ခရမ်းသီးမှာ ကယ်လိုရီပါဝင်မှုနည်းပေမယ့် ရေဓာတ်ပါဝင်မှုများပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန် ကျချင်သူတွေ စားပေးသင့်ပါတယ်။

ခရမ်းသီးက သွေးလည်ပတ်မှုကောင်းစေပြီး စွမ်းအားရှိ Antioxidants တွေ အများကြီးပါဝင်ပါတယ်။

နှလုံး ကျန်းမာရေး အတွက် ကောင်းမွန်

ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် နှလုံးခုန်နှုန်းကို ထိန်းညှိပေးပါတယ်။ အဲ့ဒီအပြင် Flavonoids ပါဝင်တာကြောင့် သွေးအတွင်း မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ချပေးပြီး ကောင်းတဲ့ ကိုလက်စထရောတွေကို ထောက်ပံ့ပေးပါတယ်။

ဒါ့ကြောင့် နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

Free Radicals တွေကို တိုက်ဖျက်ပေး

ခရမ်းသီးမှာ Antioxidants တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကင်ဆာရောဂါကို ဖြစ်စေနိုင်တဲ့ Free Radicals တွေကို တိုက်ဖျက်ပေးပါတယ်။ အသက်အရွယ်ကြောင့် ဆဲလ်တွေ ပျက်စီးလာတာတွေကိုလည်း ကာကွယ်ပေးပါတယ်။

အဲ့ဒီအပြင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။

ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေး

ခရမ်းသီးထဲမှာ Phytonutrients ဓာတ်ပါဝင်တကြောင့် ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ဦးနှောက်ထဲကို သွေးစီးဆင်းမှုအားကောင်းအောင် ကူညီပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ဒါ့ကြောင့် မှတ်ဉာဏ်တွေပိုကောင်းပြီး ဝေဖန်စဉ်းစားနိုင်စွမ်းကိုလည်း အထောက်အကူပြုပါတယ်။

ကိုယ်အလေးချိန်ကိုလျော့ချပေး

ခရမ်းသီးမှာ အမျှင်ဓာတ်တွေအများကြီးပါဝင်တာကြောင့် အစာခြေစနစ်ကို မျှတစေပါတယ်။ ကယ်လိုရီပါဝင်မှုလည်း နည်းပြီး ရေဓာတ်ပါဝင်မှုများတာကြောင့် အချိန်အကြာကြီး ဗိုက်ပြည့်နေသလို ခံစားရမှာပါ။

အမြင်အာရုံကို ကောင်းစေ

ခရမ်းသီးမှာ Anthocyanin ဓာတ်ပါဝင်တာကြောင့် အမြင်အာရုံအတွက်ကောင်းပြီး တိမ်တွေမဖြစ်လာအောင်လည်း ကာကွယ်ပေးပါတယ်။

အရိုး ကျန်းမာရေးကို အထောက်အကူပြု

ခရမ်းသီးမှာ Phenolic ကွန်ပေါင်းတွေ ပါဝင်တာကြောင့် အရိုးတွေကို သန်မာစေပြီး အရိုးပွရောဂါကို ကာကွယ်ပေးပါတယ်။

အဲ့ဒီအပြင် ကယ်ဆီယမ်ဓာတ်လည်း ကြွယ်ဝစွာပါဝင်တာကြောင့် အရိုးတွေကို သန်မာစေပါတယ်။

Featured Image Source: trouw.nl