ဟော့ပေါ့ စားရင်ပဲဖြစ်ဖြစ်။ ခေါက်ဆွဲပြုတ်စားရင်ပဲဖြစ်ဖြစ် အပ်မှိုလေးကိုတော့ မဖြစ်မနေ စားလိုက်ရမှ ဆိုတဲ့ စာဖတ်သူတွေရှိမယ်ထင်ပါတယ်နော်။ ကမ္ဘာနဲ့အဝှမ်းမှာ စိုက်ပျိုးထားတဲ့ အပ်မှိုအမျိုးအစားပေါင် များစွာရှိတဲ့ထဲကမှ အဖြူရောင်နဲ့ အညိုဖျော့ရောင်လေးက လူကြိုက်များကြပါတယ်။ အဖြူရောင်ကိုတော့ စူပါမားကတ်တွေမှာ အများစုရောင်းချလေ့ရှိပါတယ်။

Source: Shutterstock

၁။ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်တယ်။

အပ်မှိုမှာ Antioxidant အပါအဝင် အဟာရဓါတ်တွေများစွာပါဝင်ပါတယ်။ အပ်မှိုမှာ Amonio Acid လည်းပါဝင်ပါတယ်။ ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်လို့ တခြားရောဂါပိုးမွှားတွေ ဝင်ရောက်ခြင်းက ကာကွယ်ပေးနိုင်ပါတယ်။

၂။ အဆီတွေကျစေတယ်

သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ မလိုအပ်တဲ့ အဆီပိုတွေကို လျှော့ကျစေပါတယ်။ အူတွင်းမှာရှိတဲ့ အဆီတွေကို လျှော့ချပေးလို့ ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်။

Source: The Sophisticated Caveman

၃။ သကြားဓါတ်ကို မျှတစေတယ်။

အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ ကိုလက်စထရောကိုလျှော့ကျစေပါတယ်။ ဒါ့အပြင် အဲဒီအမျှင်ဓါတ်တွေက သွေးတွင်းသကြားဓါတ်ပါဝင်မှုကို ထိန်းထားပေးနိုင်ပါတယ်။

၄။ ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးတယ်။

အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့ ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ အမျိုးသမီးတွေရော အမျိုးသားတွေရော လူကြီးလူငယ်တွေပါ စားသုံးပေးသင့်ပါတယ်။

Source: Livesey Brothers

၅။ မှတ်ဉာဏ်တိုးတက်စေတယ်။

အပ်မှိုမှာပါဝင်တဲ့ Amino Acid တွေက မှတ်ဉာဏ်တိုးတက်စေပါတယ်။ သင့်ကိုကျန်းမာစေမယ့်အပြင် မှတ်ဉာဏ်ကိုပါ တိုးတက်စေလို့ စားပေးသင့်ပါတယ်။

၆။ ဇီဝဖြစ်စဉ်ကို မြင့်တင်ပေးတယ်။

သင့်ရဲ့ ဇီဝဖြစ်စဉ်ကိုမြင့်တင်ပေးနိုင်လို့ အဟာရစုပ်ယူမှုကို အားကောင်းစေပါတယ်။

Featured Image Source: One Green Planet