ဆေးဖက်ဝင်ငါးပိရည်


Share this on:

ငါးပိရည်ကိုတော့ မြန်မာအိမ်ရှင်မတိုင်းဖျော်တတ်ပါတယ်။သွေးတိုးရောဂါရှိသူများနှင့် ကလေးမွေးပြီးစ မိခင်များအတွက်သွေးတက်မှာပူစရာမလို စိတ်ချလက်ချစားလို့ရတဲ့ဆေးဖက်ဝင်ငါးပိရည်ဖျော်နည်းလေးမျှဝေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးပိရည် - ၁၀သား
  • ငရုတ်သီးစိမ်းလှော်
  • ကြက်သွန်ဖြူ- ၂မွှာ
  • ငရုတ်ကောင်းစေ့ - ၃စေ့
  • ကိုင်းခရမ်းချဉ်သီး
  • ကြက်သွန်နီ - ၁ လုံး
  • ရှောက်ရွက်-၂ရွက်
  • သံပုရာသီး - ၁ စိပ်
  • သံပုရာသီး - ၁ စိပ်
  • ငါး - အနည်းငယ်
  • အချိုမှုန့် (ကြက်သားမှုန့် လည်း သုံးနိုင်ပါတယ်)

ပြုလုပ်နည်း

  1. ငါးပိရည် ၁၀သားကိုရေကျက်ကျက်ကျိုပြီးအရိုးစစ်ထားပါ။
  2. ငရုတ်သီးစိမ်းလှော်နှင့်ကြက်သွန်ဖြူ၂မွှာကိုညက်အောင်ထောင်းထားပါ ။
  3. ငရုတ်ကောင်းစေ့ ၃စေ့လောက်လည်းထည့်ထောင်းထားပါ။
  4. ကိုင်းခရမ်းချဉ်သီးမီးဖုတ်ထောင်းထည့်ပါ။
  5. ကြက်သွန်နီတလုံးပါးပါးလှီး ရှောက်ရွက်၂ရွက်ပါးပါးလှီး သံပုရာသီး တစိပ်ပါးပါးလှီးထည့်ပါ။
  6. ငါးမီးဖုတ်လေးထည့်ပြီး အရိုးစစ်အအေးခံထားတဲ့ ငါးပိရည်လောင်းထည့်ပါ။
  7. (ငါးပိရည်ပူပူလောင်းထည့်ရင်ချွဲတတ် ညည်းဆော်နံတတ်ပါတယ်)။ အချိုမှုန့်ထည့်သမအောင်မွှေပြီး တို့စရာအစုံနဲ့သုံးဆောင်နိုင်ပါပြီ။ ခုဖျော်ထားတဲ့ ထဲမှာတော့ ငါးမီးဖုတ်အစား ပုဇွန်ဆိပ်လှော်လေးနဲ့ဖျော်ထားပါတယ်။
Credit: Nan Kay Zin Oo

Review

User Rating

4.1 (8 Votes)

author-avatar

Recipes sent by our Users