ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ငရုပ်သီးရဲ့ အံ့ဖွယ်ကောင်းကျိုး (၅) မျိုး

August 7, 2016

ငရုပ်သီးရဲ့ အံ့ဖွယ်ကောင်းကျိုး (၅) မျိုး

Share this on:

ရွှေမြင်ရင် သွားရေမကျ၊ ငရုပ်သီးမြင်မှ သွားရေကျ-ဆိုတဲ့ စကားလေး ကြားဖူးမယ် ထင်ပါတယ်။ ငရုပ်
သီးဟာ မြန်မာတွေအတွက်တော့ မရှိမဖြစ် စားစရာဖြစ်ပြီး ထမင်းမြိန်စေတဲ့ သီးနှံလေးပါ။ ၀ရမ်းထောင်း
ထောင်းပြီးစားတာလည်း ရှိသလို၊ အစိမ်းလိုက် ကတ်ကြေးနဲ့ကိုက်ပြီး ငပိ၊ ပုဇွန်ခြောက်ကလေးနည်းနည်း
နဲ့ ချက်စားလည်း အဆင်ပြေပါတယ်၊ ငံပြာရည်ချက်နဲ့၊ ငပိရည်ထဲမှာလည်း မပါမဖြစ်ပေါ့။ ငရုပ်သီးဟာ
ကျန်းမာရေးအရလည်း လူကို ကောင်းကျိုး (5) မျိုး ပေးနိုင်ပါတယ်။

1. သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးတယ်။

ငရုပ်သီးမှာ Capsaicin လို့ခေါ်တဲ့ ဓာတ်ပါဝင်ပါတယ်။ တစ်နေ့တာ အစားအစာတွေရဲ့ ဓာတ်ပြုမှုကြောင့်
သွေးတွင်းကို ရောက်စေနိုင်မယ့် သကြားဓာတ် 60% ကို ချေဖြတ်နိုင်စွမ်းရှိပါတယ်။ သွေးတွင်းမှာ
ကိုလက်စထရောဓာတ်ကို အချိန်တိုအတွင်း ထိရောက်စွာနဲ့ လျှော့ချပေးတာကတော့ ငရုပ်သီးကို
ဘယ်သီးနှံမှ မမီပါဘူး။

2. သွေးလည်ပတ်မှုကောင်းစေခြင်း၊ နှလုံးရောဂါ၊ သွေးကြောပိတ်ရောဂါကို
ကာကွယ်ပေးနိုင်တယ်။

ဗီတာမင် C ဓာတ်လည်း ငရုပ်သီးထဲမှာ ပမာဏများစွာ ပါဝင်ပါတယ်။ ဒါကြောင့် သွေးလည်ပတ်မှု စနစ်
ကို ကောင်းမွန်စေပြီး သွေးခဲတွေနဲ့ သွေးကြောပိတ်ခြင်းတွေကို အထူးကာကွယ်နိုင်ပါတယ်။ သွေးတွင်း
ကိုလက်စထရောဓာတ်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်တာကြောင့် နှလုံးရောဂါကိုလည်း ကာကွယ်
ပေးရာ ရောက်ပါတယ်။

3. အသက်ရှုလမ်းကြောင်းပိတ်ခြင်း၊ အသက်ရှုကြပ်ခြင်းကို တားဆီးပေးနိုင်တယ်။

ရုတ်တရက် အသက်ရှုကြပ်တဲ့အခါ အသက်ချက်ချင်း သေဆုံးနိုင်ခြေကို ဖြစ်စေပါတယ်။ ငရုပ်သီးဟာ
အသက်ရှုလမ်းကြောင်း ပိတ်ခြင်း၊ အသက်ရှုရ ကြပ်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

4. ဆီးကြိတ်ကင်ဆာကို ကာကွယ်ပေးနိုင်တယ်။

အမျိုးသားများမှာ အဖြစ်များလေ့ရှိတဲ့ ဆီးကြိတ်ကင်ဆာကို ငရုတ်သီး နေ့စဉ် အနည်းငယ် စားပေးရုံနဲ့
စိတ်ချလက်ချ ကာကွယ်ပေးနိုင်ပါတယ်။

5. အစာအိပ်ကင်ဆာမဖြစ်ဖို့ တာဝန်ယူနိုင်တယ်။

ငရုပ်သီးမှာ ဗီတာမင် C နဲ့ အခြား အကျိုးပြုဓာတ်ပေါင်းတွေ ပါဝင်လို့ အစာအိမ်ကိုကင်ဆာရောဂါတွေ
မကူးစက်နိုင်အောင် တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် အခြားကင်ဆာရောဂါတွေအတွက်လည်း ကြို
တင်တားဆီးပေးနိုင်ပြီး အမျိုးသမီးများအတွက် သားအိမ်ခေါင်း ကင်ဆာကိုလည်း တိုက်ဖြတ်ပေးနိုင်
ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

0 (0 Votes)