ဆလပ်ရွက်ကို အစိမ်းရောင် မုန်လာရွက်လို့လဲ ခေါ်ကြပါတယ်။ ဆလပ်ရွက်ကို တခြား အစားအစာတွေနဲ့ တွဲဖက်စားတဲ့ အရွက်အနေနဲ့ စားသုံးကြပြီးတော့ တို့စရာအနေနဲ့လည်း စားကြပါတယ်။ မြန်မာပြည်မှာတော့ ဘူးသီးကြော်နဲ့ ဆလပ်ရွက်ဟာ ခွဲမရတဲ့ အတွဲတွေပါပဲ။ ကမ္ဘာ့အာဟာရပညာရှင်တွေ ပြောတဲ့ အာဟာရပြည့်ဝပြီး ကျန်းမာစေတဲ့ အရွက်တစ်မျိုးဟာ ဆလပ်ရွက်လို့ ဆိုပါတယ်။ ဒီအစိမ်းရောင် အရွက်ဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေပြီးတော့ ကိုယ်ခန္ဓာအတွက် အကျိုးုကျေးဇူးတွေ ပေးတယ်ဆိုတာ သိပ်တော့ သတိမထားမိကြပါဘူး။

အစိမ်းရောင် ဆလပ်ရွက်တွေရဲ့ ကျန်းမာရေး အကျိုးပြုပုံ တစ်ချို့ကို မျှဝေချင်ပါတယ်။

၁။ ခုခံအားကို တိုးမြှင့်စေနိုင်

ဆလပ်ရွက်မှာ အာဟာရဓာတ် ပါဝင်မှု ပမာဏ များပြားတာကြောင့် ကိုယ်တွင်း စွမ်းအင်တွေကို တိုးမြှင့်စေပြီး ရောဂါတွေကို ခုခံနိုင်အား တက်စေပါတယ်။ ကူးစက်ရောဂါတွေနဲ့ ပိုးမွှားတွေကို တိုက်ခိုက်နိုင်တဲ့ ကိုယ်ခံအားကိုလည်း တိုးမြှင့်ပေးပါတယ်။

၂။ မျက်လုံးအတွက် ကောင်းမွန်

အစိမ်းအရွက်တွေဟာ မျက်စိကို အားကောင်းစေပါတယ်။ ဆလပ်ရွက်မှာ ဗီတာမင် အေ ပါဝင်ပြီး အမြင်အာရုံ ချို့ယွင်းမှုတွေကို ကာကွယ်ပေးပါတယ်။ အတွင်းတိမ် ဖြစ်ပွားမှုကို တားဆီးပေးတဲ့ အပြင် အမြင်မကြည်တာ မျက်ဝတ်ထွက်တာတွေကို သက်သာစေပါတယ်။

၃။ ကင်ဆာကို ကာကွယ်နိုင်

သကြားဓာတ်က ကင်ဆာဆဲလ်တွေကို ကြီးထွားစေနိုင်

ဆလပ်ရွက်မှာ Antioxidants ပါဝင်ပြီး ကင်ဆာဖြစ်ပြီး သေဆုံးမယ့် အန္တာရာယ်ကို လျော့ချပေးပါတယ်။

၄။ ကိုယ်ထဲက အဆိပ်တွေကို လျော့ချပေး

Detox Water တွေ သောက်သလို ဆလပ်ရွက်ကို ပုံမှန်စားပေးခြင်းဟာလည်း ကိုယ်ထဲက အဆိပ်တွေကို ထုတ်ပေးနိုင်ပြီး အသည်းကျန်းမာရေးကို အများကြီး အထောက်အကူ ဖြစ်စေပါတယ်။ အဆီဓာတ် မပါဝင်တဲ့အတွက်လည်း ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။

၅။ ရောင်ရမ်းခြင်းနဲ့ လျှော့ကျစေနိုင်

ဆလပ်ရွက်မှာ Omega 3 Fatty Acid ပါဝင်တာကြောင့် ကြွက်သားတွေ နာကျင်တာ အသားရောင်ရမ်းတာတွေကနေ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် လည်ချောင်းနာခြင်း အသက်ရှုကြပ်ခြင်းနဲ့ ရင်ကြပ်ရောဂါတွေ မဖြစ်အောင်လည်း တားဆီးပေးပါတယ်။
ဆလပ်ရွက်ရဲ့ အရသာကို အတိအကျ ပြောဖို့ ခက်ခဲပေမယ့် တို့စရာအဖြစ် စားသုံးရင်တော့ တရွှတ်ရွှတ်နဲ့ စားလို့ ကောင်းတဲ့ အရွက်ပါ။ အစိမ်းစားမယ်ဆိုရင်တော့ ရေကို သေချာဆေးပြီးမှ စားသင့်ပါတယ်။ ဆလပ်ရွက်မှာ လိုတာထက် ပိုပြီး ခါးသက်နေမယ်ဆိုရင်တော့ မြေသြဇာတွေ မပြောင်စင်လို့ပါပဲ။ ဖြစ်နိုင်ရင် ရေခဏ စိမ်ပြီးမှ စားပါ။ မြေသြဇာ မပြောင်တဲ့ အရွက်တွေကို စားမိရင် ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်ပြီး အူနံရံတွေကို ဒုက္ခပေးစေပါတယ်။

Credit: zeenews

Source: thespruceeats.com