လွယ်ကူ လျင်မြန်စွာ လုပ်စားလို့ရသော အစာပြေ အစားအစာကို အိမ်မှာ ပျင်းလို့ပဲဖြစ်စေ ဧည့်ခံပွဲအတွက် ဧည့်ခံချင်တာပဲဖြစ်စေ အလွန်အဆင်ပြေစေသော အစာပြေအစားအစာလေးပါ။

ပါဝင်ပစ္စည်းများ

  • ထောပတ်သီး – ၁ လုံး (အမြောင်းလိုက်လှီးထားပါ)
  • Bacon – ၁၀ ပြား
  • ဆားကြမ်း – အနည်းငယ်
  • Basalmic – ၅ ဇွန်း စားပွဲဇွန်း

ပြင်ဆင်ပြုလုပ်နည်း

  1. ၀က်သားပြားဖြန့်ပြီး အဒေါင်လိုက်လှီးထားသော ထောပတ်သီးစိတ်လေးများ တင်ပါ ။ ပြီးလျင် တစ်စောင်းလေးလိပ်ပေးပါ ။
  2. မီးသွေးဖိုပေါ် အကင်ဇကာကွက်ပြား တင်ပါ ။ မီးသွေး အပူချိန်ညီမှ ထောပတ်သီး ၀က်သားပြားပတ်များ တင်ကင်ပါ ။ ၂-၃ မိနစ် လောက် ကင်ပြီးလျှင် အသားလိပ်လေးများ လှည့်လှည့်ပြီး အရောင်ညိုပြီး ကျွတ်တယ့်အထိ ကင်ပါ ။
  3. အလိပ်လေးများကို ဖန်ပုကန်လုံးလေးတွေထဲ ထည့်ပြီး ဘာစာမစ်ဗီနီကာ လောင်းထည့်ပြီး လိမ္မော်သီး ၊ ပူစီနံရွက် လေးများ ဖြင့် အလှဆင်ကာ စားသုံးလျင် အအီပြေစေပါတယ် ။ပြီး ကျွတ်တယ့်အထိ ကင်ပါ။

Credit: Syi Lwin Foodsgarden