သားသားမီးမီးတွေ ကျောင်းနောက်ကျလို့ အိမ်မှာ မနက်စာထိုင်စားဖို့ အချိန်မမီဖြစ်နေပါသလား၊ ဇနီး (သို့) ခင်ပွန်းသည်က အလုပ်နောက်ကျလို့ မနက်စာအချိန်ပေးစားလို့ မရဖြစ်နေပါသလား။ ဒါဆိုရင် သူတို့တွေ အလွယ်တကူယူသွားစားလို့ ရမဲ့ မနက်စာကို ဘယ်လိုပြင်ဆင်ပေးမလဲ။ ပြင်ဆင်ချိန်ကလည်း ၅ မိနစ်ပဲကြာမှာဖြစ်တဲ့အပြင် ဖန်ခွက်လေးကိုင်သွားပြီး အလွယ်တကူယူသွားစားလို့ရတဲ့ ဝက်ပေါင်ခြောက်၊ ကြက်ဥမနက်စာပါ။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၂ လုံး (သို့) ၃ လုံး
  • ကြက်ဥထဲထည့်ခလောက်ရန် ဆားနဲ့ ငရုတ်ကောင်းအနည်းငယ်၊ ပူစီနံရွက်အနည်းငယ်
  • ထောပတ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်
  • ငရုတ်ပွအနည်းငယ် (ရေခဲအောင် ပြုလုပ်ထားပါက ချက်ရတာ ပိုလျင်မြန်ပါတယ်)

  • ပါးပါးလှီးထားသော ကြက်သွန်နီအနည်းငယ်
  • ချွေထားသော ဟင်းနုနွယ်အနည်းငယ်
  • ဝက်ပေါင်ခြောက် ၂ ချပ်
  • ဒိန်ခဲတစ်ပြား
  • ချက်ပြုတ်ပြီးပါက အလှဆင်ရန် ခရမ်းချဉ်သီး ၁ လုံး

ပြုလုပ်နည်း

ခဲအောင်ပြုလုပ်ထားသော ငရုတ်ပွ လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်

ဟင်းနုနွယ် အနည်းငယ်ကို ချွေဆိတ်ထားလိုက်ပါ

ဝက်ပေါင်ခြောက်နှစ်ချပ်ကိုလည်း ပါးပါးလှီးလိုက်ပါ

ကြက်သွန်နီဥသေးကိုလည်း ပါးပါးလှီးလိုက်ပါ

ထောပတ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်ကို ဖန်ခွက်ထဲအရင်ထည့်လိုက်ပါ

ပြီးရင် ဟင်းနုနွယ်ရွက်ထည့်လိုက်ပါ

ကြက်သွန်နီနဲ့ ငရုတ်ပွထပ်ထည့်လိုက်ပါ

ထို့နောက် Microwave ထဲမှာ တစ်မိနစ်ခန့်ထည့်ထားပါ

ပါးပါးလှီးထားသော ဝက်ပေါင်ခြောက်များ ထည့်လိုက်ပါ

ငရုတ်ကောင်၊ ဆားနဲ့ ပူစီနံရွက်များ ထည့်ခလောက်ထားတဲ့ ကြက်ဥကို ဖန်ခွက်ထဲထည့်ပြီး Microwave ထဲမှာ တစ်မိနစ်ခန့် ထားထားပါ။ ပြီးရင် အနည်းငယ်မွှေပေးလိုက်ပါ။

အတုံးသေးသေးလေးတုံးထားတဲ့ ဒိန်ခဲကို ဖန်ခွက်ထဲထည့်လိုက်ပြီး Microwave ထဲ တစ်မိနစ်ခန့် ပြန်ထည့်ပါ

ပြီးရင် ခရင်းတစ်ချောင်းယူပြီး အရသာရှိတဲ့ မနက်စာကို သုံးဆောင်နိုင်ပါပြီ။ မနက်စာ အိမ်မှာစားဖို့အချိန်မရသူများကလည်း ကျောင်းကား ပေါ်မှာပဲဖြစ်ဖြစ်၊ ရုံးကားပေါ်မှာပဲဖြစ်ဖြစ် ယူသွားစားလို့ရပါပြီ။

Source: menumusings.blogspot.com