အဆီလို့ ပြောလိုက်တာနဲ့ ရှောင်ကြဖို့ အရင် ပြင်ပါလိမ့်မယ်။ ဟုတ်ပါတယ် အဆီဆိုတာ လျှော့စားရမယ့် အရာတစ်ခုပါ။ ဒါပေမယ့် လူတွေအတွက် အသုံးဝင်တဲ့ အဆီတွေလည်း ရှိပါတယ်။ ကိုယ်ခန္ဓာအတွက် ကောင်းမွန်တဲ့ ဓာတ်တွေပေးနိုင်တဲ့ အဆီတွေကိုတော့ စားပေးသင့်ပါတယ်။

အဆီတွေထဲမှာ လူနဲ့ အနီးစပ်ဆုံးနဲ့ အာဟာရအဖြစ်ဆုံး ၅မျိုးကို မျှဝေချင်ပါတယ်။

၁။ ဟင်းသီးဟင်းရွက်အဆီ

အစိမ်းရင့်ရောင် အရွက်တွေကနေ ရရှိမယ့် အဆီဖြစ်ပါတယ်။ အထူးသဖြင့် ဟင်းနုနွယ်တို့ ကိုက်လန်တို့ကနေ ရရှိတဲ့အဆီတွေဟာ အိုမီဂါ 3 ဖက်တီးအက်ဆစ်ကို ပေးပါတယ်။ ဒါကြောင့် အစိမ်းရင့်ရောင် အသီးအရွက်တွေကို များများစားပြီး လိုအပ်တဲ့ အဆီဓာတ်ကို ရယူနိုင်ပါတယ်။

၂။ ငါး

ပင်လယ်ငါးတွေကနေ အဓိက ရရှိတဲ့ အိုမီဂါ 3 ဖက်တီးအက်ဆစ်ဟာ လူတွေရဲ့ နှလုံး ကျန်းမာရေးကို အဓိက အထောက်အကူဖြစ်စေပြီး အသက်ရှည်စေနိုင်ပါတယ်။ ဂျပန်လူမျိုးတွေ ဘာကြောင့် အသက်ရှည်လဲဆိုတဲ့ သုတေသန ပြုလုပ်အပြီးမှာ တွေ့ရှိချက်ကတော့ တစ်ပတ်မှာ ၃ကြိမ် အနည်းဆုံး ငါးကို စားသုံးတာကြောင့်လို့ အဖြေထွက်ပါတယ်။ ငါးကနေ ရတဲ့ အဆီဓာတ်ဟာ ဦးနှောက်ရဲ့ လုပ်ငန်းစဉ်ကို ပံံ့ပိုးပေးတဲ့ အတွက် ဉာဏ်ကောင်းစေပြီး မေ့လျော့တာတွေ မဖြစ်စေနိုင်ပါဘူး။

၃။ သံလွင်ဆီ

သံလွင်ဆီကတော့ ဘက်စုံသုံး အဆီတစ်မျိုးလို့တောင် ပြောလို့ ရပါတယ်။ ကျန်းမာရေး အတွက် သင့်တော်ပြီး အလှအပဆိုင်ရာတွေ အတွက်လည်း မရှိမဖြစ် စားပေးသင့်ပါတယ်။

၄။ အစေ့အဆံများမှ ရတဲ့ အဆီ

သရေစာ အဖြစ် စားသုံးကြတဲ့ နေကြာစေ့၊ ဖရုံစေ့၊ နှမ်းစေ့၊ သစ်ကြားသီး၊ မြေပဲ၊ ဗာဒံ၊ သီဟိုဠ်စေ့တွေမှာ ပါတဲ့ အဆီဟာ ဘေးဥပါတ်မဖြစ်စေတဲ့ ကိုလက်စထရောတွေ ပေးစွမ်းနိုင်ပါတယ်။

၅။ ထောပတ်သီး

ထောပတ်သီးကနေ ရတဲ့ အဆီဟာ နှလုံးနဲ့ ရောင်ရမ်းနာတွေ အတွက် ကောင်းမွန်တဲ့ အဆီတစ်မျိုးပဲ ဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုး မရှိစေဘဲ အစားအစာတွေ စားပြိးတိုင်း ထောပတ်သီးစားပေးပါက အာဟာရတွေကို ကိုယ်က ကောင်းကောင်း
စုပ်ယူနိုင်ပါလိမ့်မယ်။

Credit: wemb