သစ်တိုသီးကို သိကြလားရှင့်။ သစ်တိုသီးမှာ ချို ချဉ်အရသာရှိပါတယ်။ မြန်မာပြည်မှာတော့ သစ်တိုသီးအချဉ်ပေါပါတယ်။ ထိုင်းတို့ တရုတ်တို့ဖက်က ဝင်လာတဲ့ သစ်တိုသီးတွေထဲမှာတော့ အချိုတွေလည်းရှိပါတယ်။

e842f247c219545eff7c9843c4be8d17

သစ်တိုသီးကို ဆားရေစိမ်ပြီးစားကြသလို၊ ဟင်းတွေချက်ရာမှာလည်း အသုံးပြုကြပါတယ်။ ငရုတ်သီး ဆား တို့နဲ့ သုတ်စားတာမျိုးလည်းလုပ်ကြပါတယ်။ ဗီတာမင်ဓာတ်တွေအများအပြားပါဝင်သလို ကိုယ်လက်စထရောဓာတ်ပါဝင်မှုနည်းပါးတဲ့အပြင် တခြားကျန်းမာရေး အကျိုးကျေးဇူးများစွာလည်း ရှိနေပါတယ်။သစ်တိုသီးမှာ အမျှင်ဓာတ်၊ ကာဘွန်ဟိုက်ဒရိတ်ဓာတ်တွေ၊ သံဓာတ်တွေပါဝင်ပါတယ်။ ဗီတာမင် B   လည်းကြွယ်ဝပါတယ်။

santol-fruit1

၁။ ခံတွင်းကျန်းမာရေး

သစ်တိုသီးကို စားပေးတာဟာ ခံတွင်းအတွင်း ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်ပြီး သွားပိုးစားခြင်း ဖြစ်ပွားခြင်းကနေ ကာကွယ်ပေးနိုင်သလို သွားတွေ ပျက်စီးခြင်းကနေလည်း ကာကွယ်ပေးပါတယ်။

၂။ ကင်ဆာ

လေ့လာတွေ့ရှိမှုအရ သစ်တိုသီးက Leukemia ဆဲလ်တွေကို သေစေနိုင်တယ်လို့ Bioorganic and Medicinal Chemistry Letters ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ကင်ဆာ အကျိတ်ကိုလည်းသေစေနိုင်တယ်လို့ ဆိုပါတယ်။

၃။ အမျှင်ဓာတ်

santol-fruit

သစ်တိုသီးမှာ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ဝမ်းချုပ် ဝမ်းလျှောခြင်းကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ (အလွန်အကျွံစားရင်တော့ ဝမ်းလျှောစေပါတယ်။)

၄။ ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း

သစ်တိုသီးမှာပါဝင်တဲ့ Antioxidant က ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်လို့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။

၅။ အရေပြားပြဿနာ

santol-fruit၁

သစ်တိုသီးဟာ အရေပြားယားယံခြင်းကို သက်သာစေပါတယ်။  သစ်တိုရွက်ကို ကြိတ်ပြီး ယားတဲ့နေရာမှာ အုပ်ထားပေးရင် ယားယံတာ သက်သာစေပါတယ်။

၆။ အဖျားကျစေခြင်း

သစ်တိုရွက် လတ်လတ်ဆတ်ဆတ်ကို အပူရှိန်တက်နေတဲ့ ခန္ဓာကိုယ်ပေါ်ကပ်ပေးရင် အပူကျတယ်လို့ဆိုပါတယ်။ သစ်တိုရွက်ကိုပြုတ်ပြီး ရေချိုးပေးရင်လည်း ချွေးပွင့်ပြီး အဖျားကျစေပါတယ်။