ကျွန်တော်တို့ အများစုဟာ အစားအစာတွေ စားပြီးတိုင်း ရေနွေးသောက်ကြပါတယ်။ ကျန်းမာရေး အကျိုးကျေးဇူးတွေကြောင့်တင် မဟုတ်ဘဲ အလေ့အကျင့်တစ်ခုလို စွဲနေတဲ့ အရာပါ။ ဒီနေရာမှာ Green Tea (အကြမ်းခြောက်/ရေနွေးကြမ်း)နဲ့ Black Tea (အချိုခြောက်/လက်ဖက်ရည်)ဘယ်အရာက ပိုပြီး ကောင်းလဲဆိုတာ စဉ်းစားကြည့်ရအောင်ပါ။

Green Tea နဲ့ Black Tea ဟာ လက်ဖက်ပင်တွေကနေ ရတာချင်း တူပြီး ထုတ်လုပ်တဲ့ ပုံစံတွေကြောင့် အခေါ်အဝေါ်တွေ မတူညီတော့တာပါ။ နိုင်ငံတကာမှာ တရုတ်တွေကိုတော့ အကြမ်းခြောက်နဲ့ တွဲမြင်လေ့ရှိပြိး အိန္ဒိယကိုတော့ အချိုခြောက်နဲ့ တွဲမြင်လေ့ ရှိပါတယ်။ မြန်မာပြည်ကတော့ နှစ်မျိုးစလုံး နှစ်နှစ်ကြိုက်ကြိုက် သောက်သုံးကြပါတယ်။

Green Tea ကို အချဉ်မဖောက်ဘဲ အပင်ကနေ ခူးပြီးပြီးချင်း အခြောက်ခံလိုက်တာပါ။ ဒီလို လုပ်ခြင်းကြောင့်ပဲ Antioxidant ပိုကြွယ်ဝပြီး EGCG နဲ့ ကင်ဆာကို တိုက်ခိုက်စေမယ့် ဓာတ်တွေ ပိုပြီး အားကောင်းစေပါတယ်။ Black Tea ကတော့ ကစော်ဖောက်ခြင်း လုပ်ငန်းစဉ်ကို ကျော်ဖြတ်ရပါတယ်။ တရုတ်ရိုးရာ ဆေးနည်းအရ နေ့စဉ် ရေနွေးကြမ်း တစ်ခွက် သောက်သုံးခြင်းဟာ ရုပ်ပိုင်းဆိုင်ရာအတွက် ကောင်းမွန်စေပြီး ကွဲပြားတဲ့ ရာသီဥတုနဲ့ အညီ မှန်ကန်တဲ့ လက်ဖက်ရည်ကို သောက်ဖို့ လိုကြောင်း ဖော်ပြထားပါတယ်။ ပူပြင်းတဲ့ ရာသီတွေမှာ အကြမ်းခြောက်ကို ပိုသောက်သင့်ပြီး အေးတဲ့ ရာသီတွေမှာတော့ အချိုခြောက်(လက်ဖက်ရည်ချို)ကို ပိုသောက်သင့်ပါတယ်။

ပူပြင်းတဲ့ ရာသီမှာ အပူကြောင့် နှလုံးအားနည်းတာနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ကူညီပေးပါတယ်။ ရေနွေးကြမ်းမှာ ကဖိန်းဓာတ်လည်း ပါဝင်တာကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေ တက်ကြွစေဖို့နဲ့ ဝိတ်ကျစေဖို့လည်း ကူညီပေးပါသေးတယ်။ မိုးအေးတဲ့ အချိန်တွေမှာတော့ မိုးမိလာရင် ရေနွေးပူပူ တစ်ခွက်မှုတ်သောက်ပြီး ခဏနေရင် ချွေးဆို့လာစေပြီး အအေးမိတာကို သက်သာစေပါတယ်။

လက်ဖက်ရည် အချိုကိုတော့ အေးတဲ့ ဆောင်းရာသီတွေမှာ သောက်သုံးသင့်ပါတယ်။ သူ့မှာ ပရိုတိန်းဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး အစာကြေစနစ်ကို ကောင်းမွန်စေတာကြောင့် ရာသီဥတုကြောင့် ဖြစ်တဲ့ အစာမကြေ ရင်ပြည့်ရင်ကယ်ခြင်းတွေကို တားဆီးပေးနိုင်ပါတယ်။

Credit: zeenews