သစ်ကြားသီးစားရင် အဆီတက်မှာ စိုးလို့ဆိုပြီး တချို့က ရှောင်တတ်ကြပါတယ်။ တကယ်က သစ်ကြားသီးမှာပါဝင်တဲ့ အဆီက ကောင်းတဲ့အဆီပါ။

တစ် နေ့မှာ အသင့်အတင့် ပမာဏကို စားပေးရင် ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်တဲ့အပြင် အောက်ပါ ကျန်းမာရေး စွမ်းပကား တွေကိုလည်း ရရှိပါလိမ့်မယ်။

(၁) နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သစ်ကြားသီးမှာ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့် များစွာ ပါဝင် ပါတယ် ။ သစ်ကြားသီးမှာ အိုမီဂါ၃ ဖက်တီး အက်စစ်လည်း ပါဝင်နေပါတယ်။ ဒါကြောင့် သစ်ကြားသီးကို စားတာက သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောနဲ့ ထရိုင်ဂလစ် စရိုက် အဆင့်ကို လျော့ကျစေတာကြောင့် နှလုံးရောဂါဖြစ်နှုန်းကို လျော့ကျစေပါတယ်။

(၂) စိတ်ကျရောဂါ သက်သာစေပါတယ်။ သစ်ကြားသီးနဲ့ သစ်ကြားသီးအဆီမှာ အိုမီဂါ ၃ ဖက်တီး အက်စစ်ပါဝင်မှု များတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ကောင်းကောင်းလုပ် ဆောင်နိုင်စေပြီး စိတ်ကျရောဂါကို သက်သာစေပါတယ်။ စိတ်ကျရောဂါ ခံစားနေရသူအများစုဟာ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပမာဏ လျော့နည်း နေတတ်ပါတယ် ။ ကလေးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်လျော့ကျနေရင် အာရုံစူးစိုက်မှုချို့တဲ့တဲ့ရောဂါ (ဗီ)နဲ့ ဆက်စပ်မှုရှိတယ်လို့ လေ့လာမှုများစွာက ဆိုပါတယ် ။

(၃) ကိုယ်အလေးချိန်ကို လျော့ကျ စေပါတယ် ။ သစ်ကြားသီးရဲ့ ကောင်းတဲ့ အကျိုး တစ်ခုက ကိုယ်အလေးချိန်ကို ထိန်းပေး နိုင်တာပဲ ဖြစ်ပါတယ် ။ လိုမာလင်ဒါ တက္ကသိုလ်ရဲ့ လေ့လာမှုတွေ အရ ထမင်းမစားခင် သစ်ကြားသီး အနည်းငယ် စားတာက အစာစား ချင်စိတ်ကို လျော့ကျစေပြီး အစာကို နည်းနည်းပဲ စားဖြစ်စေတယ်လို့ သိရပါတယ်။

(၄) ကြီးထွား ဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ် ။ သစ်ကြားသီးမှာ အာဟာရတန်ဖိုး များစွာ ပါဝင်တာကြောင့် တစ်နေ့တာ အတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို ကောင်းကောင်း ရရှိစေပါတယ် ။ သစ်ကြားသီးမှာ ပရိုတင်းဓာတ်၊ ဗီတာမင်ဘီ၊ ဗီတာမင် အီး၊ မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနိစ်တွေ ပါဝင်နေတာကြောင့် ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေသလို ခန္ဓာကိုယ် ကြီးထွား ဖွံ့ဖြိုးမှုအတွက်လည်း အရေးပါပါတယ် ။

(၅) ဆီးကျိတ် ကင်ဆာကို ကာကွယ် ပေးနိုင်ပါတယ် ။ သစ်ကြားသီးမှာ အင်တီအောက် ဆီးဒင့်များစွာ ပါဝင်တာကြောင့် ဆီးကျိတ်ကင်ဆာကို ကာကွယ်နိုင်စွမ်း ရှိတယ်လို့ ဗြိတိန် အာဟာရ ဂျာနယ်မှာ လတ်တလော တွေ့ရှိချက် တစ်ရပ်ကို ရေးသား ဖော်ပြ ထားပါတယ် ။

