Longan ကို မြန်မာလိုဘယ်လိုခေါ်မှန်းမသိလို့ လိုက်ရှာကြည့်တော့ လုံငန်းသီးလို့ တချို့ကဖော်ပြကြသလို တောကြက်မောက်သီးလို့လည်း ဖော်ပြကြတယ် ဒါတင်မကသေးဘူးရှင့် တရုတ်လိုင်ချီးသီးလို့လည်း ဖတ်လိုက်ရပါတယ်။ စာရေးသူတို့ဒေသမှာတော့ ကြောင်မျက်လုံးသီး၊ နဂါးမျက်စေ့သီးလို့ ခေါ်ကြပါတယ်။

Image2-96

စာဖတ်သူတို့ဘယ်လိုခေါ်ကြလည်းဆိုတာလည်း Comment လေးတွေမှာရေးခဲ့ဦးနော်။ ထားပါ အပြင်ကပျော့ဖတ်က အဖြူရာင်ဖြစ်ပြီး အထဲကအစေ့ကအမည်းရောင်ဖြစ်ပါတယ်။ အရည်ခွံကတော့ ညိုဝါရောင်လေးပါ။ အရသာကတော့ တချို့ကလည်း အနံ့ကြောင့်မကြိုက်တဲ့သူရှိပေမယ့် တချို့ကလည်း စွဲစွဲမြဲမြဲကြိုက်ကြပါတယ်။

စာရေးသူတို့မြို့လေးက တရုတ်နယ်စပ်နဲ့နီးတော့ ဒီအသီးလေးတွေလည်း ငယ်ငယ်က မကြာခဏစားဖူးပါတယ်။ ရှမ်းအရှေ့ကို ပြန်ရောက်ရင်လည်း ဝယ်စားဖြစ်တဲ့အသီးလေးပါ။ ဒီအသီးရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဖတ်မိတော့ စာဖတ်သူတို့ကို မျှဝေလိုက်ပါတယ်။

နှလုံးကိုကျန်းမာစေတယ်

benefits-of-basil-protect-your-heart

တရုတ်ရှေးဆေးပညာသီအိုရအရ Longan သီးဟာ နှလုံးကို ကျန်းမာစေတယ်လို့ ဆိုပါတယ်။

ဦးနှောက်ကျန်းမာရေး

brain-function

မျက်လုံးကိုကျန်းမာစေရုံသာမက ဦးနှောက်ကိုလည်း ကျန်းမာစေပါတယ်။ ကြေးနီဓါတ်ပါဝင်လို့ စားပေးသင့်တဲ့အသီးတစ်မျိုးပါ။

အရိုးသန်မာစေတယ်

BoneHealthHero

ကြေးနီဓါတ်ပါဝင်မှုနည်းရင် အရိုးပွရောဂါ အရိုးပျော့ရောဂါ ဖြစ်နို်င်ချေပိုများပါတယ်။ ဒါ့ကြောင့် နဂါးမျက်လုံးသီး (သို့) Longan သီးမှာ ကြေးနီဓါတ်မြင့်မားစွာပါဝင်လို့ အရိုးကျန်းမာရေးအတွက်စားပေးသင့်ပါတယ်။

အလှအပ

fb18c197c6f0c6e07fb3e89b5f90565c

Longan သီးဟာ အလှအပအတွက်လည်း အထူးကောင်းမွန်တဲ့အသီးပါ။ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပြီး အသားအရေကို နိုပျိုစေပါတယ်။

မျက်လုံးကျန်းမာရေး

481364-eyes

အမြင်အာရုံကိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် သွားနဲ့ သွားဖုံးကိုလည်းကျန်းမာစေပြီး ခံတွင်းဆိုင်ရာပြဿနာတွေကိုလည်း ဖြေရှုင်းပေးနိုင်ပါတယ်။

ဗီတာမင် C

health-benefits-of-longan-fruit

ဗီတာမင် C မြင့်အားစွာပါဝင်လို့ ကိုယ်ခံအာစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါ့ကြောင့်လည်း အအေးမိ ဖျားနာတာမျိုး အလွယ်တကူဖြစ်ပေါ်မှုကို ကူညီပေးနိုင်ပါတယ်။

သွေးအားနည်းရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးခြင်း

သံဓါတ်မြင့်မားစွာပါဝင်ပြီး သွေးအားရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်ပါတယ်။

တခြားကျန်းမာရေးအကျိုးကျေးဇူး

fb18c197c6f0c6e07fb3e89b5f90565c

သွေးကို အဟာရဓါတ်ဖြည့်ပေးနိုင်ပြီး အာရုံကြောစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင်အစာအိမ်နာတာ၊ အိပ်မပျော်တာ သတိမေ့ရောဂါတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။

ကိုယ်ဝန်ဆောင်တွေ စားလို့ရသလား

ချိုတယ် အရသာရှိတယ် ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဒီအသီးကို အများအပြားမစားသင့်ပါဘူး။ အပူဓါတ်မြင့်မားလို့ သန္ဓေသားမူမမှန်တာလည်း ဖြစ်စေပါတယ်။