ခရမ်းချဉ်သီးတွေ ရေခဲသေတ္တာထဲ ထည့်ထားရင် ပျက်စီးသွားတာတွေကို စိတ်ပျက်နေပါသလား။ လတ်ဆတ်တဲ့ အသီးတွေကို စားခါနီးမှ ခူးပြီး စားချင်ပါသလား။ အိမ်မှာပဲ အပင်စိုက်ပြီး လတ်ဆတ်တဲ့ ခရမ်းချဉ်လေးတွေ ရနိုင်တဲ့ နည်းလမ်းရှိပါတယ်။ လွယ်ကူပြီး ရိုးရှင်းပါတယ်။

အဆင့် ၁

အရွယ်တော် အိုးတစ်လုံး၊ စပ်ထားတဲ့ မြေကြီးနဲ့ ခရမ်းချဉ်သီးတွေကို အဆင်သင့်ပြင်ပါ။ ခရမ်းချဉ်သီးကို အချပ်လိုက် လှီးပါ။

အဆင့် ၂

ခရမ်းချဉ်သီး လှီးပြီးသား ၄ချပ် လိုပါတယ်။ အစေ့များများ ပါတဲ့ အသီးဖြစ်ဖို့တော့ လိုပါတယ်။ အစေ့တွေ မြေဆွေးထဲ အလွယ်အကူ ဝယ်စေဖို့ ခရမ်းချဉ်သီးကို ခပ်ထူထူလှီးပေးပါ။ ပြီးရင်မြေကြီးပေါ်မှာ ဒီအတိုင်း ချထားလိုက်ပါ။

အဆင့် ၃

ခရမ်းချဉ်သီး အချပ်တွေပေါ်ကနေ မြေကြီးကို ခပ်ပါးပါး အုပ်ပေးပါ။ မြုပ်တယ်ဆိုရုံလေးပဲ အုပ်ပေးရင် လုံလောက်ပါတယ်။ မြေကြီးထဲ အများကြီး မြုပ်မိရင် ဓာတ်ပြုဖို့ ခက်ခဲပြီး အပင်မပေါက် နိုင်တော့ပါဘူး။

အဆင့် ၄

၂ပတ်ကြာတဲ့ အထိ နေ့တိုင်း ရေနည်းနည်းစီ လောင်းပေးပါ။ ၂ပတ်ပြည့်တဲ့ အခါ အပင်ညှောင့်လေးတွေ ထွက်လာတာ မြင်ရပါမယ်။

အဆင့် ၅

အပင်ကြီးလာတဲ့အခါ အိုးခွဲပြီး စိုက်ပေးပါ။ အစေ့တွေ အားလုံးကနေ အပင်တွေ ပြုံထွက်လာမယ်ဆိုရင် စိုက်ထားတဲ့ အိုးနဲ့ မြေဆီသြဇာဟာ မလောက်ငှနိုင်ပါဘူး။ အားနည်းပုံပေါ်တဲ့ အပင်တွေကို နုတ်ပစ်လိုက်ပါ။

အဆင့် ၆

ရေကို ဖြည်းဖြည်းချင်း လောင်းပေးပါ။ နေရောင် ခပ်ပါးပါး ရတဲ့ နေရာမျိုးမှာ အပင်ကို ထားပေးပါ။ အပင် တဖြည်းဖြည်း ကြီးလာရင်တော့ နေရောင်တိုက်ရိုက်ထိတွေ့လည်း ပြဿနာ မရှိတော့ပါဘူး။

သဘာဝအတိုင်း စားချင်တာကြောင့် အပင်ကြီးထွားဆေးတို့ အပင်သန်ဆေးတို့ကို မကျွေးတာ အကောင်းဆုံးပါပဲ။ နည်းလမ်းမှန်ရင် အသီးတွေ သီးလာပါလိမ့်မယ်။