ငှက်ပျောသီးမှာ သကြားဓါတ် ၃ မျိုးနဲ့ အမျှင်ဓါတ်တွေ အများအပြားပါဝင်ပါတယ်။ ခန္ဓာကိုယ် အားအင်ကို ဖြည့်တင်းပေးနိုင်တဲ့အပြင် ဆေးဝါးတွေထက်ကို ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါသေးတယ်။

၁။ စိတ်ဖိစီးမှု

stress

ဒီကနေ့ခောတ်မှာ စိတ်ဖိစီးမှုက ခောတ်သစ် ရောဂါတစ်ခုလိုကို ဖြစ်နေပါတယ်။ စိတ်ဖိစီးမှု များတာကြောင့် ခန္တာကိုယ်အတွင်းက ပိုတက်ဆီယမ်ဓါတ်တွေ နည်းလာနိုင်ပါတယ်။

ဒါ့ကြောင့် ပိုတက်ဆီယမ်ဓါတ်တွေ အများအပြားပါဝင်တဲ့ ငှက်ပျောသီးကိုစားတာဟာ နှလုံးရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဦးနှောက်ထဲကို အောက်ဆီဂျင်ဓါတ်ကို ပို့ပေးနိုင်သလို ခန္တာကိုယ်အတွင်း လိုအပ်တဲ့ ရေဓါတ်ပမာဏကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

၂။ သွေးတိုးခြင်း

content-image-ashx

ဆားစားသုံးမှုများတာ နဲ့ ပိုတက်ဆီယမ်ဓါတ် လျှော့နည်းတာတွေကြောင့် သွေးတိုးစေပါတယ်။ ဒါ့ကြောင့် ပိုတက်ဆီယမ်ဓါတ်ဟာ အရမ်းကိုလိုအပ်ပါတယ်။ ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ဓါတ် ကြွယ်ဝစွပါဝင်ပါတယ်။ ဒါ့ကြောင့် မနက်တိုင်း ငှက်ပျောသီးတစ်လုံးကို စားပေးတာဟာ သွေးဖိအားကို ထိန်းညှိပေးနိုင်မှာဖြစ်ပါတယ်။

၃။ ဝမ်းချုပ်ခြင်း

ငှက်ပျောသီးမှာ အမျှင်ဓါတ်တွေ များစွာပါဝင်တာကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ဝမ်းချုပ်တာတွေအတွက် ငှက်ပျောသီးက အကောင်းဆုံးအစားအစာဖြစ်ပါတယ်။

၄။ ရာသီမလာခင်ဖြစ်တတ်တဲ့လက္ခာဏာများ

pms-pmdd-young-woman

ငှက်ပျောသီးမှာ ဗီတာမင် B 6 ကြွယ်ဝစွာပါဝင်တာကြောင့် သွေးတွင်းက ဂလူးကို့ ပမာဏကို အကျိုးသက်ရောက်မှုတွေ ရှိစေပါတယ်။ ဗီတာမင် B ဟာ ရာသီမလာခင် ဖြစ်တတ်တဲ့ စိတ်ထိခိုက်လွယ်တာတွေကို သက်သာစေပြီး စိတ်ခံစားမှုကို ထိန်းညှိပေးနိုင်ပါတယ်။ ဒါ့အပြင် ဗိုက်အောက်တာကိုလည်း သက်သာစေပါတယ်။

၅။ စိတ်ဓါတ်ကျခြင်း

depression01b

ငှက်ပျောသီးမှာ တွေ့ရှိရတဲ့ Trytophan ဓါတ်ဟာ ပျော်ရွှင်စေတဲ့ ဟော်မုန်တွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် ငှက်ပျောသီးကိုစားတာဟာ စိတ်တည်ငြိမ်စေပြီး ပျော်ရွှင်လာစေဖို့ ကူညီပေးပါတယ်။