ထန်းလျက်ဟာ မြန်မာရိုးရာ အစားအစာ တစ်ခုဖြစ်ပြီး လူတွေရဲ့ ကျန်းမာရေးကိုလည်း အထောက်အကူ ဖြစ်စေတဲ့ ရိုးရာမုန့်ပါ။ ထန်းလျက်ကို မြန်မာတွေက ထမင်းစားပြီးရင် စားတတ်ကြပါတယ်။ အစာကြေလွယ်ပြီး ရင်အေးအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စားကြပါတယ်။

၁။ ထန်းလျက်ကို နေ့စဉ် စားသုံးပေးရင် သွေးသားကို သန့်စင်စေနိုင်ပါတယ်။

၂။ အစာကြေစေညပီး အချိုစားလိုစိတ် ရုတ်တရက် ဖြစ်လာတတ်တဲ့ အခါမျိုးတွေမှာ ထန်းလျက်ကို စားပေးပါ။

Source: Our Global Trek

၃။ ထန်းလျက်ကို ဂျင်းနဲ့ ရောပြီး စားပေးရင် အဆစ်အမြစ် နာကျင် ခြင်းနဲ့ အမျိုးသမီးများ ဓမ္မတာချုပ်ခြင်းကို ကောင်းမွန်စေပါတယ်။

၄။ ထန်းလျက်ကို စားသုံးခြင်းဖြင့် အသားအရေနဲ့ ဆံပင်ကျန်းမာစေပြီး မျက်နှာပေါ်မှာ ဖြစ်လာတတ်တဲ့ ဝက်ခြံနဲ့ အမည်းကွက်ထွက်ခြင်းကို ဟန့်တားနိုင်ပါတယ်။

 palm-sugar

၅။ နေ့တိုင်း ထန်းလျက်ရည်ကို စားပွဲဇွန်း(၁)ဇွန်း သောက်ပေးခြင်းဖြင့် အမျိုးသမီးများ လစဉ်ဓမ္မတာမလာမီ ဖြစ်တတ်တဲ့ ဝမ်းဗိုက်နာကျင်ခြင်းနဲ့ ကိုက်ခဲခြင်းတို့ကို သက်သာစေနိုင်ပါတယ်။

၆။ ကိုယ်ဝန်ဆောင်မိခင်များတွင် ကိုယ်ဝန်လွယ်ပြီး ဖြစ်တတ်တဲ့ သွေးအားနည်းရောဂါကို ကာကွယ်နိုင်ပါတယ်။

၇။ အဆုပ်ပွ၊ ပန်းနာရောဂါတွေ အတွက် နှမ်းနက်နဲ့ တွဲစားပေးပါ။

၈။ အားနည်းခြင်းအတွက် ထန်းလျက်ကို စားပွဲဇွန်း (၁)ဇွန်း တစ်နေ့ (၂)ကြိမ် စားပါ။

၉။ ကြွက်သာားများ သန်စွမ်းစေဖို့ အတွက် နို့နဲ့ ရောသောက်ပါ။

၁၀။ မောပန်းခြင်းတွေ အတွက် တစ်နေ့မှာ ထန်းလျက်စားပွဲတင်ဇွန်း (၁)ဇွန်းသောက်ပါ။

၁၁။ လစဉ် ဓမ္မတာလာစဉ်မှာ နာကျင်မှုတွေ သက်သာဖို့ အတွက် တစ်နေ့လျှင် စားပွဲဇွန်း (၁)ဇွန်းသောက်ပါ။

Credit: Datadoctor

Featured Image Source: myanmardailygazette.com