အသီး - Fruits | အကြော် - Fried

သရက်သီးစိမ်း ကြော် (Green Mango Fried)

July 7, 2016

သရက်သီးစိမ်း ကြော် (Green Mango Fried)

Share this on:

သရက်သီးစိမ်း တွေလဲ ပေါ်နေပြီ ။  ဒါလေးလဲ လုပ်စားကြည့်လိုက်နော် ။ သရက်သီးစိမ်းကြော် ကို အခုလို သရက်သီး ရှားနေချိန်မှာ ချက်စားမှ ပိုကောင်းတာကြောင့် အားလုံး သရေကျပြီး သရက်သီးစိမ်း ရှာဖွေရေး လုပ်ရအောင် မစည် ရဲ့ သရက်သီးကြော် ။

ပါဝင်ပစ္စည်းများ

  • သရက်သီးစိမ်း - ၃ လုံး (ဂျစ်နဲ့ အချောင်းလေး တွေရအောင် ခြစ်ချပါ)
  • ပုစွန်ခြောက် အကောင်သေး - ၅ ကျပ်သား
  • ဆား (အနည်းငယ်)
  • အသီးအရွက်ဆီ - ၁၀ ကျပ်သား (ဆီလိုလျှင် ထပ်ထည့်ပါ)
  • ငြုပ်သီး အရောင်တင်မှုန့် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ငံပြာရည် - ၁ ဇွန်းခွဲ (စားပွဲတင်ဇွန်း )
  • စိမ်းစားငါးပိ - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ကြက်သွန်နီ - ၅ ကျပ်သား (ထောင်းထားပါ)
  • ကြက်သွန်ဖြူ - ၂ ကျပ်ခွဲသား (ထောင်းထားပါ)
  • ကြက်သားမှုန့် - ၂ ဇွန်း (စားပွဲတင်ဇွန်း) (အချို ကြိုက်လျှင် ပိုထည့် လို့ရပါတယ်)
  • နနွင်းမှုန့် - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  1. မကပ်သော အကြော် အိုးထဲ သို့ဆီထည့်ပါ ။ ပူလာလျှင် နနွန်းမှုန့် ၊ ငြုပ်သီး အရောင်တင်မှုန့် နှင့် ကြက်သွန်ဖြူ / နီ ထောင်းထားတာ ထည့်ပါ ။
  2. မွှေးပြီး အရောင် လှလာလျှင် ငံပြာရည် နှင့် ငါးပိ ထည့်ဆီသတ်ပါ ။ သိသိသာသာ မွှေးလာပါလိမ့်မယ် ။ ပုဇွန်ခြောက် အကောင်လေးတွေ ကိုထည့်လို့ ရပါပြီ ။ အနည်းငယ် ကျွတ်လာပြီ ဆိုလျှင် သရက်သီး အချောင်းလေးများကို ထည့်ပြီး မွှေပေးပါ ။
  3. သရက်သီးများ နွမ်းလာလျှင် ဆား နှင့် ကြက်သားမှုန့် လည်းထည့်လို့ ရပါပြီ ။ သရက်သီး အဖတ်လေးများ အရမ်းပျော့ ပြဲသည်အထိ မထားပါနှင့် ။
  4. ဆားမြည်းပါ ။ အငံလိုလျှင် ဆားထပ် ထည့်ပါ ။ အချို လိုလျှင် ကြက်သားမှုန့် ထပ်ဖြည့်ပြီး မီးဖို ပေါ်က ချလို့ရပါပြီ ။ ပဲဟင်းနဲ့ သာတွဲစားမယ် ဆို လိုက်ဖက်ပါတယ် ။
  5. ကျမ်းမာရေး နှင့် ညီလျှော်စွာ ချက်မယ် ဆိုလျှင် ဆီ နှင့် အငံ လျှော့ထဲ့ပါ ။
Credit: Syi Foodsgarden

Review

User Rating

4 (3 Votes)