ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ကြက်သွန်နီရဲ့ အာနိသင် (၈) မျိုး

August 7, 2016

ကြက်သွန်နီရဲ့ အာနိသင် (၈) မျိုး

Share this on:

မြန်မာ့ရိုးရာ ဟင်းခတ်အမွှေးအကြိုင်ထဲမှာ မပါမဖြစ်ကတော့ ကြက်သွန်နီ ဖြစ်ပါတယ်။
ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်နဲ့၊ သဲနှုန်းဆန်တဲ့ မြေတွေပေါ်မှာ စိုက်ပျိုးဖြစ်ထွန်းပြီး မိုး
ရာသီကုန်ဆုံးခါနီးမှသည် ဆောင်းရာသီ အလယ်ပိုင်းအချိန်လောက်ထိ စိုက်ပျိုးထုတ်
လုပ်မှုတွေ လုပ်လို့ရပါတယ်။ အိမ်ရှင်မတိုင်းနဲ့ ရင်းနီးမှုရှိနေတဲ့ ဆေးဘက်ဝင် ကြက်သွန်
နီရဲ့ အာနိသင် (8) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

1. သွေးခဲမှုကို ကာကွယ်ပေးနိုင်တယ်။

ကြက်သွန်နီမှာ ဆာလ်ဖာဓာတ် ပါဝင်လို့ သဘာဝသွေးကျဲဆေး ဖြစ်ပါတယ်။ သွေးကြော
ထဲမှာ သွေးလည်ပတ်စီးဆင်းမှုကို အနှောက်အယှက်ပေးတဲ့ သွေးခဲတွေကို အချိန်တိုအ
တွင်း ကျေစေနိုင်ပါတယ်။

2. ဆိုးကျိုးပေးတဲ့ ကိုလက်စထရောဓာတ်ကို ဖယ်ရှားပေးနိုင်တယ်။

နှလုံးရောဂါဖြစ်စေနိုင်တဲ့ သွေးတွင်း ဆိုးဝါးလှတဲ့ LDLလို့ ခေါ်တဲ့ ကိုလက်စထရောဓာတ်
ပါဝင်မှုကို ကြက်သွန်နီက လျှော့ချဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ကောင်းမွန်တဲ့ ကိုလက်
စထရောလို့ ခေါ်တဲ့ HDL ကိုလက်စထရောဓာတ်ကို ထိန်းချုပ်ပေးနိုင်ပြီး နှလုံးကျန်းမာရေး
ကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

3. ကင်ဆာဆဲလ် အသားပိုထွက်ခြင်းကို ကာကွယ်ပေးနိုင်တယ်။

လူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကနေ ပုံမှန်မဟုတ်တဲ့ ဆဲလ်များ ကြီးထွားလာတဲ့အခါ အသား
ပိုဆိုတဲ့ ပုံစံနဲ့ အပြင်ဘက်မှာ အတော် အကြည့်ရဆိုးပါတယ်။ တစ်ခါတလေ အဲဒီလို ဆဲလ်များ
ကြီးထွားခြင်းဟာ မြစ်ပွားကင်ဆာကဲ့သို့သော ရောဂါဆိုးများ၊ ဦးနှောက်အမြှေးပါးကင်ဆာများ
နဲ့ ဆက်စပ်မှုရှိပါတယ်။ ကြက်သွန်နီဟာ အဲဒီလို ကင်ဆာဆဲလ် အသားပိုထွက်ခြင်း၊ အစာပြွန်
ကင်ဆာ၊ ဆီးကြိတ်ကင်ဆာနဲ့၊ အစာအိမ်ကင်ဆာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

4. ကောင်းမွန်စွာ အိပ်စက်နိုင်စေတယ်။

ကြက်သွန်နီမှာ ဖောလစ်အက်စက်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီဓာတ်ဟာ ဦးနှောက်ထဲ
မှာ သွေးလည်ပတ်စီးဆင်းမှုကို ပုံမှန်ဖြစ်စေပြီး ဦးနှောက်ကနေ Serotonin နဲ့ Dopamine ဆို
တဲ့ ဓာတ်တွေ ထုတ်လွှတ်ရာမှာလည်း အကူအညီပေးပါတယ်။ Serotonin နဲ့ Dopamine ဆို
တဲ့ဓာတ်တွေဟာ ကောင်းမွန်စွာ အိပ်စက်ခြင်းနဲ့ အာရုံစူးစိုက်နိုင်စွမ်ကို အားပေးပါတယ်။

5. ဆံပင်နဲ့ အသားအရေကို ကောင်းမွန်လှပစေတယ်။

ကြက်သွန်နီမှာပါတဲ့ ဗီတာမင် C ဟာ ဆံပင်အဖျားနှစ်ခွဖြစ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဆံပင်ခြောက်
သွေ့ခြင်းကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင် C ဓာတ်ကြောင့် အသားအရေကို ဖြူဝင်း
လှပါစေနိုင်ပါတယ်။

6. အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်။

အစားမှားခြင်းကြောင့် ခန္ဓာကိုယ်ထဲကို အသည်း၊ နှလုံးနဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့
အဆိပ်အတောက်တွေ ၀င်ရောက်ခြင်းကို ကြက်သွန်နီက ကျေညက်စေနိုင်ပါတယ်။ ဒါ့အပြင်
အစာကြေညက်မှုကို ထိရောက်စေပြီး ဗိုက်နာဗိုက်အောင့်ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးပါ
တယ်။

7. အူမကြီးကို ဘေးကင်းစေတယ်။

ကြက်သွန်နီမှာ Dietary Fiber ဆိုတဲ့ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီဓာတ်ဟာ အူမကြီး
ထဲမှာ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကို မွေးဖွားပေးပြီး အူမကြီးကင်ဆာမဖြစ်အောင် အကာ
အကွယ်ပေးနိုင်ပါတယ်။ အဲဒီ Dietary Fiber ဆိုတဲ့ အမျှင်ဓာတ်ဟာ ၀မ်းလျှောခြင်းကိုလည်း မဖြစ်
စေပါဘူး။

8. သွေးပေါင်ချိန် ကျဆင်းခြင်းကို ထိန်းညှိပေးနိုင်တယ်။

ကြက်သွန်နီဟာ သွေးပေါင်ချိန် ပုံမှန်ထက် ကျဆင်းခြင်းကို ထိန်းညှိပေးနိုင်ပါတယ်။ ကြက်သွန်နီမှာ
ပါဝင်တဲ့ Chromium ဓာတ်ဟာ သွေးတိုးရောဂါသည်များအတွက်လည်း အထူးသင့်တော်ပြီး ပုံမှန်
သွေးပေါင်ချိန်ကို ထိန်းပေးနိုင်ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

4.3 (3 Votes)