ကျီးပေါင်းအတွက် MyFood Myanmar က သူငယ်ချင်းတွေကို ဆောင်းပါးရှင် – ကြည်လွင်မြင့်(မုဒြာ)ရဲ့ ဆောင်းပါးလေး ပြန်ပြီး မျှဝေပေးလိုက်ပါတယ်။

သင်္ဘောသီးသည် မြန်မာသာမက တစ်ကမ္ဘာလုံးတွင် စားသုံးကြသော အသီးဖြစ်သည်။ အရသာကောင်းသည်။ ဝမ်းမှန်စေသည့် အစာအဖြစ် စားသုံး ရှေးမြန်မာ လူကြီးများက နံနက်သင်္ဘော၊ ညငှက်ပျောဟု အဆိုရှိကြသည်။ နံနက်စောစော အစာစားပြီး သင်္ဘောသီးမှည့် စားပေးလျှင် အစာကြေစေပြီး ရင်တောင့်ခြင်း၊ ရင်ခံခြင်းမှ ကင်းရှင်းသည်။ ဝမ်းသက်လေကြေစေသည်ဟု ယူဆသည်။

Source: Bio Botanica

ညအိပ်ယာဝင် ငှက်ပျောသီး ဖီးကြမ်း စားပေးလျှင် လေဖိပြီး ညအိပ်ပျော်စေသည်။ နောက်တစ်နေ့နံနက်တွင် ဝမ်းမှန်စေသည်ဟု အယူအဆ ရှိကြသည်။ တိုင်းရင်းမြန်မာ အယူအဆတွင် သင်္ဘောသီးအစိမ်းသည် လေစာဖြစ်သည်။ သင်္ဘောသီးအမှည့်သည် အာပေါ+ဝါယော အစာဖြစ်သည်။ လေစာဆိုသော်လည်း လေချုပ်စာမဟုတ်၊ လေပွ၊ လေသက်စေသော အစာမျိုး ဖြစ်သည်။

ထို့အပြင် သင်္ဘောသီးကို ခွဲလိုက်လျှင် အလယ်တွင် အခေါင်းပွပါသဖြင့် အာကာသ (အပေါက်၊ အခေါင်းရှိသော) အစာမျိုး ဖြစ်သည်။ သင်္ဘောရွက်သည်လည်း ပုံမှန်သစ်ရွက် မဟုတ်ဘဲ လက်ငါးချောင်းကဲ့သို့ လက်ခြားပါသော သစ်ရွက်ရိုးတံတွင် ခေါင်းပွပါသော သစ်ရွက်ဖြစ်သဖြင့် အာကာသအရွက် ဖြစ်သည်။သည်။

Source: StyleCraze

သင်္ဘောရွက်ကြမ်းပြုတ်၊ ကပ်ကြေးဖြင့် ပါးပါးညှပ်ပြီး လက်ဖက်သုပ်ကဲ့သို့ အသုတ်ပြုလုပ်ပြီးလည်း စားသုံးနိုင်သည်။ နှမ်းနက်၊ ကြက်သွန်ဖြူကြော်တို့နှင့် တွဲဖက်စားလျှင် လေသက်စေသည်။ ညနေစောင်းအချိန် (ညနေ ၃ နာရီမှ ၆ နာရီအတွင်း) စားလျှင် ပို၍ လေရသည်။ သင်္ဘောရွက်ကိုထောင်းပြီး ညှစ်ယူ၍ရသော အရည်ကို နေ့စဉ်မှန်မှန် သောက်ပေးလျှင် ဝမ်းတွင်းမှ တုတ်၊ သန်စသော ပိုးများကို အောက်သို့ သက်စေသည်။ အစာအိမ် အူသိမ်မှ အနာကို ကျက်စေသည်။ ၎င်းကို သဘော်ရွက်သတ္တုရည်ဟု ခေါ်သည်။

