ကျွဲကောသီးကို ကြိုက်ကြရဲ့လားရှင့်။ ကျွဲကောသီးမှာ အာဟာရဓါတ်တွေအများကြီးပါဝင်ပြီး အရည်ရွှမ်းတဲ့အသီးဖြစ်ပါတယ်။

ကျွဲကောသီးကြိုက်တဲ့ စာဖတ်သူတို့အတွက် ကျွဲကောသီးစားတာကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်။

သွေးဖိအားပုံမှန်ဖြစ်စေခြင်း

ကျွဲကောသီးမှာ ပိုတက်ဆီယမ်ဓါတ်ပါဝင်ပြီး သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်။ သွေးတိုးရှိတဲ့သူတွေလည်း စားပေးနိုင်ပါတယ်။

Honey Pomelo

သွားနဲ့ သွားဖုံး ကျန်းမာရေး

ကျွဲကောသီးကိုစားပေးမယ်ဆိုရင် သွားနဲ့သွားဖုံးကို ကျန်းမာစေပါတယ်။ သွားဖုံမှာ သွေးထွက်တာက ဗီတာမင် C ချို့တဲ့လို့ဖြစ်ပြီး ကျွဲကောသီးမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ သွားနဲ့သွားဖုံးရောဂါအမျိုးမျိုးကနေ ကင်းဝေးစေပါတယ်။

သွေားအားနည်းရောဂါကို ကာကွယ်ပေးခြင်း

Health-benefits-of-Pomelos-1

သွေးအားနည်းရောဂါဆိုတာ အဓိကအားဖြင့် သွေးနီဆဲလ်တွေ ပုံမှန်ထက်နည်းနေတာကြောင့်ဖြစ်ရတာပါ။ ကျွဲကောသီးမှာ သံဓါတ်ပါဝင်ပြီး သွေးအားနည်းရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း

ကိုယ်ခံအားစနစ်ကောင်းမွန်စေပါတယ်။ ဗီတတာမင် C ပါဝင်လို့လည်း လူကိုကျန်းမာသွက်လက်စေပြီး အအေးမိဖျားနာဖြစ်ပွားမှုကနေ ကာကွယ်ပေးပါတယ်။

အရိုးပွရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးခြင်း

အရိုးပါးတာ အရိုးပွတဲ့ရောဂါဟာ ကယ်လ်ဆီယမ်ဓါတ်အပါအဝင် ပရိုတင်းဓါတ်ချို့တဲ့လို့ဖြစ်ပါတယ်။ ကျွဲကောသီးကိုပုံမှန်စားပေးမယ်ဆိုရင်တော့ အရိုးပွရောဂါဖြစ်ပွားမှုကို ကောင်းမွန်စွာကာကွယ်ပေးနိုင်ပြီး အရိုးကို သန်မာစေပါတယ်။

ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးခြင်း

pomelo

အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပြီး အစာချေစနစ်ကိုကောင်းမွန်စေလို့ ဝမ်းချုပ်မှုကို ကာကွယ်ပေးပါတယ်။

ကင်ဆာတိုက်ဖျက်နိုင်ခြင်း

တရုတ်လူမျိုးတွေဟာ ကျွဲကောသီးခွံကို အမျိုးမျိုးလုပ်ပြီး ဆေးဝါးအဖြစ်အသုံးပြုကြပါတယ်။ ကျွဲကောသီးဟာ က်ဆာဆဲလ်ပျံ့နှံ့မှုကို ကာကွယ်ပေးနိုင်ပါတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်ပြီး ကင်ဆာပျံ့နှံ့မှုကို ကာကွယ်ပေးပါတယ်။

အလှအပ

Antioxidant တွေကြွယ်ဝစွာပါဝင်လို့ အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးပြီး ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်စေပါတယ်။