ချဉ်စော်ကားသီးကို စားဖူးကြလားရှင့်။ ဟင်းရည်သောက်ဖူးတဲ့သူတွေတော့ တော်တော်များများရှိမယ်ထင်ပါတယ်။ ရှမ်းပြည်နယ်မှာနေတုန်းက ချဉ်စော်ကားသီးကို သုပ်စားတာ၊ ဟင်းရည်သောက်ချက်စားတာမျိုး စာရေးသူ ခဲ့ဖူးပါတယ်။ ချဉ်စော်ကားသီးဟာ ဆေးဖက်ဝင်အသီးတစ်မျိုးဖြစ်ပါတယ်။ ရန်ကုန်မှာဆိုရင်တော့ ချဉ်စော်ကားသီးအခြောက်ပဲ ဝယ်လို့ရနိုင်ပါတယ်။ ချဉ်စော်ကားသီးကို ပါးပါးလှီးအခြောက်လှန်းပြီး ရေနွေးနဲ့စိမ်ကာ ဟင်းရည်အဖြစ် ချက်စားကြသလို ဆေးဖြစ်ဝါးဖြစ် ဝိုင်နဲ့လည်း စိမ်သောက်ကြတာတွေရှိပါတယ်။ ချဉ်စော်ကားသီးဆိုသလိုပဲ အရသာချဉ်ချဉ်လေးနဲ့ (သူချဉ်တာကတမျိုးလေးပါ) စားလို့ သိပ်ကောင်းပါတယ်။

quince on a white background

အစာချေစနစ်ကောင်းမွန်စေခြင်း

ချဉ်စော်ကားသီးမှာ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကို ကောင်းမွန်စေပါတယ။် အလွန်အကျွံစားရင်တော့ ဝမ်းလျှောနိုင်ပါတယ်။ အတော်အသင့်ပဲစားပေးရင် အူမကြီးကင်ဆာတို့လို အန္တရာယ်ရှိတဲ့ ကင်ဆာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဆီးချိုအတွက်ကောင်းမွန်ခြင်း

သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်တဲ့ အမျှင်ဓာတ်ပါဝင်လို့ ဆီးချိုသမားတွေအတွက် ကောင်းမွန်တဲ့အသီးပါ။

အရိုးကျန်းမာရေး

quince-1020x765

ကယ်လ်ဆီယမ်နဲ့ ဖော့စဖော့ရပ်စ်ဓာတ်တွေပါဝင်ပြီး အရိုးနဲ့ သွားကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။

တခြားအကျိုးကျေးဇူး

ချဉ်စော်ကားသီးကို ပါးပါးလှီးပြီး ရေနွေးပူပူနဲ့ တစ်ရက်ကိုတစ်ခွက်လောက်သောက်ရင် အဆီဓာတ်တွေ လျှော့ချပေးနိုင်ပြီး၊ ညောင်းညာကိုက်ခဲတာတွေကို သက်သာစေပါတယ်။ သွေးလည်ပတ်မှုကောင်းမွန်စေပြီး ၊ လေဖြန်းခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဆေးဖက်ဝင်ပုံ

quince

ချဉ်စော်ကားသီးကို ပါးပါးလှီး ဆားနည်းနည်း ၊ ပျားရည်တို့နဲ့ စိမ်ပြီး တစ်ရက်လောက်နှပ်ထားပါ။ ဂျင်းထည့်ချင်ရင် ပါးပါးလှီးပြီးထည့်ပေးပါ။

baeul

နောက်တစ်နေ့ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ မနက်တစ်ကြိမ် နေ့လည်တစ်ကြိမ် ညတစ်ကြိမ်စားပေးရင် လေထိုးလေအောင့်တာသက်သာစေပြီး အစာကြေစေပါတယ်။ အသံအတွက်လည်းကောင်းမွန်ပြီး၊ နှလုံးအတွက်လည်းကောင်းမွန်ပါတယ်။ သက်ရှည်ကျန်းမာစေတဲ့ ဆေးစွမ်းကောင်းတစ်လက်အဖြစ် အသုံးပြုနိုင်ပါတယ်။

Featured Image Source: The Sonoma Index-Tribune