မီးဖိုချောင်မှာ နေ့တိုင်း အသုံးပြုနေရတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ရဲ့ စွန့်ပစ်လိုက်ရတဲ့ အမြစ်ကနေ အိမ်တွင်း အပင်လေး စိုက်ကြည့်ရအောင်ပါ။ အိမ်မှာ ပေါ့ပေါ့ပါးပါး စိုက်ပျိုးထားခြင်းဟာ လတ်လတ်ဆတ်ဆတ် စားလို့ရနိုင်တဲ့အပြင် ဓာတ်မြေသြဇာ အန္တရာယ်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ အပင်လေး ကြီးထွားလာတာကို ကြည့်ရင်း ဖြစ်လာတဲ့ ပီတိလေးပါ အပိုရနိုင်ပါသေးတယ်။ ရန်ကုန်လို မြေနေရာ ရှားတဲ့ နေရာမျိုးမှာ အခုလို အိုးလေးတွေနဲ့ စိုက်ပြီး နေရာအများကြီး ပေးစရာ မလိုတဲ့ အတွက် အဆင်လည်း ပြေစေပါတယ်။

ကြက်သွန်မြိတ်ကို ဈေးက ဝယ်လာပြီး သုံးတဲ့အခါ အမြစ်တွေကို ဖြတ်ပစ်ကြတာများပါတယ်။ အခုတော့ လွှင့်မပစ်ဘဲ ဖြတ်လိုက်တဲ့ အမြစ်တွေကို အခုလို ပုံမှ ပြထားတဲ့ အတိုင်း စုစုစည်းစည်းနဲ့ အမြစ်မြုပ်ရုံ ရေထည့်ပြီး ခွက်တစ်ခွက်ထဲ ထည့်ထားပါ။ တစ်ပတ်ကျော်လာတဲ့ အခါ ကြက်သွန်မြိတ်တွေ ဝေေ၀ဆာဆာ ထွက်လာတာ တွေ့ရပါလိမ့်မယ်။

Source: Pinterest

နောက်နည်းလမ်းတစ်ခုကတော့ မြေကြီးထဲ ထည့်စိုက်ရမယ့် နည်းပါ။ ဒါပေမယ့် အသုံးမလိုတော့တဲ့ ဘူးခွံ၊ ခွက်တွေနဲ့လည်း စိုက်ပျိုးလို့ ရပါတယ်။

IF

လိုအပ်တဲ့ ပစ္စည်းတွေကတော့

  • ကြက်သွန်ရဲ့ လှီးထုတ်ထားတဲ့ အမြစ်များ
  • အိုး တစ်လုံး (သို့) ရေသန့်ဘူးခွံ၊ သံဗူးခွံတွေလည်း ရပါတယ်။ အောက်ခြေမှာ လေဝင်ပေါက်လေးတွေ ဖောက်ထားရပါမယ်။
  •  မြေဆွေး

grow onions at home

စိုက်ပျိုးပုံ

  • ကြက်သွန်ရဲ့ ထိပ်ဖျားက အမြစ်ကို လှီးထုတ်ပါ။ အချို့ ကြက်သွန်တွေမှာဆိုရင် အမြစ်လေးတွေ နည်းနည်း ရှိနေတတ်ပါတယ်။ ဒါဆိုရင် ပိုကောင်းပါတယ်။
  • စိုက်မယ့် အိုး ဒါမှမဟုတ် ထည့်စိုက်မယ့် ခွက်၊ ဘူးခွံတွေရဲ့ ၃ပုံ ၂ပုံကို မြေကြီးဖြည့်ပါ။
  •  ဖြတ်ထားတဲ့ ကြက်သွန်မြစ်ကို မြေကြီးထဲကို အနည်းငယ် နစ်ပြီး ထည့်ပါ။ အပေါ်ကနေ ၁-၂ လက်မ မြေဆွေးပြန်ဖုံးပေးပါ။ ရေ အနည်းငယ် လောင်းပေးပါ။
  •  နေရောင် ရနိုင်တဲ့ နေရာမှာ ထားပါ။
  • ၇ ရက်ဆိုရင် အညွှန့်တွေ ကောင်းကောင်း ရှည်လာပါပြီ။

ဒါကတော့ ကြက်သွန်ဥကနေ စိုက်တဲ့ နည်းပါ။

grow onions at home

စားခါနီးမှ ခူးစားလိုက်ရုံပဲဆိုတော့ အဆင်ပြေလှပါပြီ။ ကဲ စမ်းပြီး စိုက်ကြည့်လိုက်ရအောင်နော်။ အပတ်စဉ် ကြာသာပတေးနေ့တိုင်း အိမ်တွင်း အပင်လေးတွေ စိုက်တဲ့ ပေါ့ပေါ့ပါးပါး နည်းလမ်းလေးတွေကို မျှဝေသွားပါမယ်။ စမ်းသပ်စိုက်ပျိုးအောင်မြင်ကြပါစေ။

Featured Image Source: modernparentsmessykids.com