အားလုံးပဲ မင်္ဂလာပါ။ မြန်မာအစားအစာ ကြိုက်နှစ်သက်သူများအတွက် မီးဖိုချောင်တိုင်းမှာ အမြဲတွေ့ရတတ်တဲ့ ခရမ်းချဉ်သီးသုပ်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။

ဒီတစ်ခါမှာတော့ ပုံမှန်သုံးနေကျ ခရမ်းချဉ်သီးအနီမဟုတ်ဘဲ အစိမ်းရောင်ရှိတဲ့ ခရမ်းချဉ်သီးကိုသုံးပြီးတော့ သုပ်ရမှာဖြစ်ပါတယ်။ ယခုဖော်ပြပေးသွားမယ့် ပမာဏက မိသားစုဝင်လေးယောက်စာပါ။

ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီးအစိမ်း (လှီးပြီးသား) – ခြောက်လုံး
  • ကြက်သွန်နီ (လှီးပြီးသား) – ၂ လုံး
  • လှော်ထားတဲ့ မြေပဲထောင်း – စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ (လှီးပြီးသား) – ၂ မြွှာ
  • စပါးလင်ရှာလကာရည် – စားပွဲတင်ဇွန်း ၂ ဇွန်း

Source: Specialty Produce

  • နှမ်းဆီ – စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းစေ့ – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဟင်းသီးဟင်းရွက်ဆီ
  • ဆား
  • ငရုပ်ကောင်း

ပြင်ဆင်ပြုလုပ်ပုံ

၁။ ခရမ်းချဉ်သီးတွေကို ပါးပါးလှီးပြီး ပန်းကန်တစ်လုံးထဲထည့်ထားပါ။

၂။ မကပ်တဲ့ဒယ်အိုးအသေးထဲမှာ မီးအေးအေးနဲ့ ကြက်သွန်ဖြူတွေကို အညိုရောင်သမ်းတဲ့အထိ ကြော်ပေးပါ။

၃။ ကြက်သွန်ဖြူကြော်ထားတဲ့ ဆီတွေကိုစစ်ထုတ်လိုက်ပြီး လက်ဖက်ရည်ဇွန်းနဲ့ ၁ ဇွန်းစာလောက် သပ်သပ်ဖယ်ထားလိုက်ပါ။

၄။ ကြက်သွန်နီ၊ မြေပဲထောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူကြော်ထားသည့်ဆီ၊ စပါးလင်ရှာလကာရည် နှင့် နှမ်းဆီတို့ကို ပန်းကန်လုံးထဲမှာ သေချာနှံ့အောင်မွှေပေးပါ။

၅။ နောက်ဆုံးအနေနဲ့ ခရမ်းချဉ်သီးတွေထည့်သုပ်လိုက်ကာ ပန်းကန်တစ်ခုထဲပြောင်းထည့်ပြီး နှမ်းစေ့လေးတွေဖြူးပေးပါ။

Source: 196flavors.com