိုလွေစမွာျဖစ္ပါတယ္။

ပါဝင္ပစၥည္း

  • ဒိန္ခ်ဥ္ ခြက္တစ္ဝက္
  • နံနံပင္ လက္တစ္ဆုပ္စာ
  • သခြားသီး ၁ လံုး (အခြံႏႊာၿပီး လွီးထားပါ)

  • ပန္းသီး ၁ လံုး (အေစ့ထုတ္ၿပီး လွီးထားပါ)
  • ငွက္ေပ်ာသီး ၁ လံုး (လွီးထားပါ)
  • စြံပလြံသီး ၂ လံုး (အေစ့ထုတ္ထားပါ) (တကယ္လုိ႔ ရွာရခက္ရင္ မထည့္လည္းရပါတယ္။)

ျပဳလုပ္နည္း

ဒီ Smoothie ကို မနက္ခင္းမွာ မနက္စာနဲ႔ အတူ သံုးေဆာင္ရမွာျဖစ္ပါတယ္။ ဒါမွ အညစ္အေၾကးေတြကို သန္႔စင္ေပးမွာပါ။

ပါဝင္ပစၥည္းေတြအားလံုးကို Blender (က်ိတ္စက္၊ ေဖ်ာ္စက္) ထဲထည့္လိုက္ပါ။

အဲဒီေနာက္ ေသခ်ာေလး က်ိတ္ေပးလိုက္ပါ။

ရသြားၿပီဆိုရင္ ဘူး(သို႔) ခြက္ (သို) ပုလင္းဘူးထဲ ထည့္ေပးလိုက္ၿပီး အေအးခံလိုက္ပါ။

ၿပီးရင္ သံုးေဆာင္လို႔ရပါၿပီေနာ္။

အူမႀကီးကို သန္႔စင္ေပးၿပီး အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးႏိုင္သလို ကိုယ္အေလးခ်ိန္လည္းက်ေစၿပီး က်န္းမာေရးနဲ႔လည္း ညီညြတ္ပါတယ္။

Source: www.fabhow.com

By: MyFood Myanmar