နေ့စဉ် လက်ဖက်ရည်ဇွန်းဝက်လောက် နနွင်းကို စားပေးရင် ကိုယ်ထဲမှာ ဘယ်လိုတွေ ဖြစ်စေသလဲဆိုတာ သင်သိပါသလား။ မြန်မာတွေရဲ့ ဟင်းလျာတွေမှာ နနွင်းဟာ မိရိုးဖလာ ပါဝင်တဲ့ ဟင်းချက်ပစ္စည်းတစ်မျိုးပါ။ အနံ့အသက်ဆိုးတွေ ကင်းဝေစေဖို့နဲ့ အစာကြေစေဖို့ဆိုတဲ့ အကြောင်းပြချက်အပြင် ဟင်းလျာတွေ အရောင်လှစေဖို့အတွက် ထည့်ပြီး ချက်ကြပါတယ်။

အထူးသဖြင့် အသားဟင်းလျာတွေမှာပါ။ ပြောရမယ်ဆိုရင် နနွင်းဟာ လူသိများတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးပါ။ သူ့ကို အရသာ အတွက်တင်မကဘဲ ကျန်းမာတဲ့ ခန္ဓာကိုယ်အတွက် စားသုံးကြပါတယ်။ ဟင်းတွေထဲမှာ အများဆုံး နနွင်းကို လက်ဖက်ရည်တစ်ဇွန်း ထည့်ကြပါတယ်။ တကယ်တော့ ဇွန်းဝက်နဲ့တင် နနွင်းရဲ့ အစွမ်းတွေက ရှိနေပါပြီ။ ဘာတွေလဲဆိုတာ ကြည့်ရအောင်ပါ။ ဒီလို နေ့တိုင်း နနွင်းလက်ဖက်ရည်ဇွန်းဝက်လောက် စားပေးခြင်းဟာ ကိုယ်ခန္ဓာအတွက် ၁၀မျိုးလောက် ကျန်းမာရေးနဲ့ ညီညွှတ်စေပါတယ်။

၁။ အသား နီရဲပြီး ရောင်ခြင်းကို တိုက်ခိုက်နိုင်

Source: LearningHerbs

ခန္ဓာကိုယ်ဟာ တခါတလေမှာ သဘာဝအတိုင်း ဘတ်တီးရီးယား၊ အပူနဲ့အဆိပ်တွေ တုံ့ပြန်ပြီး အသားနီရဲတာ ရောင်ယမ်းလာတာတွေ ဖြစ်တတ်ကြပါတယ်။ ဆဲလ်အသေတွေကြောင့် ဖြစ်လာရတာလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒီလို ဖြစ်စဉ်တွေကို နနွင်းက ကာကွယ်နိုင်ပါတယ်။ နေ့တိုင်းတော့ ဇွန်းဝက် စားပေးရမယ်နော်။

၂။ Antioxidant ပါဝါကို မြှင့်တင်ပေး

Source: Vegetarian Times

Curcumin ဟာ စွမ်းအင်အမြင့်ဆုံးဖြစ်တဲ့ အန်တီအောင်ဆီဒန့်တစ်မျိုးပါ။ ဒါဟာ ကိုယ်ထဲက အဆိပ်တွေကို ထုတ်ပေးဖို့ အဓိက လုပ်ဆောင်ပြီး လိုအပ်တဲ့ စွမ်းအင်ကို ကိုယ်တိုင်ပဲ ပြန်ဖြည့်ဆည်းပေးပါတယ်။

၃။ ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကို တိုးမြှင့်ပေး

Source: The National

သင်ရဲ့ ကိုယ်ခန္ဓာကိုယ်ဟာ BDNF လို့ခေါ်တဲ့ ဟော်မုန်းတွေ ထုတ်ပေးပါတယ်။ စိတ်ကျရောဂါနဲ့ အရွယ်အတိုင်ခင် အသက်အရွယ် အိုးမင်းခြင်း အပါအဝင် မှတ်ဉာဏ်ချို့တဲ့မှုတွေကိုလည်း ကာကွယ်ပေးပါတယ်။

