[Unicode]

ဒူးရင်းသြဇာသီးကို သိကြမှာပါနော်။ ဒူးရင်သြဇာသီးဟာ ကင်ဆာကာကွယ်ပေးနိုင်တဲ့ အသီးအဖြစ် လူသိများကြပါတယ်။ ဒူးရင်းသြဇာမှာ ပါဝင်တဲ့ သံဓါတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ ဖော့စဖောရပ်စ်၊ ဗီတာမင် B1, ဗီတာမင် 82 , ဗီတာမင် C စတဲ့ဓါတ်တွေအပြင် အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များစွာရှိနေပါတယ်။

ကင်ဆာကာကွယ်ပေးတဲ့ ဒူးရင်းသြဇာသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

မရင့်မှည့်ခင်မှာ ခူးပေးရတဲ့အသီးပါ။ မှည့်သွားရင် သူ့အလိုလို ပြုတ်ကျတတ်ပြီး အညိုအမဲစွဲတတ်ပါတယ်။ ဒူးရင်းသြဇာရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့-

၁။ ကင်ဆာကာကွယ်ပေးနိုင်ခြင်း

လေ့လာတွေ့ရှိမှုအရ Annonaceous Acetogenin လို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးကို ဒူးရင်းသြဇာရဲ့ အရွက်၊ အစေ့နဲ့ ရိုးတံတွေမှာတွေ့ရပါတယ်။ အာဖရိကနဲ့ တောင်အာဖရိကနိုင်ငံတွေမှာတော့ အဲဒီအရွက် အစေ့ အမြစ်နဲ့ အသီးကို ဗိုင်းရပ်ပိုးကူးစက်ခြင်း စိတ်ဖိစီးမှုနဲ့ ရောင်ရမ်းနာကျင်မှု ဖျားနာခြင်းတို့ကို ကုသဖို့အသုံးပြုကြပါတယ်။ ဓာတ်ခွဲခန်း လေ့လာတွေ့ရှိမှုအရ ဒူးရင့်သြဇာဟာ ရင်သားကင်ဆာ နဲ့ အသဲကင်ဆာဆဲလ်တွေကို သေစေနိုင်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် လူနဲ့တော့ လက်တွေ့ စမ်းသတ်တာမျိုး လုပ်တာမျိုးမရှိသေးဘူးလို့ ဆိုပါတယ်။

၂။ ဆီးလမ်းကြောင်းကောင်းမွန်စေခြင်း။

AAEAAQAAAAAAAAXLAAAAJGY1ZmY5YTM2LThhNTItNDFlMy04NTg4LWE4ZDRhNGNmYTNjZQ

ဒူးရင်းသြဇာသီးက ဆီးကျင်တာကိုသက်သာစေဖို့အတွက် အသုံးပြုနိုင်ပါတယ်။

၃။ အရိုးကျန်းမာရေး။

ဖော့စဖော့ရပ်စ်နဲ့ ကယ်လ်ဆီယမ်ပါဝင်လို့ အရိုးကို သန်မာစေပါတယ်။

၄။ အားအင်တိုးမြင့်စေခြင်း။

ဒူးရင်းသြဇာကို ပုံမှန်စားပေးရင် အားရှိစေပါတယ်။

၅။ ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း။

ဗီတာမင် B 2 ပါဝင်လို့ ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။

၆။ သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း။

Benefits-Of-Soursop-For-Skin-Hair-And-Health

သံဓာတ်ကြွယ်ဝစွာပါဝင်လို့ သွေးအားနည်းခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

၇။ သေန္ဓသား

ကိုယ်ဝန်ဆောင်မိခင်တွေ စားပေးမယ်ဆိုရင် သန္ဓေခိုင်စေပါတယ်။

ဘေးထွက်ဆိုးကျိုးတစ်ချို့

ကျန်းမာရေးအတွက်ကောင်းမွန်ပေမယ့် ဘေးထွက်ဆိုးကျိုးတစ်ချို့ရှိလို့ အလွန်အကျွံစားပေးခြင်းကိုရှောင်ပါ။ အလွန်အကျွံစားရင် သွေးဖိအားကျတာမျိုး ဖြစ်တတ်ပါတယ်။ လှုပ်ရှားမှုမမှန်တာ၊ ပါကင်ဆန်ရောဂါ မျိုးဖြစ်စေနိုင်ပါတယ်။ အလွန်အကျွံမစားဘဲ သင့်တင့်မျှတစွာစားပေးပါ။

Featured Image Source: Mercado Libre México

[Zawgyi]

ဒူးရင္းၾသဇာသီးကို သိၾကမွာပါေနာ္။ ဒူးရင္ၾသဇာသီးဟာ ကင္ဆာကာကြယ္ေပးႏိုင္တဲ့ အသီးအျဖစ္ လူသိမ်ားၾကပါတယ္။ ဒူးရင္းၾသဇာမွာ ပါ၀င္တဲ့ သံဓါတ္၊ ပိုတက္ဆီယမ္၊ ကယ္လ္ဆီယမ္၊ ေဖာ့စေဖာရပ္စ္၊ ဗီတာမင္ B1, ဗီတာမင္ 82 , ဗီတာမင္ C စတဲ့ဓါတ္ေတြအျပင္ အမွ်င္ဓါတ္ၾကြယ္၀စြာပါ၀င္လို႔ က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးေတြ မ်ားစြာရွိေနပါတယ္။

