သင်္ဘောသီးနဲ့ ပဲပုတ်အနှစ်သုပ်က အရသာ တစ်မျိုး ထူးခြားပြီး ကျန်းမာရေးနှင့် ညီညွတ်သော သင်္ဘောသီးနဲ့ ပဲပုတ်တွဲစားတော့ အာဟာရ အရသာမျှတမှုကို ပေးဆောင်နိုင်ပြီး စားလို့သိပ်ကောင်းပါတယ်… မိသားစု သူငယ်ချင်းဆုံကျတဲ့အခါ သုပ်စားကြည့်လို့ရအောင် ရှယ်လိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ပဲပုတ် ၃၀ ကျပ်သား

ဆား အနည်းငယ်

ကြက်သွန်နီ ၃ လုံး (ထောင်းထားပါ)

ကြက်သွန်ဖြူ ၃ တက် (ထောင်းထားပါ)

ဆနွင်းမှုန့် ၁ ဇွန်း လက်ဖက်ဇွန်း

ငရုတ်သီးအရောင်တင်မှုန့် ၂ ဇွန်း စားပွဲဇွန်း

အသီးအရွက်ဆီ ၅ ဇွန်း စားပွဲဇွန်း

ခရမ်းချဉ်သီး ၈ လုံး ( ခတ်ကြမ်းကြမ်းလေး တွေ လှီးထားပါ)

အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများ

ငရုတ်သီးစိမ်း ၅ တောင့် ( ပါးပါးလေးတွေ လှီးထားပါ)

သင်္ဘောသီးစိမ်း ၁ လုံး (ရှည်ရှည်လေးတွေ ဂျစ်နဲ့ ခြစ်ထားပါ)

ပူစီနံ ၅ ပင် (ကြမ်းကြမ်းလေး ဖြတ်ထားပါ)

ပြုလုပ်နည်း

စောက်နက် အကြော်အိုး ထဲမှာ ဆီပူ အောင် တည်ပါ။ ပူလာလျှင် အနှစ်လုပ်ရန်ပါဝင်ပစ္စည်းများ မှ ခရမ်းချဉ်သီး ကလွဲ လို့ ပစ္စည်းများ အားလုံး ထည့်ပြီး ကြော်ပါ။ အနံ့သင်းမွှေးလာ လျှင် ခရမ်းချဉ်သီး ထည့်ပြီး နှံ့အောင်မွှေပါ။ မီး အနေတော်လောက်နဲ့ပဲတည်ပါ။

ခရမ်းချဉ်သီး အခွံ များလိပ်လာ လျှင် ပဲပုတ်ထည့်ပြီး ဆီပြန်လာသည် အထိတည်ပါ။ ဆီပြန်လာလျှင် ဆား မြည်းပြီး လိုတာထပ်ထည့်ပါ။ ဆီပြန်ပြီး ခရမ်းချဉ်သီး အရေခမ်းခြောက်တဲ့ အထိ တည်ပါ။ မီးဖိုပေါ်မှ ချပြီး အအေးခံထားပါ။

ဖန်ဇလုံ အကြီးထဲ သင်္ဘောသီး ငရုတ်သီးစိမ်း နှင့် ပဲပုတ်အနှစ်ကို လိုသလောက် ထည့်ပြီး လက် ဖြင့် အသေအချာ နှံ့အောင်နယ်ပါ။ ပြီး မှ ပူစီနံ့ဖြူးပါ။ ချက်ချင်း သုံးဆောင်ပါ။