မာလကာသီး အူနီသီးကို စားဖူးကြမှာပါနော်။ အပူပိုင်းဒေသတွေမှာ အလွယ်တကူစိုက်ပျိုးလို့ရတဲ့ အသီးဖြစ်ပါတယ်။

မာလကာသီး (အူနီသီး) မှာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အကျိုးကျေးဇူးတွေများစွာပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သွေးလွန်တုပ်ကွေး လူနာတွေအတွက် လိုအပ်တဲ့ ခံနိုင်ရည်စွမ်းနဲ့ သွေးဥမွှာလေးတွေ ကို မြင့်တက်စေနိုင်ပါတယ်။

မာလကာသီး (အူနီသီး) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

goyave

ဗီတာမင် C ကြွယ်ဝစွာပါဝင်ပါတယ်။

ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ အသားအရေ ၊ အရိုး၊ သွေးကြောလေးတွေကို ကျန်းမာစေပါတယ်။ ဒါ့အပြင်ကိုယ်ခံအားစနစ်လည်း ကောင်းမွန်စေပါတယ်။

အစာချေစနစ်

health-benefits-of-red-guava-fruit

သဘာဝအမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပြီး အစာချေစနစ်ကိုကောင်းမွန်စေကာ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဗီတာမင် B Complex လည်းပါဝင်လို့ ခန္ဓာကိုယ်ကို ကျန်းမာစေပါတယ်။

သွေးဖိအားကျစေခြင်း

မာလကာသီး (အူနီသီး) သွေးဖိအားကိုကျစေပါတယ်။ ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်တဲ့ အတွက် သွေးဖိအားတက်တာကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

သိုင်းရွိုက်ဂရင်းရဲ့လုပ်ဆောင်ကို ကောင်းမွန်စေခြင်း

အူနီသီးဟာ သိုင်းရွိုက်ဂရင်းရဲ့ လုပ်ဆောင်မှုကိုကောင်းမွန်စေပါတယ်။

အာဟာရစုပ်ယူမှု အားကောင်းစေခြင်း

Best-Quality-fresh-Guava-for-export-at

မဂ္ဂနိစ်ဓါတ်ပါဝင်တဲ့ မာလကာသီး(အူနီသီး)ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကို စုပ်ယူမှုအားကောင်းစေပါတယ်။

သွေးလွန်တုပ်ကွေးကိုကုသပေးနိုင်ပါတယ်။

သွေးလွန်တုပ်ကွေးဖြစ်ပြီဆိုရင် သွေးနီဆဲလ်လေးတွေကျဆင်းလာပါတယ်။ အရေပြားမှာလည်း အနီရောင်အစက်လေးတွေ ဖြစ်ပေါ်စေပါတယ်။ မာလကာသီး (အူနီသီး)မှာ သံဓါတ်မြင့်မားစွာပါဝင်ပြီး သွေးဆဲလ်သစ်လေးတွေကို ဖြစ်ပေါ်စေလို့ ပျက်ဆီးသွားတဲ့ဆဲလ်တွေနေရာမှာ ဆဲလ်သစ်တွေကို ပြန်အစားထိုးပေးနိုင်ပါတယ်။

ဦးနှောက်ကျန်းမာရေး နဲ့မျက်လုံးကျန်းမာရေး

1475088059

ဗီတာမင်B3, B6 ပါဝင်တဲ့ မာလကာသီးအနီရောင်ဟာ ဦးနှောက်လုပ်ဆောင်ချက်ကို အားကောင်းစေပြီး သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ ဗီတာမင် B အုပ်စုနဲ့ Aအုပ်စုတွေပါဝင်လို့ မျက်လုံးကို ကျန်းမာစေပါတယ်။အမြင်အာရုံကို တိုးတက်ကောင်းမွန်စေပါတယ်။