ဂမ်မီကြိုက်သော ခလေးများ အတွက် တစ်ခါစားလျင် အများကြီး မကျွေးလိုသော မိခင်များအတွက် နည်းလမ်း တစ်ခု မျှဝေချင်ပါတယ် ။  သဘာ၀ အသီးများဖြင့် ပြုလုပ်ထားသော ဂမ်မီသကြားလုံး ၊ ဂမ်မီဘဲလ် စသည်ဖြင့် ကိုယ်ကြိုက်ရာ အသုံးပြု နိုင်ပါတယ် ။  ရေခဲချောင်း တစ်ချောင်းမှာ ကိုယ်ကျွေးချင်သော ဂမ်မီ ပမာဏလောက်ပဲ ထည့်ပြီး ရေခဲချောင်းလုပ်လိုက်လျင် ခလေးများလဲ သရေစာ နှစ်မျိုးကို တစ်ပြိုင်တည်း စားရတော့ ကြေနပ် အားရပျော်ရွှင်မှာပါ ။  ခလေးမှ မဟုတ်ပါဘူး လူကြီးတွေ အတွက်လဲ အပျင်းပြေစာပေါ့ ။အချိန် အများကြီး ပေးစရာ မလိုသော ဂျယ်လီရေခဲချောင်း အခုလို ပူအိုက်ချိန်မှာ များများ လုပ်ထားဖို့ လိုတယ်နော် ။

ပါဝင်ပစ္စည်းများ (၁၀ ချောင်း)

14375238_354507954939982_1646136562_o

  • အုန်းသီးစိမ်းရည် – ၁ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)
  • အသီးဖျော်ရည် – ၁ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)
  • ဂျယ်လီမှုန့်  – ၂ ဇွန်း (လက်ဖက်ဇွန်း)
  • ဂမ်မီသကြားလုံး အခု –  ၅၀ (ဂမ်မီသကြားလုံး အပျော့ကိုသုံးပါ၊ ရေခဲလျင် မာသောကြောင့် ဂျယ်လိုအပျော့သုံးမှ အဆင်ပြေပါတယ် ။  ရေခဲချောင်းခွက် တစ်ခွက်ကို ၅ ခုစီထည့်ပါ)

ပြုလုပ်နည်း

  1. အိုးအသေးလေးထဲ အုန်းသီးရည် နှင့် ဂျယ်လီမှုန့် လက်ဖက်ဇွန်း ၁ ဇွန်း ထည့်ပြီး ဆူအောင်တည်ပါ ။ အနည်းငယ် အအေးခံထားပါ ။  အသီး ဖျော်ရည်ကိုလဲ အုန်းရည်လိုပဲ တည်ပါ ။  အအေးခံ ထားပါ ။
  2. ရေခဲချောင်း ပြုလုပ်ရန် ပုံစံခွက်များထဲ ဂမ်မီသကြားလုံးလေးများ ထည့်ပါ ။   ပြီးလျင် အုန်းသီးရည် ကို ၅ ခွက် ပြည့်အောင် လိုက်ဖြည့်ပါ ။   ကျန်ပုံစံခွက် ၅ ခွက်ထဲ အသီးဖျော်ရည်များ ပြည့်အောင်လောင်းထည့်ပါ ။  ရေခဲ ချောင်း ဒုတ်တံဖြင့် ဂမ်မီသကြားလုံးလေးများ နေရာကျအောင် မွှေပေးပါ ။
  3. ရေခဲသေတ္တာထဲ  ရေခဲပြုလုပ်ရန် အဆင့်ထဲသို့ ရေခဲချောင်း ခွက်လေးများ ထည့်ပြီး ၅-၇ နာရီလောက် ထည့်ခဲပါ ။ စားခါးနီးမှာ ရေခဲချောင်း ပုံစံခွက်ကို ရေအေးလေးဖြင့် လောင်းပြီး ရေခဲချောင်းများ ခွက်ထဲမှ ထုပ်လျင် ပုံစံ မပျက် အလွယ်တကူ ရရှိနိုင်ပါမယ် ။

*မှတ်ချက်- ခလေးတွေ စားနေကျ သရေစာ ဂမ်မီဖြင့် အဆင်ပြေတာလေးများ အသုံးပြုလို့ ရပါတယ် ။ ဂမ်မီကို ပုံစံသေးသေးလေးတွေကို အသုံးပြုတာ ပိုကောင်းပါတယ် ။ ခလေးများ သူတို့ စားနေကျ ဂမ်မီ ပုံတွေ့တော့ ပျော်တာပေါ့နော် ။