ပဲစေ့၊ပဲလုံးတွေက ဟင်းလျာတွေမှာ အလှဆင်ဖို့လောက်ဘဲ သုံးကြတာမဟုတ်ပါဘူး။ သူတို့မှာ မထင်မှတ်ထားလောက်တဲ့ အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။

Lose-weight1

ကိုယ်အလေးချိန်ကို ထိန်းညှိပေး

ပဲစေ့၊ ပဲလုံးတွေက အဆီဓာတ်ပါဝင်မှု နည်းပါတယ်။ ပဲစေ့၊ ပဲလုံး တစ်ခွက်မှာ ကယ်လိုရီ ၁၀၀ လောက်ဘဲ ပါဝင်ပေမယ့် ပရိုတင်း၊ အမျှင်ဓာတ်နဲ့ Micro-Nutrients ဓာတ်တွေ အများကြီး ပါဝင်ပါတယ်။

dt_140820_gastric_stomach_cancer_800x600

အစာအိမ် ကင်ဆာကိုလည်း ကာကွယ်ပေး

ပဲစေ့၊ ပဲလုံးတို့မှာ Coumestrol ဆိုတဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ Polyphenol ဓာတ်တွေ ပါဝင်ပါတယ်။ အစာအိမ် ကင်ဆာကို ကာကွယ်နိုင်ဖို့ တစ်နေ့ကို အနည်းဆုံး ၂ မီလီဂရမ် Polyphenol တွေ လိုအပ်ပါတယ်။ ပဲစေ့ သို့ ပဲလုံး တစ်ခွက်မှာ အနည်းဆုံး ၁၀ မီလီဂရမ်လောက် ပါဝင်ပါတယ်။

အရွယ်တင်နုပျို၊ ကိုယ်ခံအားကို ကောင်းစေ၊ စွမ်းအင်ကိုမြင့်မားစေ

ပဲစေ့၊ပဲလုံးတွေမှာ Anti-Oxidants ဓာတ်တွေ အများကြီး ပါဝင်ပါတယ်။ Antioxidants ဓာတ်တွေဖြစ်တဲ့ Flavonoids၊ Carotenoid၊ Phenolic Acids နဲ့ Polyphenols တွေ ပါဝင်တာကြောင့် ကိုယ်ခံအားကို မြှင့်တင်ပြီး အရွယ်တင်နုပျိုစေပါတယ်။ အဲ့ဒီအပြင် ခန္ဓာကိုယ်ရဲ့ လုပ်နိုင်စွမ်း စွမ်းအင်တွေကိုလည်း မြှင့်တင်ပေးပါတယ်။

1216-News-Deaths-is-caused-by-cardiovascular-disease_Blog

နှလုံးရောဂါကို ကာကွယ်ပေး

Antioxidants ဓာတ်တွေနဲ့ ယောင်ယမ်းတာတွေကို လျော့ချပေးတဲ့ (Anti-Inflammatory Compounds) တွေအများကြီးပါဝင်တာကြောင့် သွေးကြောတွေကို အထောက်အကူပြုပေးပါတယ်။ နှလုံးသွေးကြော ကျဉ်းစေတဲ့ အရာတွေက Oxidants ဓာတ်တွေနဲ့ Inflammation တွေ များလာတာကြောင့် ဖြစ်ပါတယ်။

ဗီတာမင် B1 နဲ့ Folate၊ B2,B3 နဲ့ b6 တို့ကလည်း နှလုံးရောဂါကို ဖြစ်ပွားစေတဲ့ Homocysteine ကိုလည်း လျော့ချပေးပါတယ်။

အရိုးတွေကို သန်မာစေ

ပဲစေ့၊ပဲလုံး တစ်ခွက်မှာ ဗီတာမင် K ၄၄ ရာခိုင်နှုန်းပါဝင်ပြီး အရိုးထဲမှာရှိနေတဲ့ ကယ်ဆီယမ်ဓာတ်တွေကိုလည်း ထုတ်ဖော်ပေးပါတယ်။ အရိုးပျော့တာကိုလည်း ကာကွယ်ပေးပါတယ်။

ဝမ်းချုပ်တာကို ကာကွယ်ပေး

ပဲစေ့၊ပဲလုံးတွေမှာပါဝင်တဲ့ အမျှင်ဓာတ်တွေ အများကြီးပါဝင်တာကြောင့် အစာအိမ်ဟောင်းကျန်းမာရေးအတွက် ကောင်းမွန်စေပြီး ဝမ်းချုပ်တာကိုလည်း ကာကွယ်ပေးပါတယ်။