ချဉ်ပေါင်သီး ချဉ်ပေါင်ရွက်ဆိုတာကတော့ မြန်မာတို့ရဲ့ အကြိုက်ဆုံး ဟင်းလျာတေါထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ဒီလို အစားအစာတွေကို ကျွန်မတို့ အလွယ်တကူ ဈေးနှုန်းချိုချိုသာသာနဲ့ ၀ယ်ယူစားသုံးနိုင်ကြတယ်မလား။

Fried Roselle Leaves (Chin Baung Kyaw)

ချဉ်ပေါင်ရွက်ကို ဟင်းရည်ချက်စားတာ ကြော်စားတာ စသဖြင့်အမျိုးမျိုးချက်စားကြပါတယ်။ စာဖတ်သူကတော့ မျှစ်နဲ့ချဉ်ပေါင်ရွက်ကြော်စားရင် သိပ်ကိုထမင်းစားမြိန်ပါတယ်။ ကဲ ဒါဆို ချဉ်ပေါင်သီး ချဉ်ပေါင်ရွက်တွေမှာ ဘယ်လိုအကျိုးကျေးဇူးတွေရှိလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။

သွားနဲ့ သွားဖုံးကို ကျန်းမာစေခြင်း

oral-health

ကယ်လ်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်ပြီး မေးရိုးကိုခိုင်ခန့်စေသလို သွားနဲ့ သွားဖုံးကို ကျန်းမာစေပါတယ်။

ကိုယ်ဝန်ကို ကျန်းမာစေတယ်

PregnantiStockweb

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ သံဓါတ်မြင့်မာသွာပါဝင်တဲ့ အစားအစာတွေကိုစားပေးသင့်ပါတယ်။ ချဉ်ပေါင်ရွက်လို သံဓါတ်မြင့်မားစွာပါဝင်တဲ့အစားအစာဟာ ကိုယ်ဝန်ဆောင်မိခင်လောင်းတေါအတွက် အထူးသင့်တော်ပါတယ်။

အအေးမိဖျားနာတာကို ကုသပေးနိုင်ခြင်း

2d274907862297-cold-flu-tissue-today-tease-150220_0b20d8b39b7ff9bfc1ec756d8ed5f91f

ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့ ချဉ်ပေါင်ရွက်နဲ့ ချဉ်ပေါင်သီးဟာ ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးနိုင်ပြီး အအေးမိဖျားနာတာ ကို သက်သာပျောက်ကင်းစေပါတယ်။

ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးခြင်း

RENOIR

ဒါကတော့ လူတိုင်းသိပြီးသားဖြစ်မှာပါနော်။ ချဉ်ပေါင်ရွက်က ၀မ်းချုပ်ခြင်းကိုကာကွယ်ပေးပါတယ်။

အားနည်းခြင်းကိုကာကွယ်ပေးခြင်း

Roselle2

ကြွက်သားအားနည်းတာ၊ ပင်ပန်းနွမ်းနယ်တာ စတဲ့ ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အသေးအမွှားပြဿနာတွေကို ချဉ်ပေါင်ရွက်က သက်သာပျောက်ကင်းစေပါတယ်။ ခန္တာကိုယ်ကိုကျန်းမာစေပြီး တက်ကြွလန်းဆန်းစေပါတယ်။