Blackberry သီးကို စားဖူးကြလား။ ဒီအပင်က ငယ်ငယ်တုန်းကတော့ အိမ်မှာပေါက်လို့ အမြဲလိုလို ခူးစားဖြစ်ပါတယ်။ ဒါပေမဲ့ အသီးရဲ့နာမည်ကိုတော့ ကျွန်မတို့ မခေါ်တတ်ပါဘူး။

110424-400x300-Blackberrybush

ဒါအရိုးရှင်းဆုံးပြောတာပါ။ မမှည့်သေးခင်မှာ ချဉ်သလိုလိုရှိပြီး မှည့်သွားရင်လည်းချိုချဉ်အရသာလေးနဲ့ တကယ်ကိုစားလို့ကောင်းတဲ့အသီးပါ။

blackberry_21E8E525F3F06

ဒီ Blackberry သီးက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက ဆေးဖြစ်ဝါးဖြစ် လူတွေအသုံးပြုစားသုံးလာခဲ့ကြပါတယ်။ Blackberry သီးပဲဖြစ်ဖြစ် အရွက်ပဲဖြစ်ဖြစ် အမြစ်ပဲဖြစ်ဖြစ် ကျန်းမာရေးအတွက်အရမ်းကိုအကျိုးရှိပါတယ်။ ၁၈ ရာစုတုန်းကဆိုရင် ဂရိတွေဟာ Blackberry ကို ဂေါက်ရောဂါကိုကုသဖို့ အသုံးပြုခဲ့ကြလို့ ဥရောပမှာဆိုရင် Gout Berry လို့တောင်လူသိများခဲ့ပါတယ်။

ဆိုတော့ Blackberry သီးရဲ့အကျိုးကျေးဇူးတွေကို ကြည့်လိုက်ရအောင်ပါ။

အမျှင်ဓါတ်

happy-digestive-system

Blackberry သီးတစ်ခွက်မှာ အမျှင်ဓါတ် ၇.၆ ဂရမ်ပါဝင်ပါတယ်။ ဒါ့ကြောင့် သရေစာအဖြစ်စားနိုင်ပြီး ကိုယ်ခံစားစနစ်ကိုကောင်းမွန်စေသလို အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

Antioxidant

AAEAAQAAAAAAAAfKAAAAJDMxMmI3YzY2LTllYjEtNDNiMC1hMjAwLTAxNWI4M2UwZDE5Nw

Blackberry သီးမှာ Antioxidant တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့်လည်း ခန္ဓာကိုယ်အတွင်းကအဆိပ်အတောက်တွေကို သဘာဝအတိုင်းဖယ်ရှားပေးနိုင်ပါတယ်။

ဦးနှောက်စွမ်းဆောင်ရည်

smart-girl-book-fb

Blackberry သီးမှာ အာဟာရဓါတ်ကြွယ်ဝစွာပါဝင်ပြီး အသက်အရွယ်ကြီးလာတာနဲ့အမျှ မှတ်ဉာဏ်ယိုးယွင်းလာတာတွေကို သက်သာစေပါတယ်။

ခံတွင်းကျန်းမာရေး

Young woman holding blackberry in teeth, close-up of mouth

Blackberry ကိုစားပေးတာဟာ ခံတွင်းမှာ ဘက်တီးရီးယားပိုးမွှားဝင်ရောက်မှုကို တားဆီးကာကွယ်ပေးနိုင်ပါတယ်။ ဗိုင်းရပ်ပိုးမွှားတွေကို ဆန့်ကျင်တဲ့ဂုဏ်သတ္တိတွေပါဝင်လို့လည်း ခံတွင်းကို ကျန်းမာစေပါတယ်။

ကင်ဆာတိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိ

what-is-cancer

Blackberry သီးမှာ Antixidant တွေကြွယ်ဝစွာပါဝင်လို့ အဆုတ်ကင်တာ အူမကြီးကင်ဆာဖြစ်ပွားမှုကိုကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကင်ဆာဆဲလ်ပျံ့နှံ့မှုကိုလည်း ကာကွယ်ပေးပါတယ်။ Blackberry ကိုပုံမှန်စားပေးရင် ကင်ဆာဖြစ်ပွားမှုကို လျှော့ကျစေပါတယ်။

နှလုံးကျန်းမာရေး

heart-disease-03

Blackberry သီးမှာ Anthocyanin လို နှလုံးကိုကာကွယ်ပေးတဲ့ အာဟာရဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် မဂ္ဂနီဆီယမ်နဲ့ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ သွေးလွှတ်ကြောမကြီးမှာ သွေးကြောပိတ်တာကို ကာကွယ်ပေးပြီး သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့်လည်း နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ခံအားစနစ်

blackberry_21E8E525F3F06

ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ ကူးစက်ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

ကိုယ်အလေးချိန်

weight-control-07

Blackberry သီးမှာ သကြားဓါတ်နည်းနည်းပဲပါပြီး အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ ကျန်းကျန်းမာမာနဲ့ ဝိတ်ချနိုင်ပါတယ်။

အရိုးကျန်းမာရေး

4480-1_0_1

Blackberry သီးမှာတွေ့ရတဲ့ မဂ္ဂနီဆီယမ်နဲ့ ကယ်ဆီယမ်ဓါတ်တွေဟာ အရိုးကိုကျန်းမာပေါတယ်။

Source: healthfitnessrevolution