အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဂေါ်ရခါးသီးကို စားဖြစ်ကြလားရှင့်။ ဂေါ်ရခါးသီးကိုစားပေးခြင်းကနေ ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာရရှိနိုင်ပါတယ်။ အသီးပါမက အရွက်ကိုလည်း စားသုံးကြပါတယ်။

chayote-rigs

IMG_8769

ကယ်လိုရီနည်းတဲ့သစ်သီးဖြစ်ပြီး အဆီမပါဝင်သလို အမျှင်ဓါတ်၊ Antioxidant ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း

ဗီတာမင် C အများအပြားပါဝင်လို့ အအေးမိဖျားနာခြင်းကနေကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။

ဗီတာမင် B ပါဝင်ခြင်း

538

ဗီတာမင် B ကြွယ်ဝစွာပါဝင်လို့ စိတ်ခံစားချက်ကိုကောင်းမွန်စေပြီး စိတ်ကိုတက်ကြွစေသလို ရင်သွေးကိုလည်း ကျန်းမာစွာနဲ့မွေးဖွားနိုင်ဖို့ ကူညီပေးပါတယ်။

နှလုံးရောဂါကာကွယ်ပေးခြင်း

6049454_f520

ဗီတာမင် K ကြွယ်ဝစွာပါဝင်လို့ သွေးခဲခြင်းကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ နှလုံးရောဂါဖြစ်ပွားမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

Antioxidant

Antioxidant တွေကြွယ်ဝစွာပါဝင်လို့ DNA ထိခိုက်မှုကိုကာကွယ်ပေးပြီး ပြုပြင်ပေးနိုင်သလို ကင်ဆာရောဂါဖြစ်ပွားမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အစာချေစနစ်ကိုကောင်းမွန်စေခြင်း

shutterstock_80858410

အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကိုကောင်းမွန်စေပြီး အူကိုသန့်စင်ပေးနိုင်ပါတယ်။

သွေးတိုးကျစေခြင်း

ဂေါ်ရခါးရွက်ကို ရေနွေးနဲ့ကျိုပြီးသောက်ပေးရင် သွေးတိုးကျစေပါတယ်။