ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ငါးစားခြင်းရဲ့ ကောင်းကျိုး (၉) မျိုး

August 7, 2016

ငါးစားခြင်းရဲ့ ကောင်းကျိုး (၉) မျိုး

Share this on:

ငါးအမျိုးအစား စုံလင်လှပါတယ်။ မျိုးစိပ်ပေါင်း 33100 အထိ ရှိတယ်လို့ သိရပြီး အချို့ငါးတွေကတော့
စားလို့မရတာမျိုး ရှိပါတယ်။ ငါး တော်တော်များများကတော့ လက်ဆက်တဲ့ အသားနဲ့ သန့်ရှင်းတဲ့ အား
ကို ပေးစွမ်းနိုင်တဲ့ အာဟာရဓာတ်တွေ ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ShweMOM ပရိသတ်ကြီးအ
တွက် ငါးသားစားခြင်းရဲ့ ကောင်းကျိုး (9) မျိုးကို ဖော်ပြလိုက်ပါတယ်။

1. နှလုံးရောဂါကို ကာကွယ်ပေးနိုင်တယ်။

ငါးကို နေ့စဉ်စားသုံးပေးခြင်းဖြင့် နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ အမေရိကန်ကနေ ထုတ်ပြန်
ခဲ့တဲ့ စစ်တမ်းမှာ ငါး ပုံမှန်စားတဲ့ အမျိုးသမီးတွေအဟာ နှလုံးရောဂါဖြစ်ခြင်းမရှိဘူးလို့ အခိုင်အမာဆို
ထားပါတယ်။ အမျိုးသားများကတော့ ပုံမှန်ငါးကိုစားပေးပါက မစားသူတွေထက် နှလုံးရောဂါဖြစ်နိုင်ချေ
15% လျှောချနိုင်ပါတယ်။

2. စိတ်ဖိအားကို လျှော့နည်းစေနိုင်တယ်။

ငါးမှာ ပါတဲ့ Omega-3 Fatty Acid ဓာတ်ဟာ စိတ်ကျရောဂါ၊ စိတ်သိမ်ငယ်ခြင်း၊ စိတ်ဖိအားအမျိုးမျိုးကို
သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ငါးကို ပုံမှန်စားပေးပါက ရုတ်တရက်ဟိုမုန်းပြောင်းလဲခြင်းကြောင့်
ဖြစ်တတ်တဲ့ စိတ်ဖိအားနဲ့ စိတ်ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

3. ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေတယ်။

ကလေးငယ်တွေ မှတ်ဉာဏ်ဖွံ့ဖြိုးစေလိုပါက ငါးကို ပုံစံအမျိုးမျိုးနဲ့ လုပ်ကျွေးသင့်ပါတယ်။ Omega-3 Fatty
Acid ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ငါးအသားဟာ ဦးနှောက်ဆဲလ်များ ကြီးထွားခြင်းကိုလည်း အားပေးပြီး ကောင်း
မွန်တဲ့ ဉာဏ်ရည်ကို ဖြစ်စေနိုင်ပါတယ်။

4. အမျိုးသားများအတွက် အထူးသင့်တော်

ငါးကို ပုံမှန်စားပေးတဲ့ အမျိုးသားများအတွက် ပန်းသေပန်းညှိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင်
ဆန္ဒစောခြင်းနဲ့ လိင်စိတ်မပြည့်ဝခြင်းကိုလည်း ဖြည့်ဆည်းပေးနိုင်ပြီး ကျန်းမာတဲ့ ခင်ပွန်းသည်ဘ၀ကို ပိုင်ဆိုင်
စေပါတယ်။

5. အဆီကျစေနိုင်တယ်။

ငါးမှာ ပရိုတိန်းဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ အဆီဓာတ် နည်းပါးလှပြီး ပါဝင်တဲ့ Omega-3 Fatty Acid
ဓာတ်ကလည်း အဆီကို အလျှင်အမြန်ကျဆင်းစေနိုင်တဲ့ သတ္တိရှိပါတယ်။ ကယ်လိုရီလောင်ကျွမ်းမှုကို
လျှင်မြန်စေနိုင်ပြီး ၀ိတ်ကို ကျဆင်းစေနိုင်ပါတယ်။

6. အသားအရေကို လှပစေနိုင်တယ်။

စွယ်စုံသုံး Omega-3 Fatty Acid ဓာတ်ဟာ အသားအရေကိုလည်း ကြည်လင်သန့်ရှင်းစေနိုင်ပါတယ်။
ဒါ့အပြင် အသားရေ ခြောက်သွေ့ခြင်း၊ အက်ခြင်းများကို ကင်းဝေးစေပြီး နူးညံ့တဲ့အသားအရေကို ပိုင်ဆိုင်
စေမှာပါ။

7. အမြင်ကို ကြည်လင်စေတယ်။

ငါးကို ပုံမှန်စားပေးပါက အမြင်အာရုံ မှုန်ဝါးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ်ကြောင့်
အမြင်အာရုံေ၀၀ါးသူ အဘိုးအဘွားတွေ ပုံမှန်စားသုံးသင့်တဲ့ အစားအစာဖြစ်ပြီး ကျောင်းသား/ကျောင်း
သူတွေလည်း လက်မလွှတ်သင့်ပါဘူး။

8. ကောင်းမွန်စွာ အိပ်စက်စေတယ်။

ငါးဟင်းဟာ ဖိအားအမျိုးမျိုးကို ကင်းစင်စေနိုင်ပါတယ်။ ဦးနှောက် ကြည်လင်သန့်ရှင်းမှုကို အထောက်
အပံ့ပေးနိုင်လို့ အိပ်စက်ရာမှာလည်း စိတ်လက်ကြည်ကြည်လင်လင်နဲ့ အိပ်စက်ရစေတဲ့ ကောင်းကျိုး
ကို ပေးနိုင်ပါတယ်။

9. ကလေးပန်းနာကို ပျောက်ကင်းစေနိုင်တယ်။

ကလေးငယ်လေးတွေ ပန်းနာရင်ကြပ်ချောင်းဆိုး ဖြစ်ချင်းကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။
ဒါကြောင့် ကလေးငယ်တွေရဲ့ ပုံမှန်အစားအစာထဲမှာ ငါးဟင်းဟာ ပါဝင်သင့်တဲ့ဟင်းလျှာဖြစ်ပြီး ရောဂါမှန်
သမျှကိုကိုလည်း ကြိုတင်ကာကွယ်ထားရာ ရောက်ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

0 (0 Votes)