ထမင်းရည်ကတော့ မြန်မာလူမျိုးတွေနဲ့ မစိမ်းလှပါဘူး။ ငယ်စဉ်ကဆို ထမင်းရည်ကို နို့မှုန့်လေးခပ်ပြီးသောက်သုံးဖူးကြမှာပါ။

ထမင်းရည်က အလှအပအတွက်သာမက တခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။

ထမင်းရည်မှာ ဗီတာမင်၊ သတ္တုဓာတ်တွေကြွယ်ဝပြီး မူးမော်တာ၊ အော့အန်တာတွေအတွက်လည်းကောင်းပါတယ်။

နို့တိုက်မိခင်တွေအတွက်လည်း နို့ထွက်ကောင်းစေပါတယ်။

ကျန်းမာရေး အကျိုးကျေးဇူး

ထမင်းရည်မှာ ဗီတာမင် B, ဖောလစ် အက်ဆစ်၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ဇန့်၊ မဂ္ဂနီဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။

ဒီဓာတ်တွေက ထမင်းချက်ချိန်မှာ ဆန်ကနေ ရေထဲကို ပျော်ဝင်သွားတဲ့ဓာတ်တွေဖြစ်ပါတယ်။

ထမင်းရည်သောက်ခြင်းဖြင့်

အားအင်တွေကိုပြည့်ဝစေ

အစာခြေစနစ်ဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ မူးဝေအော့အန်တာကို သက်သာစေ

ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေး

မိခင်နို့ကို ပိုထွက်စေ

အရေပြား ယားယံတာတွေ သက်သာစေ

ဝမ်းချုပ်တာကို ကာကွယ်ပေး

အလှအပဆိုင်ရာ အကျိုးကျေးဇူး

ထမင်းရည်မှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ Antioxidants ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် နေရောင်ခြည်ကြောင့် အသားအရေ ပျက်စီးမှုကို ကာကွယ်ပေးပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကို ကာကွယ်ပေးပါတယ်။

  • အသားအရေတွေ ပိုနူးညံ့လာ
  • အသားအရေတွေ ညီညာလာ
  • အသားအရေ ယားယံတာသက်သာ
  • ချွေးပေါက်ကျယ်လာတာတွေ သက်သာစေပါတယ်။

ထမင်းရည်ကို အသားအရေမှာ လိမ်းပေးပြီး ခြောက်သွားရင် မျက်နှာပြန်သစ်ချပါ။