သခွားမွှေးလို့ ဆိုလိုက်ရင် အနံ့မွှေးမွှေးနဲ့ အရမ်းအရသာရှိတဲ့ အသီးဆိုတာ လူတိုင်းငြင်းနိုင်မယ်မထင်ပါဘူးနော်။ နူးညံ့မွှေးပျံ့ပြီးအရသာရှိလှတဲ့ သခွားမွှေးကိုစားပေးရင် အံ့မခန်းကျန်းမာရေးအကျိုးကျေးဇူးတွေ ရတယ်ဆိုတော့ အသီးလည်းစားရင်း ကျန်းမာရေးအကျိုးကျေးဇူးတွေလည်းသိသွားအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

အမြင်အာရုံတိုးတက်စေခြင်း

ဗီတာမင် A နဲ့ ဗီတာကရိုတင်းဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ အမြင်အာရုံကို ကောင်းမွန်စေပါတယ်။ အသက်အရွယ်ရလာလို့ အမြင်အာရုံေ၀ဝါးလာတာကို နှောင့်နှေးစေပါတယ်။

ကူးစက်ရောဂါကို တိုက်ဖျက်ပေးခြင်း

လတ်လတ်ဆတ်ဆတ် သခွားမွှေးကိုစားပေးမယ်ဆိုရင်တော့ ကလေးငယ်တွေအတွက် အထူးကောင်းမွန်ပါတယ်။ ကိုယ်ခံအာစနစ်ကိုကောင်းမွန်စေပြီး ကူးစက်ရောဂါကိုတိုက်ဖျက်ပေးလို့ ကလေးတွေကို များများကျွေးပါနော်။

သွားနဲ့ခံတွင်းကျန်းမာရေး

ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ သွားဖုံးသွေးယိုတာနဲ့ သွားပြဿနာတွေကို goodbye လို့နုတ်ဆက်နိုင်ပါပြီ။

သွေးဖိအားကျစေခြင်း

သွေးဖိအားကိုထိန်းပေးထားတာဟာ ကင်ဆာဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်ပါတယ်။ သွေးလည်ပတ်မှုကောင်းမွန်မှ ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ သခွားမွှေးမှာ ရေဓါတ်မြင့်အားစွာပါဝင်ပြီး ကယ်လိုရိပါဝင်မှုနည်းပါးပါတယ်။ ဒါ့အပြင် ပိတက်ဆီယမ်နဲ့ တခြားသတ္တုဓါတ်တွေပါဝင်လို့ သွေးဖိအားကို ထိန်းချုပ်ပေးနိုင်ပါတယ်။

ခြေထောက်ကြွက်တက်ခြင်းကိုကာကွယ်ပေးခြင်း

သခွားမွှေးကိုစားတာပဲဖြစ်ဖြစ် ဖျော်ရည်လုပ်ပြီးသောက်တာပဲဖြစ်ဖြစ် ခြေထောက်ကြွက်တက်တဲ့လက္ခဏာရပ်ကိုကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေအတွက်ကောင်းမွန်ခြင်း

ကိုဝန်ဆောင်မိခင်လောင်းတွေဟာ ဖောလိတ်အက်ဆစ်ဓါတ်ပါဝင်တဲ့ ဒီအသီးကိုစားပေးမယ်ဆိုရင် ကလေးမွှေးတဲ့ချိန်မှာ မွှေးဖို့ခက်ခဲတာကို ကူညီပေးပါတယ်။ ဗီတာမင် C လည်းပါဝင်လို့ ကလေးနဲ့ မိခင်ကိုကျန်းမာစေပါတယ်။ အမျိုးသားတွေရောအမျိုးသမီးရော ကလေးမွှေးဖွားမှုနှုန်းကို တိုးတက်စေဖို့ စားပေးသင့်ပါတယ်။

သွေးအားနည်းရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးခြင်း

နွားနို့၊ ငါးနဲ့ အသားတွေမှာပါဝင်တဲ့ ဗီတာမင် B12, C စတဲ့ဓါတ်တွေပါဝင်လို့ သွေးအားနည်းရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

မှတ်ချက်- သကြားဓါတ်နဲ့ ကာဗွန်ဟိုက်ဒရိတ်ဓါတ်ပါဝင်မှုများလို့ ဆီးချိုသမားတွေ များများအစားသင့်ပါဘူး။