Source: itismylifetoo – Blogger

မကြာသေးမီက စာစောင်တစ်ခုတွင် မြဝတီမဂ္ဂဇင်း အယ်ဒီတာချုပ်ဟောင်း ဆရာကြီးမင်းယုဝေ ရေးထားသည်မှာ သင်္ဘောရွက်ကို မီးကင်ပြီး အရည်ညှစ်သောက်သဖြင့် ကင်ဆာရောဂါ ပျောက်ကင်းနိုင်ကြောင်း လွန်ခဲ့သော နှစ် (၂၀) ခန့်က မိတ်ဆွေတစ်ဦးက ပြောဖူးသည်။ လွန်ခဲ့သောနှစ်က မိတ်ဆွေတစ်ဦးတွင် အဆုတ်ကင်ဆာရောဂါ ဖြစ်သဖြင့် သောြက်ကည့်ရန် တိုက်တွန်းရာ အမှတ်မထင်ပင် ကင်ဆာရောဂါ ပျောက်ကင်းသွားကြောင်း လက်တွေ့သိရသည်ဟု ဆိုသည်။

papaya leaves juice

ဆရာကြီးမင်းယုဝေ၏ ပြောကြားချက်ဖြင့် စာရေးဆရာကြီး တက္ကသိုလ်ဝင်းမွန်မှလည်း အခြားဝေဒနာသည်တစ်ဦးကို ထပ်မံပြောရာ ထိုသူမှာလည်း ကုသရန် ခက်ခဲသော ကင်ဆာရောဂါမှ ကင်းကင်းရှင်းရှင်း ပျောက်ကင်းသွားသည်ဟု ဆိုသည်။ ဆရာတော်ကြီး တစ်ပါးမှာလည်း လည်ချောင်းအစာရေမျိုတွင် ကင်ဆာဆဲလ် တွေ့သဖြင့် ဆေးရုံမှ ဓါတ်ကင်ရန် ညွှန်ကြားရာ မကင်လိုဟု ဆိုကာ နယ်ပြန်ကြွသွားခဲ့သည်။ ထို့နောက် သတင်းကြားသဖြင့် သင်္ဘောရွက်ကို ထောင်းပြီး အရည်ညှစ်သောက်ရာမှ ကင်ဆာရောဂါမှာ ဓါတ်ကင်စရာ မလိုတော့ဘဲ ပျောက်ကင်း ချမ်းသာခဲ့သည်ဟု ဆရာကြီးက ရေးသားထားသည်ကို ဖတ်ရှုရပါသည်။

စာရေးသူ လက်တွေ့ ကုသဖူးသည်မှာ တိုင်းရင်းဆေးသိပ္ပံ ဆေးရုံကြီးတွင် အလုပ်သင်ဆရာအဖြစ် တာဝန်ကျစဉ်က ဖြစ်သည်။ ဒူးဆစ်၊ ဂုံညင်းနှင့် အရိုးအောက်ခံခွက် အတွင်းမှ လမ်းသွားလျှင် မခံမရပ်နိုင်အောင် နာကျင်သူတစ်ဦးကို သင်္ဘောရွက်များကိုထောင်းပြီး စည်းဆေးအဖြစ် ဒူးတွင် ထည့်ပေးခဲ့ရာ (၇) ရက်ခန့်စည်းပြီး သက်သာသွားခဲ့ပါသည်။

Source: The-Benefits.com

ဒူးဆစ်၊ ဂုံညင်းနှင့် အောက်ခံအရိုးဂျွိုင်းဆက်တွင် ကျီးပေါင်းတက်လေ့ရှိပါသည်။ ဘောလုံးကန်သူ၊ ခြင်းလုံးခတ်သူများတွင် အဖြစ်များသည်။ ဒူးဆစ် ကျီးပေါင်းတက်ပြီး အဆစ်ကြပ်လျှင် ကွေးဆန့်သောအခါ အထဲမှအသံမြည်ပြီး လမ်းသွားလျှင် နာကျင်စေသည်။ ထိုဒူးဆစ်ကို မုံညင်းဆီ သို့မဟုတ် နှမ်းဆီကို မီးဖြင့်နွေးပြီး ခပ်နွေးနွေးလိမ်းပေးပြီးနောက် သင်္ဘောရွက်ကြမ်းကို ပျော့သွားအောင် မီးကင်ပြီး စည်းပေးပါ။ ရက်သတ္တတစ်ပတ်မှ သုံးပတ်အထိ စည်းလျှင် အကောင်းဆုံး ဖြစ်ပါသည်။ ဖနောင့်ရိုးအတက်ထွက် ကျီးပေါင်းတက်သူများကို တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၄၇) ခုနှစ်ပါးဆေးဝါလေးနှင့် ရောနယ်စည်းပေးပါ။ ညအိပ်ယာဝင်ချိန်တွင် စည်းထားပြီး နံနက် အိပ်ယာထတွင် ဖြည်ပါ။