၄။ ဦးနှောက်ရောဂါတွေကို တိုက်ဖျက်ပေး

Source: turmeric.news

BDNF လယ်ဗယ်ကျလာတာနဲ့ အမျှ ဦးနှောက်နဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားစေပါတယ်။ BDNF တိုးမြှင့်ဖို့ နနွင်းက လုပ်ဆောင်ပေးပါတယ်။

၅။ နှလုံးရောဂါဖြစ်ပွားမှုကို လျော့ချပေး

Source: Best Health Magazine

နှလုံးရောဂါဟာ သွေးလည်ပတ်မှုနဲ့ သက်ဆိုင်တဲ့ ရောဂါတစ်မျိုးပါ။ သွေးလည်ပတ်မှု ပုံမှန်ဖြစ်စေဖို့က နနွင်းတာဝန်ယူပေးပါတယ်။

၆။ အရိုးအကြောဆိုင်ရာတွေ ကုသရာမှာ ကူညီပေး

Source: Swanson Vitamins

အရိုးအကြောတွေ နာကျင်တာတွေကို ကုသရာမှာ နနွင်းက တစ်ထောင့်တစ်နေရာကနေ ကူညီပေးပါတယ်။ ခွေးတွေ ကြောင်တွေ ထိခိုက်ဒဏ်ရာတွေ ရတဲ့ အခါ နနွင်းမှုန့် သိပ်ပေးရင် သက်သာစေပါတယ်။

၇။ ကင်ဆာရောဂါကို ကာကွယ်နိုင်

Source: Reader’s Digest

နနွင်းဟာ အစာကြေဖျက်မှု စနစ်တွေရဲ့ ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အူလမ်းကြောင်း ကင်ဆာတို့ကို မဖြစ်ပွားစေဖို့ ကူညီပါတယ်။

၈။ စိတ်ကျခြင်းကို ကုသနိုင်

Source: Meghan Telpner

နနွင်းဟာ စိတ်ကျန်းမာရေးအတွက်တော့ ကောင်းကျိုးများတဲ့ ဟင်းခတ်တစ်မျိုးပါ။ Herbal Tea နဲ့ ရောစပ်ပြီး သောက်ပေးရင် ပိုကောင်းမွန်ပြီး Golden Milk နဲ့လည်း ရောပြီး သောက်ပေးခြင်းဖြင့် စိတ်နဲ့ဆိုင်တဲ့ ရောဂါတွေကို ကုသနိုင်ပါတယ်။

၉။ နာတာရှည်ရောဂါတွေကို တိုက်ခိုက်နိုင်

Source: timelessturmeric.com

နာတာရှည် ရောဂါတွေဟာ သေဆုံးဖို့ မြန်ဆန်ပြီး ဒုက္ခကြာရှည်စွာ ခံစားရပါတယ်။ နာတာရှည် ရောဂါ (သို့) ဝဋ်နာကံနာလို့ ခေါ်တဲ့ ရောဂါတွေ မဖြစ်ပွားအောင် နေ့စဉ် နနွင်းစားပေးနိုင်ပါတယ်။ ဥပမာ ဆီးချိုရောဂါ၊ သွေးတိုး၊ လေဖြတ်လေငန်း….

၁၀။ အချိန်မတိုင်ခင် ငယ်မူပြန်ခြင်းကို ကာကွယ်ပေး

Source: foodmatters.com

တချို့လူတွေမှာ ဦးနှောက်ပုံမှန် အလုပ်မလုပ်နိုင်တော့ဘဲ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စကားပီသစွာ မပြောနိုင်ခြင်း စတဲ့ ရောဂါမျိုးတွေ အရွယ်အတိုင်ခင် စောပြီး ဖြစ်တတ်ကြပါတယ်။ အကြိုဇရာရောဂါလို့ ခေါ်သလို ငယ်မူပြန်တယ်လို့လည်း ခေါ်ကြပါတယ်။ ဦးနှောက်ပုံမှန် အလုပ်လုပ်နိုင်မှသာ ကာကွယ်နိုင်မှာမို့ နနွင်းနေ့တိုင်း စားခြင်းက ဒါကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

Credit: Dailyhealth