(၆) မှတ်ဉာဏ်ကို ကောင်းမွန်စေပါတယ် ။ သစ်ကြားသီးကို ဦးနှောက်အာဟာရလို့ တင်စား ခေါ်ဝေါ်ကြပါတယ် ။ အကြောင်းကတော့ သစ်ကြားသီးက ဦးနှောက် အခွံပုံ သဏ္ဌာန် ရှိတဲ့အပြင် မှတ်ဉာဏ်အား ကောင်းစေတဲ့ အိုမီဂါ ၃ အဆီတွေ များစွာ ပါဝင်တာကြောင့်ပါ။ ဦးနှောက်ဟာ အဆီ ၆၀ ရာခိုင်နှုန်းကျော်နဲ့ တည်ဆောက် ထားပါတယ် ။ ဦးနှောက် ဆဲလ်တွေ ကောင်းကောင်း အလုပ်လုပ် နိုင်ဖို့ အဆီတည်ဆောက်ရာမှာ အိုမီဂါ ၃ အဆီ လိုအပ်ပါတယ် ။

(၇) သည်းခြေ ကျောက်တည်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ် ။ အမျိုးသမီး ရှစ်သောင်းကျော်ကို နှစ် ၂၀ ကြာလေ့လာမှုအရ တစ်ပတ်မှာ သစ်ကြားသီးလို အခွံ မာတဲ့ အစေ့အဆန် တစ်အောင်စ စားတဲ့ အမျိုးသမီးတွေက မစားသူ တွေထက် သည်းခြေကျောက် တည်နိုင်ခြေ ၂၅ ရာခိုင်နှုန်းလျော့နည်း ကြောင်း သိရပါတယ် ။ တစ်အောင်စဆို တာ ပျမ်းမျှ အားဖြင့် သစ်ကြားသီး အစေ့ ၂၈စေ့ခန့်နဲ့ ညီမျှပါတယ် ။ ဒါမှမဟုတ် နေ့လယ်စာစားပြီးချိန်မှာ သစ်ကြားသီး လက်တစ်ဆုပ်စာ ပမာဏကို စားပေးရင်လည်း သည်းခြေ ကျောက်တည်တာ အပါအဝင် သည်းခြေအိတ် ဆိုင်ရာ ရောဂါ တွေကို ကာကွယ် ပေးနိုင်ပါတယ် ။

(၈) ကောင်းကောင်း အိပ်မောကျစေ ပါတယ် ညစာစားရာမှာ ဟင်းရွက် သုပ်ထဲ သစ်ကြားသီး ထည့်စားပေးရင် ကောင်းကောင်း အိပ်မောကျ စေပါတယ် ။ သစ်ကြား သီးမှာပါတဲ့ မယ်လတို နင်ဟာ ညဆိုင်းအ လုပ်လုပ်ရသူ ၊ လေယာဉ်အကြာကြီးစီးရ သူတွေမှာ အိပ်ရေးဝ၀ အိပ်ပျော် စေပါတယ် ။

(၉) ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှု ကို တွန်းလှန်နိုင်ပါတယ် ။ သစ်ကြား သီးကို စားရင် ဖရီးရယ် ဒီကယ်ကြောင့် ထိခိုက်မှုဖြစ်လာတဲ့ ရောဂါတွေကို ကာကွယ် ပေးပါတယ် ။ ဥပမာ ကင်ဆာရော ဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပြီး နှလုံးသွေးကြော ဆိုင်ရာ ရောဂါနဲ့ ပါကင် ဆန်ရောဂါ၊ အယ်လ်ဇိုင်းမား ရောဂါ တို့လို ရောဂါတွေကို သက်သာ စေပါတယ်။

(၁၀) အရိုး ကျန်းမာရေးကို ကောင်းမွန် ပေးပါတယ် ။ သစ်ကြားသီးမှာပါတဲ့ Alpha linolenic acidဟာ အရိုးဖြစ်ပျက်မှုကို အလွန်အမင်းမဖြစ်အောင် ကာကွယ်ပေး တာကြောင့် အရိုး ကျန်းမာရေးကို ကောင်းမွန် စေပါတယ် ။ သစ်ကြားသီးမှာ အိုမီဂါ ၃ အဆီပါဝင်မှုကြောင့် အရိုးထုထည် ဆုံးရှုံးမှု မဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ် ။

Ref; Medical Facts — with Hlynn Pyae Aung and Marlar Win.