မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် ပေါက်ရောက်ပါတယ်။ ဟင်းနုနွယ်ဆူးပေါက်ဟာ ဆေးဖက်ဝင်ပြီး ဟင်းနုနွယ်အရိုင်းလို့လည်း ခေါ်ကြပါတယ်။

အပင်

ဆူးရှိသော အပင်ငယ်မျိုး ဖြစ်သည်။ ထောင်မတ်၍ ပေါက်သည်။ ပင်စည် နှင့် အကိုင်း များတွင် မြောင်းပါ ရှိ၏ ။ ၁ ပေ မှ ၅ ပေ ထိ မြင့်သည်။ ပင်စည်နှင့် အကိုင်း ကြားများမှ ဖြောင့်၍ မာသော ဆူးများထွက်သည်။

mullancheera-prickly-amaranthus

အရွက်

ရွက်လွှဲ ထွက်သည်။ အလျား ၁၁/၂ လက်မ မှ ၄ လက်မ ထိရှည်၏။ အရွက်ပျော့ပျောင်း နူးညံ့ပြီး ရွက်ညှာ ရှည်သည်။

အပွင့်

ပွင့်ညှာ မဲ့ပန်းခိုင် ဖြစ်သည်။ ပန်းခိုင်ပေါ် တွင် အစိမ်းရောင် သမ်းသော အဖြူပွင့်များ များပြား စွာပွင့်သည်။ မိုးဦး ကျ ကဆုန် ၊ နယုန်လတွင် ပွင့်သည်။

အသုံးဝင်ပုံ

ပဉ္စငါးပါး ၊ အရွက်၊ အမြစ်။

အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ ဟင်းနုနယ် ဆူးပေါက်သည် အေး၏ ၊ ဆီးဝမ်းကို ရွှင်စေ၏ ။ သားအိမ် ကိုက်ခဲခြင်း ကို ပျောက်စေ၏ ။နို့ရည်ကို ပွားများ စေ၍ သားအိမ်ကို အထူးအားပေး ၏ ၊ အဆိပ်ကိုပယ်တတ်၏ ။သွေးယိုစီး ခြင်းကို တားမြစ် တတ်၏ ။ ရင်၌ ထိုးကျင်ခြင်း နှင့် မီးယပ်လွန်ခြင်း ကို လည်း ပျောက်ကင်းစေ နိုင်သော ဂုဏ်ရှိ၏ ။

amaranth_leaf

ပဉ္စငါးပါးအသုံးပြုပုံ

၁ ။ပဉ္စငါးပါး ကြိတ်ညှစ်ရည်ကို သောက်ခြင်းဖြင့် မြွေဆိပ် ကို ပြေစေနိုင်သည်။
၂ ။ပဉ္စငါးပါး ပြုတ်၍ သောက်သော် ကိုယ်ဝန် ပျက်ခြင်း မှ ကင်းဝေး၏။

Amaranth cooking

အရွက် အသုံးပြုပုံ

၁ ။အရွက် ကို ညက်ညက်ကြိတ်၍ နှာခေါင်း မှ စပြီး မျက်နှာ အထက်ပိုင်း သို့ လိမ်းကျံ ပေးသော် နှာခေါင်း သွေးလျှံသွေးကျ ပျောက်၏ ။
၂ ။အရွက်ကို ဟင်းချက်စား က ဆီးအောင့် ကျောက်တည်ရောဂါ ပျောက်၏။
၃ ။အရွက်ညှစ်ရည်ကို ပျားရည်နှင့် ရောလျက် သော် သွေးအန် သွေးကျ ရောဂါ ၊ မီးယပ် သွေးလွန် ခြင်း ၊ မီးယပ်ဖြူ ဆင်း ခြင်း၊ ညောင်းကျခြင်း နှင့် အနာ အဖု အပိမ့် များ ပေါက်ခြင်း ပျောက်၏။

အမြစ် အသုံးပြုပုံ

၁ ။ အမြစ်ကို ရေနှင့် သွေး၍ ကင်းကိုက်ရာသို့ လိမ်းပေးသော် ကင်းဆိပ် ပြေ၏ ။ သွေးစုနာ ပေါ်သို့ လိမ်းပေးလျှင် လည်း ပျောက်ကင်း ၏ ။
၂ ။ အမြစ်ကို သွေး၍ လိမ်းခြင်း ၊ ကြိတ်၍ အုံပေးခြင်းဖြင့် အကြောတက်ရောဂါ ပျောက်၏ ။
၃ ။အမြစ်ကို ရေနှင့်သွေး ၍ စစ်ပြီး နံနက်တစ်ကြိမ် ၊ ညတစ်ကြိမ် သောက်က မီးယပ် လွန်ခြင်း ပျောက်၏။

မြန်မာ့ဆေးဖက်ဝင် အပင်များ

Photo Credit: Organic Facts