အရွယ်အစားသေးငယ်ပြီး လက်သည်းသာသာလောက်ပဲရှိတဲ့ လေးညှင့်ပွင့်တွေဟာ ချိုမြိန်ပြီးတမျိုးလေးစူးရှတဲ့ရနံ့ရှိလို့ ဟင်းချက်တဲ့အခါ၊ မုန့်ဖုတ်တဲ့အခါများတွင် အသုံးပြုလေ့ရှိပါတယ်။ ဟင်းချက်တဲ့နေရာမှာသာမကပဲ သင့်ခန္ဓာကိုယ်ကို ကျန်းကျန်းမာမာနဲ့ ရောဂါပိုးများမှကင်းဝေးစေဖို့ ပြုလုပ်ရာတွင်လည်း အရေးကြီးအခန်းကဏ္ဍကနေပါဝင်နေပါတယ်။

အစွမ်းသတ္တိအမြောက်အမြားပါဝင်ပြီး ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ဖော့စ်ဖောရပ်စ်၊ သံဓာတ်၊ အိုင်အိုဒင်း၊ ဗီတာမင်ကေနှင့်စီ၊ အိုမီဂါသရီး fatty acids၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်တို့လည်း ကြွယ်ဝပါတယ်။ ဒါကြောင့် လေးညှင်းပွင့်တွေက ဘယ်လိုကောင်းကျိုးတွေပေးစွမ်းနိုင်သလဲ သိနိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။

၁။ သွားနာကျင်မှုကိုသက်သာစေခြင်း

လေးညှင်းဆီအနည်းငယ်ကို ဂွမ်းလုံးပေါ်ဆွတ်ပေးပြီး နာကျင်နေသည့်သွားပေါ်နှင့်အနီးအနားက သွားဖုံးတွေကို ပွတ်ပေးပါ။ ဒါမှမဟုတ် လေးညှင်းပွင့်နှစ်ပွင့်ကို ကြိတ်ပြီးသံလွင်ဆီအနည်းငယ်ရောကာ နာကျင်နေသည့်နေရာပေါ်တွင် လိမ်းပေးနိုင်ပါတယ်။

၂။ ခံတွင်းနံဆိုးကိုဖယ်ရှားပေးခြင်း

အာခံတွင်းနံ့ဆိုးရွားစေတဲ့ ဘတ်တီးရီးယားများကို သတ်ပေးနိုင်လို့ လေးညှင့်ပွင့်အနည်းငယ်ကို ရိုးရိုးလေးဝါးပေးပြီး နောက်မိနစ်အနည်းငယ်အတွင်း ခံတွင်းနံ့ဆိုးလုံးဝပျောက်ကင်းသွာတာကို တွေ့မြင်နိုင်မှာပါ။

၃။ မူးဝေအော့အန်မှုကိုကုသပေးခြင်း

ကိုယ်ဝန်ဆောင်တဲ့အချိန်ဖြစ်ပေါ်တတ်တဲ့ ရင်ထဲမကောင်းခြင်း၊ ဝမ်းကြီးနာဆွဲခြင်းတို့ကို ကုသဖြေရှင်းရန်အတွက် လေးညှင်းပွင့်များကို အသုံးပြုပေးနိုင်ပါတယ်။

လက်ကိုင်ပုဝါပေါ် လေးညှင်းဆီအစက်အနည်းငယ်ချပြီး ရနံ့ကိုရှူရှိုက်ပေးနိုင်သလို လေးညှင်းတစ်ပွင့်၊နှစ်ပွင့်ကိုလည်း ဝါးပေးနိုင်ပါတယ်။

၄။ အစာခြေဖျက်အားကောင်းစေခြင်း

လေးညှင်းပွင့်တွင်ပါဝင်သည့်အဆီများသည် ရောင်ရမ်းမှုကိုလျော့ကျစေရန်နှင့် အစာအိမ်အတွင်းရှိ ဆိုးရွားသောဘတ်တီးရီးယားများကို သေစေနိုင်ရန် အထူးသက်ရောက်မှုရှိပါတယ်။ သင်စားသောက်သည့်အစားအစာထဲတွင် လေးညှင်းပွင့်အနည်းငယ်ထည့်သွင်းပေးတာဖြစ်စေ၊ အစာစားပြီး ဝါးစားပေးတာပဲဖြစ်စေ လုပ်ဆောင်ပေးနိုင်ပါတယ်။

၅။ ခေါင်းကိုက်သက်သာစေခြင်း

စိတ်ရှုပ်ထွေးမှု၊အအေးမိဖျားနာခြင်းတို့ကြောင့် ခေါင်းကိုက်လာတဲ့အခါ လေးညှင်းအဆီက အမြန်ပျောက်ကင်းဖို့ ကူညီပေးနိုင်ပါတယ်။ လေးညှင်းအဆီအစက်အနည်းငယ်ကို အဝတ်အစ သို့မဟုတ် တစ်ရှူးပေါ်သို့ချလိုက်ပြီး သွေးကြောပွင့်သွားစေဖို့ ၁၅ မိနစ်ကြာထားပေးပါ။

၆။ ဝက်ခြံဖယ်ရှားပေးခြင်း

အမည်းစက်များ၊ ဆားဝက်ခြံများ၊ ဝက်ခြံများ၊ ယားယံခြင်းတို့လည် အသားအရေပြဿနာတွေကို လေးညှင်းပွင့်က ဖယ်ရှားပေးနိုင်ပါတယ်။ လေးညှင်းဆီနဲ့အုန်းဆီကို ၁:၁၀ အချိုးအစားနဲ့ပေါင်းစပ်ပြီး ဂွမ်းလုံးကိုအသုံးပြု၍ ဖြစ်ပေါ်နေသည့်နေရာပေါ်သို့ တနေ့နှစ်ကြိမ်လိမ်းခြယ်ပေးနိုင်ပါတယ်။