လက်နဲ့ အစားအစာများ စားခြင်းဟာ ခန္ဓ္ဓာကိုယ် အတွက်တင်မက စိတ်ကိုပါ ကျန်းမာစေတယ်လို့ ရှေးအဆို ရှိခဲ့ပါတယ်။ အိန္ဒိယ လူမျိုး အများစုကတော့ ဒီသဘောတရားကို ယုံကြည်နေဆဲပါပဲ။ အရှေ့တောင်အာရှမှာတော့ တချို့လူတွေဟာ လက်နဲ့ စားနေကြတုန်းပါပဲ မြန်မာ အပါအဝင်ပေါ့။

ငပိရည် တို့စရာနဲ့ဆိုရင် လက်နဲ့ အားရပါးရ စားလိုက်ရမှ ကျေနပ်ကြတာ မြန်မာလူမျိုး အများစုပါ။ တစ်ခု ရှိတာကတော့ အစာမစားခင် လက်ကို စင်ကြယ်ဖို့ ဆပ်ပြာနဲ့ ဆေးကြောဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် လက်ကနေတဆင့် ဝင်နိုင်တဲ့ ရောဂါပိုးမွှားတွေက သင့်ကို ဒုက္ခပေးပါလိမ့်မယ်။

လက်နဲ့ အစားအစာတွေ စားရာမှာ အထူးသဖြင့် ထမင်းစားရာမှာ လက်ငါးချောင်းစလုံး စုပေါင်းပြီးမှ တစ်ညီတညွှတ်တည်း အလုပ်လုပ်ကြတာကို သတိထားမိမှာပါ။ ကလေးတွေဟာ သူတို့ လက်မကို စုပ်နေတတ်ကို မြင်ဖူးကြမှာပါ အဲ့ဒါက သဘာဝတရား အရ အစာကြေခြင်း စနစ်ကို အထောက်အကူပေးပါတယ်။

လက်မဟာ အာကာသလို့တောင် ပြောတတ်ကြပြီး လက်ညိုးဟာ လေ၊ လက်သူကြွယ်ဟာ မြေ၊ လက်ခလယ်ဟာ မီးနဲ့ လက်သန်းဟာ ရေလို့ ပြောတတ်ကြပါတယ်။ အဲ့ဒီ ၅ချောင်းစလုံးဟာ အတူတကွ အလုပ်လုပ်ကြတဲ့ အခါ ခနာကိုယ်ရဲ့ ရောဂါတွေကို တားဆီးနိုင်တယ်လို့ ရှေးအိန္ဒိယတွေက အယူ ရှိကြပါတယ်။ ဒါကြောင့် အစာမကြေတာတို့ ရင်ခံတာတို့ ဖြစ်နေရင် အစားအစာတွေကို လက်နဲ့ စားကြည့်ဖို့ အကြံပေးချင်ပါတယ်။

အစာကြေဖျက်မှု အားကောင်းတဲ့ အတွက် အဆီတွေကို အလွယ်အကူ ချေဖျက်နိုင်ပါတယ်။ ဝိတ်ထိန်းနေသူတွေ ဆိုရင်တော့ လက်နဲ့ စားကြည့်ပြီး စမ်းသပ်သင့်ပါတယ်။

အစားအစာတွေကို လက်နဲ့ ထိလိုက်တဲ့ အချိန်မှာ ဦးနှောက်က အစာအိမ်ဆီကို သတင်း ပို့ပါတယ် စားဖို့ အတွက်၊ အစာကြေဖို့ အတွက်ပါ။ ဒါကြောင့်မို့ အစာအိမ်ဟာ အစာတွေကို လက်ခံ ရရှိတာနဲ့ အစာကြေဖို့ အသင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။ Clinical Nutrition အဆိုအရ ဆီးချိုသမား အများစုဟာ အစာကို မြန်မြန် စားတတ်တဲ့ လူတွေ ဖြစ်လေ့ ရှိတယ်လို့ ဆိုပါတယ်။

တစ်ခါတရံမှာ မမျှော်လင့်ဘဲ အစားတွေကို မြန်မြန်စားဖြစ်ကြပါတယ်။ အဲ့ဒီအချိန်တွေမျာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး ဘာမှ မသိ ဘာမှမခံစားလိုက်ရတဲ့ အနေအထားမျိုးတွေ ဖြစ်သွားပါတယ်။ အစားအစာတွေကို မြန်မြန်စားရတော့မယ်ဆိုရင် ဇွန်းတွေ ခက်ရင်းတွေကို ပစ်ချပြီး စားဖို့ တစ်ခုထဲကို အာရုံစိုက်လိုက်ပါ။

လက်ကို စင်ကြယ်အောင် ဆေးပြီး လက်နဲ့ စားမယ်ဆိုရင် အစာကြေဖို့ မြန်မှာ ဖြစ်တဲ့ အတွက် သက်တောင့်သက်သာ ဖြစ်စေမယ့် အနေအထားကို အံ့သြဖွယ် တွေ့ရပါလိမ့်မယ်။

သင့်ရဲ့ လက်တွေကိုတော့ သန့်ရှင်းနေဖို့ ဂရုစိုက်ပါ။ လက်သည်းတွေထဲမှာ မမြင်ရတဲ့ ပိုးမွှားတွေ ခိုအောင်းနေနိုင်လို့ အစာမစားခင် လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးပါ။

Photo: Deeneez.com