အရှေ့တောင်အာရှမှာ အဓိကတွေ့ရတဲ့ ပိန်းဥ မြန်မာပြည်မှာလည်း အရမ်းကိုပေါတဲ့ ပိန်းဥပါနော်။ ပိန်းဥကိုစားပေးရင် ဘယ်လိုအကျိုးကျေးဇူး ရမယ်ဆိုတာကို မျှဝေပေးချင်ပါတယ်။

health-benefits-of-Taaro

ပိန်းဥကို ပြုတ်ပြီးစားရင်လည်းအရသာရှိပြီး အမျိုးမျိုးချက်စားကြလေ့ရှိပါတယ်။ ပိန်းဥရေခဲမုန့်ဆိုရင် ရေခဲမုန့်တွေထဲမှာ တော်တော်ရောင်းအား ကောင်းတာတဲ့။

စာဖတ်သူတွေထဲမှာလည်း ပိန်းဥကြိုက်တဲ့သူရှိမယ်လို့မျှော်လင့်ပါတယ်နော်။

သွေးဖိအားကျစေခြင်း

taro

ပိန်းဥမှာ ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်ပြီး တခြားသတ္တုဓါတ်တွေလည်းပါဝင်လို့ သွေးဖိအားကို တည်ငြိမ်စေပါတယ်။ သွေးဖိအားများတဲ့သူတွေလည်း စားလို့ရပါတယ်။

ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း

ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးခြင်း

ပိန်းဥကိုစားပေးခြင်းအားဖြင့် နှလုံးကိုကျန်းမာစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျစေခြင်း

2562971407_81516e9c89_b

ပိန်းဥဟာ ကိုယ်အလေးချိန်ကျစေနိုင်တဲ့ အသီးအရွက်တစ်မျိုးပါပဲ။အဆီဓါတ်မပါဘဲ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့လည်း ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်ကို ကျစေမှာပါ။

အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ခြင်း

အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့ အူမကြီးနဲ့ အစာအိမ်ကို ကျန်းမာစေပါတယ်။ အမျှင်ဓါတ်များတဲ့အစားအစာကို စားပေးတာဟာ အူမကြီးကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်သလို ကိုလက်စထရော ပါဝင်မှုကိုလည်း လျှော့ချပေးပါတယ်။

Amino Acid နဲ့ Omega 3 ပါဝင်ခြင်း

img_0269

Amino Acid ၁၇ နှစ်မျိုးကျော်ကို ပိန်းဥမှာတွေ့ရသလို Omega 3 နဲ့ Omega 6 ကိုလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေပြီး ကင်ဆာကာကွယ်ပေးနိုင်သလို တခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရှိပါတယ်။

အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးခြင်း

taro-plant-health-benefits

ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ အသားအရေကိုနုပျိုစိုပြေစေပြီး အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပါတယ်။