အာဟာရလမ်းညွှန်သူတွေရဲ့ ပြောကြားချက်အရ မနက်စာဟာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံး ဖြစ်ဖို့လိုအပ်သလို အရသာ အကောင်းဆုံး ဖြစ်ဖို့လည်းလိုအပ်ပါတယ်။

အခုပြောပြမယ့် မနက်စာကတော့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်မှာဖြစ်တာကြောင့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို တည်ငြိမ်စေပါတယ်။ ဒါ့အပြင် အသားအရေကို စိုပြေစေပြီး ဆံသားကို ကျန်းမာစေပါတယ်။

ခန္ဓာကိုယ်အတွင်းက အဆိပ်အတောင့်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဝမ်းမှန်စေပါတယ်။ ဒါ့အပြင် အဆီနဲ့ ကယ်လိုရီလောင်ကျွမ်းမှုကို အားပေးပါတယ်။ အခုပြောပြမယ့် အစားအစာကို ရက်ပေါင်း ၃၀ လောက်ပုံမှန်စားသုံးပေးရင် ကိုယ်အလေးချိန် ၃ ပေါင်ကနေ ၁၁ ပေါင်ထိ လျှော့ချပေးနိုင်မှာပါ။

ဒါ့အပြင်ဝမ်းဗိုက်က အဆီတွေလည်း သိသိသာသာလျှော့ကျလာမှာဖြစ်ပါတယ်။

kefir1

ကျန်းမာတဲ့မနက်စာ

အဆီနည်းတဲ့ ဒိန်ချဉ် (သို့) Kefir (ဒိန်ချဉ်လို နု့ိထွက်ပစ္စည်းကို အချဉ်ဖောက်ထားတဲ့အစားအစာ) ၁ ခွက်

(ချော့ကလက်လုပ်ရာမှာထည့်တဲ့) ကိုကိုးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

(ကွေကာအုတ်လုပ်ရာမှာထည့်တဲ့ အမည်) Oatmeal စားပွဲတင်ဇွန်း ၂ ဇွန်း

နှမ်းကြတ်စေ့ (Flaxseed) မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Plum (လတ်ဆတ်တဲ့ ဇီးသီး) (သို့) မက်မန်းသီး ၅ လုံးကနေ ၇ လုံးထိ

oatsshutterstock_133109558

ပြင်ဆင်ခြင်း

မနက်စာကို ဒီအစားအစာတွေစားရမှာဆိုတော့ ညနေခင်းမှာ ပြင်ဆင်ပါမယ်။

ဇီးသီးကို ခွက်တစ်လုံးထဲထည့်ပြီး ရေနွေးပူ ၁၀၀ မီလီလီတာလောက်ကို ထည့်ပါ။ ခွက်တစ်လုံးနဲ့ ဖုံးထားပြီး ၁၀ မိနစ်လောက်ထားပါ။

နောက်ထပ်ခွက်တစ်လုံးကိုယူပြီး Oatmeal၊ ကိုကိုးသီး၊ နှမ်းကြိတ်စေ့တို့ကို ထည့်ပါ။ အဲဒီနောက် Kefir (သို့) ဒိန်ချည်ထည့်ပြီး ထည့်ထားတဲ့ ပါဝင်ပစ္စည်းအားလုံးကို ရောအောင်မွှေလိုက်ပါ။

img_5861picking-plumsistock_000003439620xsmall

ဇီးသီး (သို့) မက်မန်းသီးကို ခပ်သေးသေးလေးဖြစ်အောင် လှီးလိုက်ပြီး ခုဏကမွှေထားတဲ့ အစာတွေထဲ ထည့်ပါ။ ( ကြိတ်စက်ထဲထည့်ပြီး ဇီးသီး (သို့) မက်မန်းသီး ကြိတ်လည်းရပါတယ်။)

အဲဒီနောက် အားလုံးကို နှံ့စပ်အောင် မွှေလိုက်ပြီး ရေခဲသေတ္တာထဲထည့်ထားပါ။ မနက်မိုးလင်းရင် အရသာရှိပြီး ကျန်းမာတဲ့ အဲဒီမနက်စာကို စားသုံးနိုင်ပါတယ်။

ပထမ ၁ ပတ်မှာတင် ရလဒ်ကောင်းကို တွေ့မြင်ရမှာဖြစ်လို့ အမြန်ဆုံး လုပ်စားလိုက်ဖို့ အကြံပြုပါရစေနော်။