ဒီတခါတော့ လူတစ်ချို့ ကြုံတွေ့ရတဲ့ Hangover ဖြစ်ပြီး မလန်းဆန်းတဲ့ ပြဿနာ အတွက် စားသင့်တဲ့ အစားအစာတွေကို သတင်းပေးချင်ပါတယ်။

မြန်မာလို ဆိုရင်တော့ အရက်နာ ကျတယ်လို့ လွယ်လွယ် ပြောကြပါတယ်။ ဒါက ဘာကြောင့် ဖြစ်တာလဲ ဆိုတာ သိပြီး ဖြစ်မှာပါ။ ညဘက် အလွန်အကျွံသောက်လို့ပဲ ဖြစ်ဖြစ် အစာ မရှိဘဲ သောက်လိုက်မိလို့ပဲ ဖြစ်ဖြစ် ခံစားရတတ်တဲ့ ဝေဒနာ တစ်ခုပါ။ ခံစားဖူးသူတိုင်း ဆိုးရွားတယ် ဆိုတာ သိကြမှာပါ။ နောက်တခါများ ဒီလို ခံစားရရင် အခု ပြောပြပေးတဲ့ အစားအစာတွေနဲ့ စမ်းသပ်ကြည့်ပါ။ လွယ်လွယ်ကူကူနဲ့ ရနိုင်တဲ့ အစားအစာတွေပါပဲ။

၁။ ရေ

ဟုတ်ပါတယ်။ အလွန်ကို ရိုးရှင်းတဲ့ အရာပါ။ ညဘက်များသူတိုင်း ရင်ပူတဲ့ ဒဏ်ကို ခံစားရမှာပါ။ ဘာလို့လဲဆိုတော့ အယ်ကိုဟောဓာတ်ဟာ ခန္ဓာကိုယ်မှာ ရှိတဲ့ ရေဓာတ်ကို ဆုံးရှုံးစေတဲ့ အတွက် ဖြစ်ပါတယ်။ ဒါကြောင့် အရက်သောက်နေတဲ့ အချိန်မျာလည်း ရေသောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ဒါဆို ရေဓာတ်ဟာ လွယ်လွယ်နဲ့ မဆုံးရှုံးနိုင်တော့ပါဘူး။ တချို့ကတော့ “စပါကလင်” ကို သောက်ကြပါတယ်။

၂။ ခရမ်းချဉ်သီး ဖျော်ရည်

ခရမ်းချဉ်သီး ဖျော်ရည်ဟာ Hangover သမားတွေ အတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံးပါပဲ။

၃။ Bacon (ဝက်သားဆားနယ်ခြောက်) နဲ့ ကြက်ဥ

ဝက်သားခြောက်နဲ့ ကြက်ဥဟာ များသွားတယ်ဆိုတဲ့ လူတွေ အတွက် သင့်တော်တဲ့ ဟင်းတစ်မျိုးပါပဲ။ အသည်းကို ဒုက္ခပေးမယ့် အဆိပ်တွေကို ကောင်းကောင်း တားဆီးပေးပါတယ်။ တချို့ကတော့ ကြက်သံလို့ ခေါ်တဲ့ ကြက်ဥကို ဖောက်ပြီး သံပုရာသီး ညှစ်ပြီး သောက်ကြပါတယ်။

၄။ ကိုကာကိုလာ

ကြိုက်ကြိုက် မကြိုက်ကြိုက် ဒါကတော့ အမှန်တရားပါ။ ကိုကာကိုလာဟာ hangover ကြောင့် ဆုံးရှုံးသွားတဲ့ စွမ်းအင်တွေကို ပြန်ပြီး ယူပေးနိုင်စွမ်းရှိပါတယ်။ သူ့မှာ ပါတဲ့ သကြားဓာတ်ဟာ ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ ဘယ်အချိန်မှာ သောက်ဖို့ အသင့်တော်ဆုံးလဲဆိုရင်တော့ အေးနေတဲ့ အချိန်ပါ။ သူ့အမြုပ်တွေကို ထုတ်မပြစ်နဲ့နော်။

၅။ အသီးဖျော်ရည်

လိမ္မော်သီး ဖျော်ရည်ဟာ Juice တွေထဲမှာတော့ Hangover အတွက် အကောင်းဆုံးလို့ ဆိုရပါမယ်။ ဘယ် juice မဆို သောက်လို့ရပါတယ် ဒါပေမယ့် လိမ္မောသီးကတော့ အသင့်တော်ဆုံးပါ။ သကြားဓာတ်တင်မက အသည်းထဲက အဆိပ်တွေကိုပါ ထုတ်ပစ်ဖို့ အကောင်းဆုံး အရည်တစ်မျိုးပါ။ အယ်ကိုဟော ဟာ Vitamin C တွေကို တော်တော်များများ ဆုံးရှုံးစေတဲ့ အတွက် အသီးဖျော်ရည်တွေက ဒါကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

၆။ ဂျင်း

ဂျင်းဟာ ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ မနက်ပိုင်းမှာ ဖြစ်တတ်တဲ့ အော့အန်ခြင်းတွေကိုတောင် သက်သာစေနိုင်တယ်ဆိုတာ သိကြမှာပါ။ တချို့ ကားမူးလို့ အော့အန်ကြရင် ဂျင်းကို ကိုက်ပြီး ကားစီးတယ်လို့ ပြောကြပါတယ်။ ဟုတ်ပါတယ် ဂျင်းဟာ Hangover ကြောင့် အော့အန်ခြင်းကို သက်သာစေပါတယ်။ ဂျင်းလက်ဖက်ရည်တို့ ဂျင်းသကြားလုံးတို့ စားရင်လည်း ရပါတယ်။

၇။ Umeboshi plums

ဂျပန်တွေရဲ့ နည်းလမ်း တစ်မျိုးပါ။ ဂျပန်တွေ နှစ်ပေါင်းများစွာကတည်းက စားသုံးလာတဲ့ အစားအစာတစ်မျိုးပါ။ ဆီးသီးကိုမှ အငန်ဓာတ်ပါတဲ့ ယိုပုံစံမျိုး လုပ်ထားတာပါ။ ငန်တဲ့ အရဿာ အနည်းငယ် ရှိပေမယ့် ပြည့်ဝတဲ့ အယ်ကာလိုင်းနဲ့ antibiotic တွေကို ရရှိစေနိုင်ပါတယ်။ ဒီအချက်တွေဟာ အသည်းရဲ့ လုပ်ဆောင်ချက်တွေကို ပုံမှန်အတိုင်း လည်ပတ်ဖို့နဲ့ ရေဓာတ် ဆုံးရှုံးမှုကြောင့်ေ ခြာက်သွေ့သွားတဲ့ အသားအရေတွေကို ပြန်လည် ကောင်းမွန်စေပါတယ်။

၈။ Espresso

ကော်ဖီခါးခါး တစ်ခွက်ဟာ ထိုင်းမှိုင်းနေမှုတွေကို အလျင်မြန်ဆုံး ဖြေဖျောက်ရမှာ အကောင်းဆုံးပါ။ ကဖိန်းဓာတ်ဟာ လူကို နိုးကြွစေပါတယ်။

ကဲ…TGIF ကြောင့် များသွားတယ်ဆိုရင်တော့ နောက်နေ့မှာ လန်းဆန်းစေဖို့ ဒီနည်းလမ်းလေးတွေက အသုံးဝင်ဖို့ မျှော်လင့်ပါတယ်။

Source: healthypanda.net

Photo Credit: careers.workopolis.com