သုံးပတ်ခန့် စည်းပေးရပါမည်။ (၇) ပါးဆေးဝါးလေးမှာ ရှေးဆေးကျမ်းများပါ ဆေးနည်းကျော် ဖြစ်သည်။ ထိုဆေးတွင် ၁။ဆိတ်ဖူး ၂။လင်းနေ ၃။နွားမြေရင်း ၄။ဣဿရမူလီ ၅။ရှိန်းခို ၆။ဆေးဒန်း ၇။ကန့် စသည့် ဆေးဖက် (၇) မျိုး ပါဝင်သည်။ ဝယ်မရလျှင် ပရဆေးဆိုင်များတွင် ဖော်စပ်နိုင်သည်။ ဆေးအလေးချိန်မှာ အားလုံးဆတူဖြစ်သည်။

Source: kumparan.com

ဇက်၊ ဂုတ်ရိုး ကျီးပေါင်းဖုပေါ်တွင် သင်္ဘောရွက်ကိုပြုတ်ပြီး ခပ်နွေးနွေးကပ်ပေးလျှင် ကွမ်းရွက်ကပ်သကဲ့သို့ ကပ်နေသည်။ ပုံမှန် စိတ်ရှည်ရှည် ကပ်ပေးခြင်းဖြင့် ကျီးပေါင်းရောဂါကို သက်သာစေနိုင်သည်။ လေ့ကျင့်ခန်းမှာ ဘယ်လှည့် ညာလှည့် လုပ်ပေးဖို့ လိုသည်။ ဦးခေါင်း လေ့ကျင့်ခန်းမှာ ဘယ်လှည့်၊ ညာလှည့်၊ အထက်မော့၊ အောက်ငုံ့ ဖြည်းဖြည်းချင်း အစဉ်အတိုင်း တစ်နေ့လျှင် အကြိမ် နှစ်ဆယ်ခန့် လုပ်ပေးလျှင် သက်သာနိုင်သည်။

သင်္ဘောရွက်သာမက အစေ့မဲမဲများကိုလည်း အခြောက်လှန်း၊ အမှုန့်ထောင်းပြီး ပျားရည်နှင့်တေပြီး (ရောမွှေပြီး) တစ်နေ့လျှင် နှစ်ကြိမ်၊ တစ်ကျပ်သားခန့် သောက်ပေးလျှင် ကျီးပေါင်းနှင့် အရိုးအဆစ်ကိုက်ခြင်း ဝေဒနာများကို သက်သာစေနိုင်သည်။ တောရွာများတွင် သင်္ဘောစေ့အနက်အစိုကို ကလေးများ သန်ချဆေးအဖြစ် (၇) စေ့ တိုက်ကျွေးလေ့ ရှိသည်။

Source: Freepik

ကျီးပေါင်းရောဂါသည် တစ်ရက်၊ တစ်လနှင့် ဖြစ်ပါ်လာသော ရောဂါမဟုတ်၊ လနှစ်ချီပြီး ဖြစ်လာသော ရောဂါဖြစ်သဖြင့် စိတ်ရှည်ရှည် ကုသမှုခံယူရန် လိုအပ်သည်။ ပူသော အရေပြားကို လောင်စေသော ဒဏ်ကြေဆေးများကို အလွန်အကျွံ မလိမ်းသင့်ပါ။ ပူတိုင်း မကောင်းပါ။ လေ့ကျင့်ခန်း လုပ်ခြင်း၊ ကြပ်ထုပ်ထိုးခြင်း၊ ရေနွေးအိတ် ကပ်ခြင်း၊ ဆေးပူလိမ်းခြင်း တို့ကို သင့်တင့်ရုံသာ လုပ်ဆောင်ပြီး အနေအထိုင်ကို ဆင်ခြင်၊ စိတ်ရှည်ရှည် ကုသမှုခံယူမှ သက်သာမည်ကို သတိပြုစေလိုသည်။

ဆောင်းပါးရှင် – ကြည်လွင်မြင့်(မုဒြာ)