အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ လွယ်ကူရိုးရှင်းပြီး အရသာရှိတဲ့ ဟမ်ဘာဂါ ထမင်းကြော် ပူပူလေးလုပ်စားလို့ရအောင် မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ထမင်း ၄ ခွက်
  • အမဲစွပ်ပြုတ်ရည် (သို့) ရေ အနည်းငယ်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာဂရည်အနှောက် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဆီအနညည်းငယ်
  • အမဲသားတောက်တောက်စဉ်းအနည်းငယ်
  • ကြက်သွန်နီ ၁ လုံး (တောက်တောက်စဉ်း)
  • ကြက်သွန်ဖြူ ၁ လုံး (တောက်တောက်စဉ်း)

  • ဝိုင်အနည်းငယ် (မထည့်လည်းရပါတယ်။)
  • ပဲစိမ်း ၁ ခွက်
  • ကြက်သွန်မြိတ် အနည်းငယ်
  • ကြက်ဥ ၂-၄ လုံး

ဆော့လ်အချိုအတွက်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေနွေး စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

အမဲစွပ်ပြုတ် (သို့) ရေ၊ ပဲငံပြာရည်၊ ခရုဆီ၊ နှမ်းဆီ၊ ငရုတ်ကောင်းမှူန့်တို့ကိုခွက်အသေးထဲမှာ ထည့်ရောလိုက်ပါ။ ထမင်းကိုဖွထားပေးပါ။

အိုးကိုအပူပေးပြီး ဆီထည့်မယ်။ ပြီးရင် အမဲသားထည့်ကြော်ပါ။

အဲဒီနောက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဝိုင်တို့ကိုထည့်လိုက်ပါ။ အပူချိန်မြင့်ရင်လျှော့လိုက်ပြီး ကြက်သွန်နွှမ်းတဲ့အထိကြော်ပါ။

အဲဒီနောက်ထမင်းထည့်ကာ၊ စောစောကရောထားတဲ့ ဆော့စ်ကို ထည့်လိုက်ပါ။

သေချာမွှေပေးလိုက်ပြီး ပဲစိမ်းထည့်လိုက်ပါ။ မီးပူပူနဲ့ကြော်ပေးနေပါ။

အဲဒီနောက် ကြက်သွန်မြိတ်ထည့်လိုက်ပြီး ခဏလောက်မွှေလိုက်ရင် သုံးဆောင်လို့ရပါပြီနော်။ ကြက်ဥကိုကြော်ပြီး အပေါ်ကနေ အုပ်လိုက်ပါ။ ဆော့စ်အချိုလေးနဲ့ သုံးဆောင်လို့ရပါပြီ။

Photo: thewoksoflife.com