ကင္ဆာကာကြယ္ေပးတဲ့ ဒူးရင္းၾသဇာသီးရဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြ

မရင့္မွည့္ခင္မွာ ခူးေပးရတဲ့အသီးပါ။ မွည့္သြားရင္ သူ႔အလိုလို ျပဳတ္က်တတ္ၿပီး အညိဳအမဲစြဲတတ္ပါတယ္။ ဒူးရင္းၾသဇာရဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြကေတာ့-

၁။ ကင္ဆာကာကြယ္ေပးႏိုင္ျခင္း

ေလ့လာေတြ႔ရွိမႈအရ Annonaceous Acetogenin လို႔ေခၚတဲ့ ဓာတုပစၥည္းတစ္မ်ိဳးကို ဒူးရင္းၾသဇာရဲ့ အရြက္၊ အေစ့နဲ႔ ရိုးတံေတြမွာေတြ႔ရပါတယ္။ အာဖရိကနဲ႔ ေတာင္အာဖရိကႏိုင္ငံေတြမွာေတာ့ အဲဒီအရြက္ အေစ့ အျမစ္နဲ႔ အသီးကို ဗိုင္းရပ္ပိုးကူးစက္ျခင္း စိတ္ဖိစီးမႈနဲ႔ ေရာင္ရမ္းနာက်င္မႈ ဖ်ားနာျခင္းတို႔ကို ကုသဖို႔အသံုးျပဳၾကပါတယ္။ ဓာတ္ခြဲခန္း ေလ့လာေတြ႔ရွိမႈအရ ဒူးရင့္ၾသဇာဟာ ရင္သားကင္ဆာ နဲ႔ အသဲကင္ဆာဆဲလ္ေတြကို ေသေစႏိုင္တယ္လို႔ဆိုပါတယ္။ ဒါေပမယ့္ လူနဲ႔ေတာ့ လက္ေတြ႔ စမ္းသတ္တာမ်ိဳး လုပ္တာမ်ိဳးမရွိေသးဘူးလို႔ ဆိုပါတယ္။

၂။ ဆီးလမ္းေၾကာင္းေကာင္းမြန္ေစျခင္း။

AAEAAQAAAAAAAAXLAAAAJGY1ZmY5YTM2LThhNTItNDFlMy04NTg4LWE4ZDRhNGNmYTNjZQ

ဒူးရင္းၾသဇာသီးက ဆီးက်င္တာကိုသက္သာေစဖို႔အတြက္ အသံုးျပဳႏိုင္ပါတယ္။

၃။ အရိုးက်န္းမာေရး။

ေဖာ့စေဖာ့ရပ္စ္နဲ႔ ကယ္လ္ဆီယမ္ပါ၀င္လို႔ အရိုးကို သန္မာေစပါတယ္။

၄။ အားအင္တိုးျမင့္ေစျခင္း။

ဒူးရင္းၾသဇာကို ပံုမွန္စားေပးရင္ အားရွိေစပါတယ္။

၅။ ေခါင္းကိုက္ျခင္းကို သက္သာေစျခင္း။

ဗီတာမင္ B 2 ပါ၀င္လို႔ ေခါင္းကိုက္ျခင္းကို သက္သာေစပါတယ္။

၆။ ေသြးအားနည္းျခင္းကို ကာကြယ္ေပးျခင္း။

Benefits-Of-Soursop-For-Skin-Hair-And-Health

သံဓာတ္ၾကြယ္၀စြာပါ၀င္လို႔ ေသြးအားနည္းျခင္းကို သက္သာေပ်ာက္ကင္းေစပါတယ္။

၇။ ေသႏၶသား

ကိုယ္၀န္ေဆာင္မိခင္ေတြ စားေပးမယ္ဆိုရင္ သေႏၶခိုင္ေစပါတယ္။

ေဘးထြက္ဆိုးက်ိဳးတစ္ခ်ိဳ႕

က်န္းမာေရးအတြက္ေကာင္းမြန္ေပမယ့္ ေဘးထြက္ဆိုးက်ိဳးတစ္ခ်ိဳ႕ရွိလို႔ အလြန္အကၽြံစားေပးျခင္းကိုေရွာင္ပါ။ အလြန္အကၽြံစားရင္ ေသြးဖိအားက်တာမ်ိဳး ျဖစ္တတ္ပါတယ္။ လႈပ္ရွားမႈမမွန္တာ၊ ပါကင္ဆန္ေရာဂါ မ်ိဳးျဖစ္ေစႏိုင္ပါတယ္။ အလြန္အကၽြံမစားဘဲ သင့္တင့္မွ်တစြာစားေပးပါ။

Featured Image Source: Mercado Libre México